ကန်ပက်လက်မြို့မှာ ထောပတ်သီးစားဖွယ်ရာများ ချက်ပြုတ်ပြင်ဆင်နည်းသင်တန်းပြုလုပ်

 

ကန်ပက်လက်မြို့မှာ ထောပတ်သီးစားဖွယ်ရာများ ချက်ပြုတ်ပြင်ဆင်နည်းသင်တန်းပြုလုပ်
ကန်ပက်လက်မြို့မှာ ထောပတ်သီးစားဖွယ်ရာများ ချက်ပြုတ် ပြင်ဆင်နည်းအထူးသင်တန်းကို မတ်လ (၂၃)ရက်နေ (၂၄)ရက်ထိ Mountain Oasis ဟိုတယ်မှကျင်းပနေပါတယ်။
ဒီသင်တန်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံစားဖိုမှူးများအသင်းတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ကန်ပက်လက်မြို့ ဟိုတယ်လုပ်ငန်းပိုင်ရှင်နဲ့ခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်သူ ဦးရှိန်းဂေငိုင်းက “ထောပတ်သီးက ချင်းပြည်နယ်ရဲ့Indigenous species တော့မဟုတ်ပါဘူး။ ပထမကမ္ဘာစစ်ကာလလောက်က သာသနာပြုတွေကတဆင့်ရောက်လာပြီးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လာတာဖြစ်ပါတယ်။ အရသာအရည်အသွေးကလည်းသူများထက်သာလွန်ကောင်းမွန်တာအမှန်ပါပဲ။ အရင်တော့အိမ်ခြံမှာ တစ်ပင်နှစ်ပင်လောက်စီမိမိအိမ်သုံးအနေနဲ့စိုက်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းခဲ့တော့ ဈေးကွက်မရှိဘူး။၂၀၁၄ခုနောက်ပိုင်းလမ်းပန်းဆက်သွယ်ရေးကောင်းလာတော့စက်မှုကုန်ကြမ်းသီးနှံအကုန်ဈေးကွက်လိုက်လာတယ်။အခုတောင်သူများထောပတ်၊ကော်ဖီ၊ဝဥ၊နနွမ်းအကုန်စိုက်ပြီးစီးပွားဖြစ်လာတော့ ရွှေ့ပြောင်းတောင်ယာစနစ်လျော့ကျလာသလို သဘာဝပတ်ဝန်းကျင်တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပါတယ်။ ထောပတ်စိုက်ပျိုးခြင်ဟာ ဈေးကွက်စီးပွားရေးတခုတင်အထောက်အပံ့မဖြစ်ပါဘူး။ သစ်တောသစ်ပင်အစားထိုးတာ တောင်ပေါ်ဂေဟစနစ်မျှတစေတာကိုလည်းအကျိုးပြုပါတယ်။အခုထောပတ်သီးကိုစားဖွယ်ရာအမျိုးမျိုးပြုလုပ်စားသုံးနည်းဒေသခံတောင်သူများ၊ဟိုတယ်လုပ်ငန်းရှင်များကိုပို့ချပေးတာ အလွန်တန်ဘိုးကြီးမားလာစေပါတယ်”လို့ပြောပါတယ်။
ဒါ့ပြင် မတ်လ (၂၇)ရက်ကနေ (၂၈)ရက်ထိ မင်းတပ်မြို့ Green Land ဟိုတယ်မှာ ဒီသင်တန်းကိုဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။