ကလေးမြို့တောင်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ် ၁၈ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းဟုဆို

ကလေးမြို့တောင်ပိုင်း အရှေ့စည်းကျေးရွာ၊ သာယာကုန်းရွာအနီးနဲ့ ရေရှင်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဧပြီ ၂၇ ရက်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရမိတယ်လို့ PDF Kalay ကထုတ်ပြန်ထားပါတယ်။

ယနေ့ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် အင်အား ၁၀၀ ခန့်ဖြင့် ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာဘက်သို စစ်ကြောင်းထိုးလာခဲ့ရာ နံနက် ၈ နာရီခွဲခန့်၌ အရှေ့စည်းရွာ၏မြောက်ဘက်တွင် PDF (Kalay) ၊ CDF (KKG) ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲများ က ခုခံဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၇ နာရီအချိန်ခန့်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျှက် ရှိပါသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးပြီး ၎င်းတိုထံမှ MA 2 မောင်းပြန်သေနတ် ၁ လက်၊ ဝ.၉၅ ကာဘိုင်မောင်းပြန်သေနတ် ၂ လက်၊ ၅.၅၆ ကျည် ၈၀ တောင့်နှင့် ဝ.၉၅ ကာဘိုင်ကျည် ၂၀၀ တောင့်၊ MA 2 ကျည်အိမ် ၁ ခု၊ ဝ.၉၅ ကာဘိုင်ကျည်အိမ် ၃ ခုတိုကို သိမ်းဆည်းရမိခဲ့ပါသည်။ ပူးပေါင်းတပ်ဖွဲများဘက်မှ PDF (Kalay) တပ်ဖွဲဝင် ၂ ဦး၊ RKDF တပ်ဖွဲဝင် ၂ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

တချိန်တည်းတွင် ကလေးနည်းပညာတက္ကသိုလ်ဘက်မှ တောင်ပိုင်းဘက်သို အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများကို PDF (Kalay) တပ်ဖွဲများက မွန်းလွဲ ၁ နာရီခွဲခန့်၌ သာယာကုန်းရွာနှင့် ထောက်ကြန့်ရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၄ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ ၎င်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ကလေးနည်းပညာတက္ကသိုလ်ဘက်သို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ ပြန်လည်ဆုတ်ခွါသွားခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် နေ့လည် ၂ နာရီဝန်းကျင်ခန့်တွင်လည်း ကလေးမြိုနယ် တောင်ပိုင်း ရေရှင်ရွာဘက်သို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ လမ်းကြောင်းတလျောက်တွင် PDF (Kalay) တပ်ဖွဲများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိမှန်သေဆုံးနိုင်ကြောင်း သိရပါသည်။

Zawgyi

ကေလးၿမိဳ႕ေတာင္ပိုင္းတုိက္ပြဲမွာ စစ္ေကာင္စီတပ္ ၁၈ ဦးေသဆံုးၿပီး ေသနတ္ ၃ လက္သိမ္းဆည္းဟုဆို

ကေလးၿမိဳ႕ေတာင္ပိုင္း အေရွ႕စည္းေက်းရြာ၊ သာယာကုန္းရြာအနီးနဲ႔ ေရရွင္ေက်းရြာတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔တို႔ ယေန႔ ဧၿပီ ၂၇ ရက္တြင္ တုိက္ပြဲ ၃ ၾကိမ္ျဖစ္ပြားရာ စစ္ေကာင္စီတပ္သား ၁၈ ဦးေသဆံုးၿပီး ေသနတ္ ၃ လက္သိမ္းဆည္းရမိတယ္လုိ႔ PDF Kalay ကထုတ္ျပန္ထားပါတယ္။

ယေန႔ ဧၿပီ ၂၇ ရက္ နံနက္ပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ အင္အား ၁၀၀ ခန႔္ျဖင့္ ကေလးၿမိဳနယ္ေတာင္ပိုင္း အေရွ႕စည္း႐ြာဘက္သို စစ္ေၾကာင္းထိုးလာခဲ့ရာ နံနက္ ၈ နာရီခြဲခန႔္၌ အေရွ႕စည္း႐ြာ၏ေျမာက္ဘက္တြင္ PDF (Kalay) ၊ CDF (KKG) ၊ RKDF ႏွင့္ ပ.က.ဖ ပူးေပါင္းတပ္ဖြဲမ်ား က ခုခံျဖတ္ေတာက္တိုက္ခိုက္ခဲ့ၿပီး ညေန ၇ နာရီအခ်ိန္ခန႔္အထိ တိုက္ပြဲဆက္လက္ျပင္းထန္လွ်က္ ရွိပါသည္။

တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၁၅ ဦးခန႔္ ေသဆုံးၿပီး ၄င္းတိုထံမွ MA 2 ေမာင္းျပန္ေသနတ္ ၁ လက္၊ ၀.၉၅ ကာဘိုင္ေမာင္းျပန္ေသနတ္ ၂ လက္၊ ၅.၅၆ က်ည္ ၈၀ ေတာင့္ႏွင့္ ၀.၉၅ ကာဘိုင္က်ည္ ၂၀၀ ေတာင့္၊ MA 2 က်ည္အိမ္ ၁ ခု၊ ၀.၉၅ ကာဘိုင္က်ည္အိမ္ ၃ ခုတိုကို သိမ္းဆည္းရမိခဲ့ပါသည္။ ပူးေပါင္းတပ္ဖြဲမ်ားဘက္မွ PDF (Kalay) တပ္ဖြဲ၀င္ ၂ ဦး၊ RKDF တပ္ဖြဲ၀င္ ၂ ဦး စုစုေပါင္း ၄ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါသည္။

တခ်ိန္တည္းတြင္ ကေလးနည္းပညာတကၠသိုလ္ဘက္မွ ေတာင္ပိုင္းဘက္သို အင္အား ၃၀ ခန႔္ျဖင့္ စစ္ေၾကာင္းထိုးလာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားကို PDF (Kalay) တပ္ဖြဲမ်ားက မြန္းလြဲ ၁ နာရီခြဲခန႔္၌ သာယာကုန္း႐ြာႏွင့္ ေထာက္ၾကန႔္႐ြာအၾကားတြင္ ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး မြန္းလြဲ ၄ နာရီခန႔္အထိ တိုက္ပြဲျပင္းထန္ခဲ့ပါသည္။ ၄င္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၃ ဦး ေသဆုံးၿပီး ကေလးနည္းပညာတကၠသိုလ္ဘက္သို အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ား ျပန္လည္ဆုတ္ခြါသြားခဲ့ပါသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ ေန႔လည္ ၂ နာရီ၀န္းက်င္ခန႔္တြင္လည္း ကေလးၿမိဳနယ္ ေတာင္ပိုင္း ေရရွင္႐ြာဘက္သို အင္အား ၁၀၀ ခန႔္ျဖင့္ စစ္ေၾကာင္းထိုးလာခဲ့ရာ လမ္းေၾကာင္းတေလ်ာက္တြင္ PDF (Kalay) တပ္ဖြဲမ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့သျဖင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား အမ်ားအျပား ထိမွန္ေသဆုံးႏိုင္ေၾကာင္း သိရပါသည္။