ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် ဆိုတာဘာလဲ?

ဦးအောင်မျိုးမင်း
NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး

  • ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာဘာလဲ?
    ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ဆိုတာကတော့ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂသံအမတ်)နဲ့ သံဝန်ထမ်းတွေအပြင် နိုင်ငံက တာဝန်ပေးစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေကို တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တရားဝင်အသိအမှတ်ပြုတာကို ဆိုလိုတာပါ။
  • ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်က ဘာကြောင့်အရေးကြီးတာလဲ?
    အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသိအမှတ်ပြုခြင်းဟာ စေလွှတ်တဲ့အစိုးရကို အသိအမှတ်ပြုတဲ့သဘောမျိုးဖြစ်ပါတယ်။ စေလွှတ်တဲ့အစိုးရကို တရားဝင်အသိအမှတ်ပြုရာရောက်တဲ့အတွက် နိုင်ငံတကာမှာ တရားဝင်မှုရရှိသွားတဲ့သဘောပါ။ နောက်ပြီးတော့ အခုလိုအသိအမှတ်ပြုလိုက်တဲ့အတွက် ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေ ညီလာခံတွေမှာ တရားဝင်တက်ရောက်ခွင့်နဲ့ တရားဝင်ပြောရေးဆိုခွင့်ရရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်မဲပေးဆုံးဖြတ်ပိုင်ခွင့်လဲ ရှိလာပါတယ်။ ကုလသမဂ္ဂအတွင်း ဆွေးနွေးချမှတ်လေ့ရှိတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပါဝင်နိုင်ခွင့်ရတဲ့အခြေအနေပါ။ ဒါ့အပြင် တခြားနိုင်ငံက အစိုးရတွေနဲ့ ကုလသမဂ္ဂဌာနတွေကို တရားဝင်ဆက်သွယ်ပြောဆိုခွင့်ရလာပါတယ်။ မိမိပြောဆိုလိုတဲ့အကြောင်းအရာတွေကို တင်ပြပြောဆိုနိုင်ပြီး အပြန်အလှန်ဆွေး‌နွေးနိုင်ပါတယ်။
  • ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ကို ဘယ်လို တင်သွင်းရပါသလဲ?
    နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအ‌ဝေးမစခင်မှာ နိုင်ငံတိုင်းရဲ့ နိုင်ငံကိုယ်စားပြုခွင့်အတွက် အမည်စာရင်းတင်သွင်းဖို့ တောင်းခံတဲ့စာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကနေ နိုင်ငံအစိုးရဆီကို ပေးပို့ပါတယ်။ ဒီလိုတောင်းခံစာကို လက်ခံရရှိတဲ့အခါမှာ Letter of Credentials ဟုခေါ်တဲ့ ဖောင်မှာ နိုင်ငံအစိုးရက ခန့်အပ်လိုက်တဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ အဓိကသံရုံးဝန်ထမ်းတွေရဲ့ အမည်များဖြည့်စွတ်ပြီး နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) ထံ ပြန်ပေးပို့ရပါတ အခုလို တင်သွင်းလိုက်တဲ့အမည်စာရင်းကို ယ်။ ကော်မတီကလက်ခံလိုက်ရင် ဒီအမည်စာရင်းပါပုဂ္ဂိုလ်တွေဟာ ကုလသမဂ္ဂမှာ တနှစ်တာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလဲ အခုလိုဘဲ လုပ်ဆောင်သွားလေ့ရှိပါတယ်။
  • အထွေထွေအတွင်းရေးမှူးချုပ်ရုံးကနေ ဘယ်အချိန်မှာ စာပို့လေ့ရှိပါသလဲ?
    ကုလသမဂ္ဂအထွေထွေညီလာခံမကျင်းပမီ ပေးပို့လေ့ရှိတဲ့အတွက် ပုံမှန် စက်တင်ဘာလအတွင်း ဖြစ်ပါတယ်။
  • အစိုးရကိုယ်စားပြုမဲ့သူတွေစာရင်းကို အစိုးရဖက်ကနေ ဘယ်သူက တာဝန်ခံပေးပို့ရပါသလဲ?
    ပြန်လည်ပေးပို့လိုက်တဲ့အမည်စာရင်းဟာ ခိုင်မာမှုရှိတာကို သက်သေခံနိုင်ဖို့အတွက် တာဝန်ခံတဦးရဲ့ လက်မှတ်ရေးထိုးပေးပြီးမှ ပို့ရမှာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပေးပို့တဲ့သူဟာ နိုင်ငံခြားရေးရာဝန်ကြီး သို့မဟုတ် နိုင်ငံခေါင်းဆောင် (Head of State) သို့မဟုတ် အစိုးရခေါင်းဆောင် (Head of Government) ဖြစ်ရပါမယ်။ နိုင်ငံခြားရေးရာဝန်ကြီး၊ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရခေါင်းဆောင်တို့ထံကနေ မူရင်းလက်မှတ်ထိုးစာမရနိုင်သေးရင် နိုင်ငံခြားရေးရာဝန်ကြီးက လုပ်ပိုင်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတဦးကဖြစ်စေ၊ နိုင်ငံခေါင်းဆောင်၊ အစိုးရခေါင်းဆောင်တို့က တာဝန်ပေးအပ်ထားတဲ့ သံအမတ်ကဖြစ်စေ ကိုယ်စားလက်မှတ်ရေးထိုးပေးနိုင်ပါတယ်။
  • နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) မှာ ဘယ်သူတွေ ပါသလဲ?
    နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီဆိုတာဟာ နိုင်ငံတွေက တင်သွင်းလာတဲ့ ကိုယ်စားလှယ်စာရင်းတွေကို စစ်ဆေးကြည့်ရှူတဲ့ ကော်မတီဖြစ်သလို တင်သွင်းလာမှုနဲ့ပတ်သက်ပြီး အထွေထွေညီလာခံထံ အကြံပြုချက်တွေတင်သွင်းပေးရပါတယ်။ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီမှာ အဖွဲ့ဝင်နိုင်ငံ (၉) နိုင်ငံပါဝင်ပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံရှိပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံကတော့ ရုရှား၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပြီး ကျန်တဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံကိုတော့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းရေးရာဌာနနဲ့ ကုလသမဂ္ဂဥပဒေရေးရာဌာနရုံးတို့က နှစ်စဉ်နှစ်တိုင်း ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ အလှည့်ကျ (၆) နိုင်ငံကို ကြားနေအုပ်စုဝင်နိုင်ငံတွေက ရွေးချယ်တင်မြှောက်လေ့ရှိလို့ များသောအားဖြင့် ကျွန်းနိုင်ငံတွေနဲ့ နိုင်ငံငယ်လေးတွေ ဖြစ်တတ်ပါတယ်။ အလှည့်ကျနိုင်ငံရွေးချယ်မှုကို အထူးလျှို့ဝှက်ထားလေ့ရှိပြီး ရွေးချယ်ခံရတဲ့နိုင်ငံတွေရဲ့အမည်စာရင်းကို စက်တင်ဘာလအစည်းအဝေးမတိုင်ခင် ရက်အနည်းငယ်ကျမှသာ အထွေထွေညီလာခံဥက္ကဌထံကို ပေးလေ့ရှိပါတယ်။ အထွေထွေညီလာခံဥက္ကဌက တနှစ်အတွက်တာဝန်ပေးခံရတဲ့ကော်မတီဝင်အမည်စာရင်းကို အတည်ပြုပေးရပါတယ်။

အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ (၃) နိုင်ငံရှိပေမယ့် လုံခြုံရေးကောင်စီမှာ ပေးထားတဲ့ ဗီတိုအာဏာမရှိပါဘူး။ တခုခုနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ရင် တနိုင်ငံတမဲသာပေးရပြီး မဲအနည်း အများနဲ့ ဆုံးဖြတ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ ထူးထူးခြားခြားမရှိတဲ့ သာမန်အခြေအနေမျိုးနဲ့နိုင်ငံတွေမှာ ဒီလုပ်ငန်းစဉ်က သမရိုးကျပုံစံမျိုးပါဘဲ။ သာမန်အခြေအနေမျိုးမှာ တင်သွင်းလာတဲ့စာရင်းကို လက်ခံလေ့ရှိပေမဲ့ နိုင်ငံကိုယ်စားလှယ်စာရင်းကို တင်သွင်းတဲ့အစိုးရက တခုထက်ပိုလာရင် ဘယ်ကိုယ်စားလှယ်စာရင်းကို အသိအမှတ်ပြုလက်ခံမလဲဆိုတာ ဆုံးဖြတ်ဖို့ လိုလာပါပြီ။

  • တကယ်လို့ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီကို ကိုယ်စားလှယ်တင်သွင်းတဲ့စာရင်းက တခုထက်ပိုလာရင် ဘယ်လိုလုပ်မလဲ?
    နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီရဲ့တာဝန်ဟာ အဆိုပြုတင်သွင်းလာတဲ့အမည်စာရင်းတွေကို လေ့လာဖတ်ရှုပြီး ပြဿနာရှိ၊ မရှိ အငြင်းပွားဖွယ်ရာရှိ၊ မရှိတို့ကို ထည့်သွင်းစဉ်းစားရပါတယ်။ တင်သွင်းမှုဟာ သမာရိုးကျမဟုတ်ဘဲ နှစ်ခုဖြစ်လာတာမျိုးလို ဒါမှမဟုတ် တင်သွင်းလာမှုနဲ့ ပတ်သက်ပြီး သင့်လျော်တဲ့အရည်အချင်းရှိမရှိကို ဆန်းစစ်စရာရှိလာတာမျိုးဆိုရင်တော့ သာမန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဖို့လို့လာပါပြီ။

တကယ်လို့ တရားဝင်ကိုယ်စားပြုမှုကို တင်သွင်းလာတဲ့ကိုယ်စားလှယ်စာရင်းက တခုထက်ပိုလာပြီဆိုရင် (ဥပမာ- အာဏာသိမ်းခံရတဲ့အစိုးရနဲ့ အာဏာသိမ်းအစိုးရ၊ ရွေးကောက်ခံအစိုးရနဲ့ အာဏာသိမ်း စစ်တပ်၊ ပြည်တွင်းအစိုးရနဲ့ အဝေးရောက်အစိုးရ စသည်ဖြင့်) လုပ်ဆောင်မှုကတော့ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကော်မတီအတွင်းမှာဘဲ ဆုံးဖြတ်ချက်ချမှတ်ပြီး ဆုံးဖြတ်တာပါ။ လိုအပ်ရင် မဲခွဲဆုံးဖြတ်နိုင်ပါတယ်။

သက်ဆိုင်ရာနိုင်ငံရဲ့ကိုယ်စားပြုခွင့်နဲ့ပတ်သက်တဲ့ ကော်မတီရဲ့ဆုံးဖြတ်ချက်ကို ကော်မတီရဲ့အစီရင်ခံစာအဖြစ် အထွေထွေညီလာခံထံ ပေးပို့ပါတယ်။ အထွေထွေညီလာခံကနေ ကော်မတီကနေတင်သွင်းလာတဲ့အစီရင်ခံစာမှာပါတဲ့ဆုံးဖြတ်ချက်ကို လက်ခံ၊ မခံ ထပ်ပြီးဆွေးနွေးပါတယ်။ လက်ခံတယ်ဆိုရင် အတည်ပြုသာသက်သက်ဖြစ်ပေမဲ့ တကယ်လို့ ကော်မတီက တင်သွင်းလာခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း သဘောမတူရင်‌တော့ ပြောင်းလဲဖို့အတွက် နိုင်ငံတွေအားလုံးက မဲခွဲဆုံးဖြတ်ပါတယ်။ မဲများတဲ့ဖက်က အဆိုကို အတည်ပြုပါတယ်။

  • မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးဖြစ်လာနိုင်ပါသလဲ?
    မြန်မာနိုင်ငံအတွက် အခြေအနေအနေအထား (၃) မျိုးရှိနိုင်ပါတယ်။
    (၁) အမျိုးသားညီညွတ်ရေးအစိုးရက တင်သွင်းမှုကို လက်ခံခြင်း
    (၂) စစ်ကောင်စီဘက် မှ တင်သွင်းလာမှုကို လက်ခံခြင်း
    (၃) ဥပဒေသ ၂၉ အရ deferral of consideration ဟုခေါ်သည့် ထည့်သွင်းစဉ်းစားချက်အား ဆိုင်းငံ့ထားခြင်း၊ (အနေအထားများအားလုံးကို အချိန်အတိုင်းအတတခုအထိ သုံးသပ်မှုမျာလုပ်ဆောင်မည်ဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့်အချိန်အထိ လက်ရှိအမြဲတမ်းကိုယ်စားလှယ်ကို ဆက်လက်တာဝန်ခန့်အပ်ထားခြင်း)
  • ဒီတော့ ဘာတွေလုပ်နိုင်မလဲ?
    ဗျူဟာများကို အသေးစိတ်မရေးပြတော့ပါဘူး။
    အကြမ်းအားဖြင့်
    – အကြမ်းဖက်စစ်ကောင်စီဟာ အစိုးရမဟုတ်ကြောင်း ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ပါ။
    – အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်များဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုကျုးလွန်မှုများဖြစ်ကြောင်း သက်သေအထောက်အထားများနဲ့ စုဆောင်းပါ။ တင်ပြဖို့ပြင်ဆင်ပါ။
    – ကုလသမဂ္ဂတာဝန်ရှိသူများဖြစ်တဲ့ ၂၀၂၁ ခုနှစ် လုံခြုံရေးကောင်စီဥက္ကဌနိုင်ငံနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေ၊ အထွေထွေညီလာခံ ဥက္ကဌနိုင်ငံနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေ၊ လူ့အခွင့်အရေးကောင်စီဥက္ကဌနိုင်ငံနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေ၊ လူ့အခွင့်အ‌ရေးဆိုင်ရာမဟာမင်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိတွေဆီ သတင်းအချက်အလက်များ ပေးပို့ပြီး စစ်ကောင်စီကို အသိအမှတ်မပြုဖို့ တိုက်တွန်းပါ။
    – အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုထောက်ခံကြောင်းလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ပါ။ လက်မှတ်ရေးထိုးပေးခြင်း၊ လူထုစုဝေးပွဲများ ကျင်းပခြင်းစသည့်နည်းလမ်းအမျိုးမျိုးကို နိုင်ငံတကာတွင် လုပ်ဆောင်ပါ။
    – မိမိရောက်ရှိနေသောနိုင်ငံ၏ အကြီးအကဲများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်အောင်စီစဉ်ပြီး ကုလသမဂ္ဂတွင် အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံအောင်နှင့် အခြားနိုင်ငံများကလဲ မထောက်ခံအောင် စည်းရုံးလှုံ့ဆော်လာအောင် တောင်းဆိုပါ။
    – ထင်ရှားပြီး လူသိများသော လူပုဂ္ဂိုလ်များနဲ့ နိုင်ငံခေါင်းဆောင်ဟောင်းများအား ချဉ်းကပ်၍ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်ကျုးလွန်နေမှုများပေါ် ပြင်းထန်စွာ ရူတ်ချပြီး မြန်မာပြည်သူများအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီကာကွယ်ပေးဖို့အတွက် တိုက်တွန်းလာအောင် လုပ်ဆောင်ပါ။
    – သတင်းမီဒီယာများမှတဆင့် သတင်းစကားများပေးခြင်းနှင့် တိုက်တွန်းနိူးဆော်ခြင်းများကို လုပ်ဆောင်ပါ။

 

(Zawgyi)
 ကုလသမဂၢတြင္ ႏိုင္ငံကိုယ္စားျပဳခြင့္ ဆိုတာဘာလဲ?

ဦးေအာင္မ်ဳိးမင္း
NUG အစိုးရ၊ လူ႔အခြင့္အေရးဆိုင္ရာဝန္ၾကီး

ဦးအောင်မျိုးမင်း
NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး
  • ကုလသမဂၢတြင္ ႏိုင္ငံကိုယ္စားျပဳခြင့္ (Credential Issue) ဆိုတာဘာလဲ?
    ကုလသမဂၢတြင္ ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုတာကေတာ့ ကုလသမဂၢမွာ ႏိုင္ငံကို ကိုယ္စားျပဳၿပီး တာဝန္ထမ္းေဆာင္ဖို႔ ခန႔္အပ္ထားတဲ့ အၿမဲတမ္းကိုယ္စားလွယ္ (ကုလသမဂၢသံအမတ္)နဲ႔ သံဝန္ထမ္းေတြအျပင္ ႏိုင္ငံက တာဝန္ေပးေစလႊတ္လိုက္တဲ့ကိုယ္စားလွယ္ေတြကို တရားဝင္ကိုယ္စားလွယ္ေတြအျဖစ္ တရားဝင္အသိအမွတ္ျပဳတာကို ဆိုလိုတာပါ။
  • ကုလသမဂၢတြင္ ႏိုင္ငံကိုယ္စားျပဳခြင့္က ဘာေၾကာင့္အေရးႀကီးတာလဲ?
    အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုအသိအမွတ္ျပဳျခင္းဟာ ေစလႊတ္တဲ့အစိုးရကို အသိအမွတ္ျပဳတဲ့သေဘာမ်ိဳးျဖစ္ပါတယ္။ ေစလႊတ္တဲ့အစိုးရကို တရားဝင္အသိအမွတ္ျပဳရာေရာက္တဲ့အတြက္ ႏိုင္ငံတကာမွာ တရားဝင္မႈရရွိသြားတဲ့သေဘာပါ။ ေနာက္ၿပီးေတာ့ အခုလိုအသိအမွတ္ျပဳလိုက္တဲ့အတြက္ ခန႔္အပ္ထားတဲ့ အၿမဲတမ္းကိုယ္စားလွယ္နဲ႔ ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ကုလသမဂၢရဲ႕ အစည္းအေဝးေတြ ညီလာခံေတြမွာ တရားဝင္တက္ေရာက္ခြင့္နဲ႔ တရားဝင္ေျပာေရးဆိုခြင့္ရရွိပါတယ္။ ကုလသမဂၢဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြမွာ ပါဝင္မဲေပးဆုံးျဖတ္ပိုင္ခြင့္လဲ ရွိလာပါတယ္။ ကုလသမဂၢအတြင္း ေဆြးေႏြးခ်မွတ္ေလ့ရွိတဲ့ ဆုံးျဖတ္ခ်က္ေတြအေပၚ ပါဝင္ႏိုင္ခြင့္ရတဲ့အေျခအေနပါ။ ဒါ့အျပင္ တျခားႏိုင္ငံက အစိုးရေတြနဲ႔ ကုလသမဂၢဌာနေတြကို တရားဝင္ဆက္သြယ္ေျပာဆိုခြင့္ရလာပါတယ္။ မိမိေျပာဆိုလိုတဲ့အေၾကာင္းအရာေတြကို တင္ျပေျပာဆိုႏိုင္ၿပီး အျပန္အလွန္ေဆြး‌ေႏြးႏိုင္ပါတယ္။
  • ကုလသမဂၢတြင္ ႏိုင္ငံကိုယ္စားျပဳခြင့္ (Credential Issue) ကို ဘယ္လို တင္သြင္းရပါသလဲ?
    ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ ကုလသမဂၢအေထြေထြညီလာခံအစည္းအ‌ေဝးမစခင္မွာ ႏိုင္ငံတိုင္းရဲ႕ ႏိုင္ငံကိုယ္စားျပဳခြင့္အတြက္ အမည္စာရင္းတင္သြင္းဖို႔ ေတာင္းခံတဲ့စာကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္႐ုံးကေန ႏိုင္ငံအစိုးရဆီကို ေပးပို႔ပါတယ္။ ဒီလိုေတာင္းခံစာကို လက္ခံရရွိတဲ့အခါမွာ Letter of Credentials ဟုေခၚတဲ့ ေဖာင္မွာ ႏိုင္ငံအစိုးရက ခန႔္အပ္လိုက္တဲ့ အၿမဲတမ္းကိုယ္စားလွယ္နဲ႔ အဓိကသံ႐ုံး၀န္ထမ္းေတြရဲ႕ အမည္မ်ားျဖည့္စြတ္ၿပီး ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုင္ရာ ေကာ္မတီ (Credential Committee) ထံ ျပန္ေပးပို႔ရပါတ အခုလို တင္သြင္းလိုက္တဲ့အမည္စာရင္းကို ယ္။ ေကာ္မတီကလက္ခံလိုက္ရင္ ဒီအမည္စာရင္းပါပုဂၢိဳလ္ေတြဟာ ကုလသမဂၢမွာ တႏွစ္တာ တာဝန္ထမ္းေဆာင္ရမွာျဖစ္ပါတယ္။ ေနာက္ႏွစ္ေတြမွာလဲ အခုလိုဘဲ လုပ္ေဆာင္သြားေလ့ရွိပါတယ္။
  • အေထြေထြအတြင္းေရးမႉးခ်ဳပ္႐ုံးကေန ဘယ္အခ်ိန္မွာ စာပို႔ေလ့ရွိပါသလဲ?
    ကုလသမဂၢအေထြေထြညီလာခံမက်င္းပမီ ေပးပို႔ေလ့ရွိတဲ့အတြက္ ပုံမွန္ စက္တင္ဘာလအတြင္း ျဖစ္ပါတယ္။
  • အစိုးရကိုယ္စားျပဳမဲ့သူေတြစာရင္းကို အစိုးရဖက္ကေန ဘယ္သူက တာဝန္ခံေပးပို႔ရပါသလဲ?
    ျပန္လည္ေပးပို႔လိုက္တဲ့အမည္စာရင္းဟာ ခိုင္မာမႈရွိတာကို သက္ေသခံႏိုင္ဖို႔အတြက္ တာဝန္ခံတဦးရဲ႕ လက္မွတ္ေရးထိုးေပးၿပီးမွ ပို႔ရမွာျဖစ္ပါတယ္။ လက္မွတ္ေရးထိုးေပးပို႔တဲ့သူဟာ ႏိုင္ငံျခားေရးရာ၀န္ႀကီး သို႔မဟုတ္ ႏိုင္ငံေခါင္းေဆာင္ (Head of State) သို႔မဟုတ္ အစိုးရေခါင္းေဆာင္ (Head of Government) ျဖစ္ရပါမယ္။ ႏိုင္ငံျခားေရးရာ၀န္ႀကီး၊ ႏိုင္ငံ့ေခါင္းေဆာင္၊ အစိုးရေခါင္းေဆာင္တို႔ထံကေန မူရင္းလက္မွတ္ထိုးစာမရႏိုင္ေသးရင္ ႏိုင္ငံျခားေရးရာ၀န္ႀကီးက လုပ္ပိုင္ခြင့္ေပးထားတဲ့ တာဝန္ရွိသူတဦးကျဖစ္ေစ၊ ႏိုင္ငံေခါင္းေဆာင္၊ အစိုးရေခါင္းေဆာင္တို႔က တာ၀န္ေပးအပ္ထားတဲ့ သံအမတ္ကျဖစ္ေစ ကိုယ္စားလက္မွတ္ေရးထိုးေပးႏိုင္ပါတယ္။
  • ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုင္ရာ ေကာ္မတီ (Credential Committee) မွာ ဘယ္သူေတြ ပါသလဲ?
    ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုင္ရာေကာ္မတီဆိုတာဟာ ႏိုင္ငံေတြက တင္သြင္းလာတဲ့ ကိုယ္စားလွယ္စာရင္းေတြကို စစ္ေဆးၾကည့္ရႉတဲ့ ေကာ္မတီျဖစ္သလို တင္သြင္းလာမႈနဲ႔ပတ္သက္ၿပီး အေထြေထြညီလာခံထံ အႀကံျပဳခ်က္ေတြတင္သြင္းေပးရပါတယ္။ ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုင္ရာေကာ္မတီမွာ အဖြဲ႕ဝင္ႏိုင္ငံ (၉) ႏိုင္ငံပါဝင္ပါတယ္။ အၿမဲတမ္းအဖြဲ႕ဝင္ (၃) ႏိုင္ငံနဲ႔ အလွည့္က်အဖြဲ႕ဝင္ (၆) ႏိုင္ငံရွိပါတယ္။ အၿမဲတမ္းအဖြဲ႕ဝင္ (၃) ႏိုင္ငံကေတာ့ ႐ုရွား၊ တ႐ုတ္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ျဖစ္ၿပီး က်န္တဲ့ အလွည့္က်အဖြဲ႕ဝင္ (၆) ႏိုင္ငံကိုေတာ့ ကုလသမဂၢရဲ႕ ႏိုင္ငံေရးႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ျခင္းေရးရာဌာနနဲ႔ ကုလသမဂၢဥပေဒေရးရာဌာန႐ုံးတို႔က ႏွစ္စဥ္ႏွစ္တိုင္း ေ႐ြးခ်ယ္တင္ေျမႇာက္ေလ့ရွိပါတယ္။ အလွည့္က် (၆) ႏိုင္ငံကို ၾကားေနအုပ္စုဝင္ႏိုင္ငံေတြက ေ႐ြးခ်ယ္တင္ေျမႇာက္ေလ့ရွိလို႔ မ်ားေသာအားျဖင့္ ကြၽန္းႏိုင္ငံေတြနဲ႔ ႏိုင္ငံငယ္ေလးေတြ ျဖစ္တတ္ပါတယ္။ အလွည့္က်ႏိုင္ငံေ႐ြးခ်ယ္မႈကို အထူးလွ်ိဳ႕ဝွက္ထားေလ့ရွိၿပီး ေ႐ြးခ်ယ္ခံရတဲ့ႏိုင္ငံေတြရဲ႕အမည္စာရင္းကို စက္တင္ဘာလအစည္းအေဝးမတိုင္ခင္ ရက္အနည္းငယ္က်မွသာ အေထြေထြညီလာခံဥကၠဌထံကို ေပးေလ့ရွိပါတယ္။ အေထြေထြညီလာခံဥကၠဌက တႏွစ္အတြက္တာဝန္ေပးခံရတဲ့ေကာ္မတီဝင္အမည္စာရင္းကို အတည္ျပဳေပးရပါတယ္။

အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံ (၃) ႏိုင္ငံရွိေပမယ့္ လုံၿခဳံေရးေကာင္စီမွာ ေပးထားတဲ့ ဗီတိုအာဏာမရွိပါဘူး။ တခုခုနဲ႔ပတ္သက္လို႔ မဲခြဲဆုံးျဖတ္ရင္ တႏိုင္ငံတမဲသာေပးရၿပီး မဲအနည္း အမ်ားနဲ႔ ဆုံးျဖတ္ပါတယ္။

ႏိုင္ငံေရးအေျပာင္းအလဲ ထူးထူးျခားျခားမရွိတဲ့ သာမန္အေျခအေနမ်ိဳးနဲ႔ႏိုင္ငံေတြမွာ ဒီလုပ္ငန္းစဥ္က သမ႐ိုးက်ပုံစံမ်ိဳးပါဘဲ။ သာမန္အေျခအေနမ်ိဳးမွာ တင္သြင္းလာတဲ့စာရင္းကို လက္ခံေလ့ရွိေပမဲ့ ႏိုင္ငံကိုယ္စားလွယ္စာရင္းကို တင္သြင္းတဲ့အစိုးရက တခုထက္ပိုလာရင္ ဘယ္ကိုယ္စားလွယ္စာရင္းကို အသိအမွတ္ျပဳလက္ခံမလဲဆိုတာ ဆုံးျဖတ္ဖို႔ လိုလာပါၿပီ။

  • တကယ္လို႔ ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုင္ရာ ေကာ္မတီကို ကိုယ္စားလွယ္တင္သြင္းတဲ့စာရင္းက တခုထက္ပိုလာရင္ ဘယ္လိုလုပ္မလဲ?
    ႏိုင္ငံကိုယ္စားျပဳခြင့္ဆိုင္ရာ ေကာ္မတီရဲ႕တာဝန္ဟာ အဆိုျပဳတင္သြင္းလာတဲ့အမည္စာရင္းေတြကို ေလ့လာဖတ္ရႈၿပီး ျပႆနာရွိ၊ မရွိ အျငင္းပြားဖြယ္ရာရွိ၊ မရွိတို႔ကို ထည့္သြင္းစဥ္းစားရပါတယ္။ တင္သြင္းမႈဟာ သမာ႐ိုးက်မဟုတ္ဘဲ ႏွစ္ခုျဖစ္လာတာမ်ိဳးလို ဒါမွမဟုတ္ တင္သြင္းလာမႈနဲ႔ ပတ္သက္ၿပီး သင့္ေလ်ာ္တဲ့အရည္အခ်င္းရွိမရွိကို ဆန္းစစ္စရာရွိလာတာမ်ိဳးဆိုရင္ေတာ့ သာမန္မဟုတ္တဲ့ လုပ္ေဆာင္မႈေတြကို လုပ္ဖို႔လို႔လာပါၿပီ။

တကယ္လို႔ တရားဝင္ကိုယ္စားျပဳမႈကို တင္သြင္းလာတဲ့ကိုယ္စားလွယ္စာရင္းက တခုထက္ပိုလာၿပီဆိုရင္ (ဥပမာ- အာဏာသိမ္းခံရတဲ့အစိုးရနဲ႔ အာဏာသိမ္းအစိုးရ၊ ေ႐ြးေကာက္ခံအစိုးရနဲ႔ အာဏာသိမ္း စစ္တပ္၊ ျပည္တြင္းအစိုးရနဲ႔ အေဝးေရာက္အစိုးရ စသည္ျဖင့္) လုပ္ေဆာင္မႈကေတာ့ ႏွစ္ဆင့္ရွိပါတယ္။ ပထမအဆင့္ကေတာ့ ေကာ္မတီအတြင္းမွာဘဲ ဆုံးျဖတ္ခ်က္ခ်မွတ္ၿပီး ဆုံးျဖတ္တာပါ။ လိုအပ္ရင္ မဲခြဲဆုံးျဖတ္ႏိုင္ပါတယ္။

သက္ဆိုင္ရာႏိုင္ငံရဲ႕ကိုယ္စားျပဳခြင့္နဲ႔ပတ္သက္တဲ့ ေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္ကို ေကာ္မတီရဲ႕အစီရင္ခံစာအျဖစ္ အေထြေထြညီလာခံထံ ေပးပို႔ပါတယ္။ အေထြေထြညီလာခံကေန ေကာ္မတီကေနတင္သြင္းလာတဲ့အစီရင္ခံစာမွာပါတဲ့ဆုံးျဖတ္ခ်က္ကို လက္ခံ၊ မခံ ထပ္ၿပီးေဆြးေႏြးပါတယ္။ လက္ခံတယ္ဆိုရင္ အတည္ျပဳသာသက္သက္ျဖစ္ေပမဲ့ တကယ္လို႔ ေကာ္မတီက တင္သြင္းလာခဲ့တဲ့ဆုံးျဖတ္ခ်က္အတိုင္း သေဘာမတူရင္‌ေတာ့ ေျပာင္းလဲဖို႔အတြက္ ႏိုင္ငံေတြအားလုံးက မဲခြဲဆုံးျဖတ္ပါတယ္။ မဲမ်ားတဲ့ဖက္က အဆိုကို အတည္ျပဳပါတယ္။

  • ၿမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ဘယ္လိုအေျခအေနမ်ိဳးျဖစ္လာႏိုင္ပါသလဲ?
    ျမန္မာႏိုင္ငံအတြက္ အေျခအေနအေနအထား (၃) မ်ိဳးရွိႏိုင္ပါတယ္။
    (၁) အမ်ိဳးသားညီၫြတ္ေရးအစိုးရက တင္သြင္းမႈကို လက္ခံျခင္း
    (၂) စစ္ေကာင္စီဘက္ မွ တင္သြင္းလာမႈကို လက္ခံျခင္း
    (၃) ဥပေဒသ ၂၉ အရ deferral of consideration ဟုေခၚသည့္ ထည့္သြင္းစဥ္းစားခ်က္အား ဆိုင္းငံ့ထားျခင္း၊ (အေနအထားမ်ားအားလုံးကို အခ်ိန္အတိုင္းအတတခုအထိ သုံးသပ္မႈမ်ာလုပ္ေဆာင္မည္ျဖစ္ၿပီး ဆုံးျဖတ္ခ်က္ခ်ႏိုင္သည့္အခ်ိန္အထိ လက္ရွိအၿမဲတမ္းကိုယ္စားလွယ္ကို ဆက္လက္တာဝန္ခန႔္အပ္ထားျခင္း)
  • ဒီေတာ့ ဘာေတြလုပ္ႏိုင္မလဲ?
    ဗ်ဴဟာမ်ားကို အေသးစိတ္မေရးျပေတာ့ပါဘူး။
    အၾကမ္းအားျဖင့္
    – အၾကမ္းဖက္စစ္ေကာင္စီဟာ အစိုးရမဟုတ္ေၾကာင္း ခိုင္ခိုင္မာမာတင္ျပႏိုင္ဖို႔ ျပင္ဆင္ပါ။
    – အၾကမ္းဖက္စစ္ေကာင္စီလုပ္ရပ္မ်ားဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈနဲ႔ ႏိုင္ငံတကာရာဇဝတ္မႈက်ဳးလြန္မႈမ်ားျဖစ္ေၾကာင္း သက္ေသအေထာက္အထားမ်ားနဲ႔ စုေဆာင္းပါ။ တင္ျပဖို႔ျပင္ဆင္ပါ။
    – ကုလသမဂၢတာဝန္ရွိသူမ်ားျဖစ္တဲ့ ၂၀၂၁ ခုႏွစ္ လုံၿခဳံေရးေကာင္စီဥကၠဌႏိုင္ငံနဲ႔ အျခားအဖြဲ႕ဝင္ႏိုင္ငံေတြ၊ အေထြေထြညီလာခံ ဥကၠဌႏိုင္ငံနဲ႔ အျခားအဖြဲ႕ဝင္ႏိုင္ငံေတြ၊ လူ႔အခြင့္အေရးေကာင္စီဥကၠဌႏိုင္ငံနဲ႔ အျခားအဖြဲ႕ဝင္ႏိုင္ငံေတြ၊ လူ႔အခြင့္အ‌ေရးဆိုင္ရာမဟာမင္းႀကီး၊ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးစုံစမ္းစစ္ေဆးေရးအရာရွိေတြဆီ သတင္းအခ်က္အလက္မ်ား ေပးပို႔ၿပီး စစ္ေကာင္စီကို အသိအမွတ္မျပဳဖို႔ တိုက္တြန္းပါ။
    – အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အသိအမွတ္ျပဳေထာက္ခံေၾကာင္းလႈပ္ရွားမႈကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ပါ။ လက္မွတ္ေရးထိုးေပးျခင္း၊ လူထုစုေဝးပြဲမ်ား က်င္းပျခင္းစသည့္နည္းလမ္းအမ်ိဳးမ်ိဳးကို ႏိုင္ငံတကာတြင္ လုပ္ေဆာင္ပါ။
    – မိမိေရာက္ရွိေနေသာႏိုင္ငံ၏ အႀကီးအကဲမ်ားႏွင့္ တိုက္႐ိုက္ေတြ႕ဆုံႏိုင္ေအာင္စီစဥ္ၿပီး ကုလသမဂၢတြင္ အၾကမ္းဖက္စစ္ေကာင္စီကို မေထာက္ခံေအာင္ႏွင့္ အျခားႏိုင္ငံမ်ားကလဲ မေထာက္ခံေအာင္ စည္း႐ုံးလႈံ႕ေဆာ္လာေအာင္ ေတာင္းဆိုပါ။
    – ထင္ရွားၿပီး လူသိမ်ားေသာ လူပုဂၢိဳလ္မ်ားနဲ႔ ႏိုင္ငံေခါင္းေဆာင္ေဟာင္းမ်ားအား ခ်ဥ္းကပ္၍ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ရာဇဝတ္က်ဳးလြန္ေနမႈမ်ားေပၚ ျပင္းထန္စြာ ႐ူတ္ခ်ၿပီး ျမန္မာျပည္သူမ်ားအတြက္ ႏိုင္ငံတကာက ဝိုင္းဝန္းကူညီကာကြယ္ေပးဖို႔အတြက္ တိုက္တြန္းလာေအာင္ လုပ္ေဆာင္ပါ။
    – သတင္းမီဒီယာမ်ားမွတဆင့္ သတင္းစကားမ်ားေပးျခင္းႏွင့္ တိုက္တြန္းႏိူးေဆာ္ျခင္းမ်ားကို လုပ္ေဆာင္ပါ။

 

နောက်ဆုံးရသတင်းမျ