ကလေးမြို့မှာ တစ်ပတ် ဒေသထွက်အရက်ဖြူ သိန်း(၁၈၀)ဖိုး အမြဲရောင်းချနေ

ကလေးမြို့မှာ  ဒေသထွက်အရက်ဖြူ(ခေါ်)လိုင်မီးကို တစ်ပတ်(စနေ၊ တနင်္ဂနွေ မပါ)အတွင်း ကျပ်သိန်း(၁၈၀)ဖိုးအမြဲတမ်းရောင်းချနေရကြောင်း စစ်ကိုင်းတိုင်း SME ဌာနဒါရိုက်တာထံမှသတင်းရရှိပါတယ်။

ဒီအချက်အလက်ဟာ ကလေးစက်မှုဇုန်အတွင်း အရက်ချက်လုပ်သူများထံမှသာဖြစ်ပြီး တခြားနေရာမှာလည်း တရားမဝင်အရက်ချက်တဲ့သူများလည်းရှိပါတယ်။

“တစ်ပတ်မှာ ပုလင်း(၄၅၀၀၀)ရောင်းချနေရတယ်။ ဘယ်ကိုရောင်းလဲလို့ အရက်ချက်တဲ့သူတွေမေးတော့ ကလေးမြို့တွင်းမှာပဲတဲ့ တော်တော်သောက်အားကောင်းတယ်”လို့ စစ်ကိုင်းတိုင်း SME ဌာနဒါရိုက်တာက ၎င်းလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။