ချင်းကော်ဖီအသင်းဖွဲ့စည်းပြီး မြို့နယ်အလိုက်ကော်ဖီအသင်းဆက်လက်ဖွဲ့စည်းမယ်

ချင်းကော်ဖီအသင်းဖွဲ့စည်းပြီး မြို့နယ်အလိုက်ကော်ဖီအသင်းဆက်လက်ဖွဲ့စည်းမယ်

ချင်းပြည်နယ်ကော်ဖီအသင်း ကို ဇူလိုင် (၁၂)ရက်တွင် ဟားခါးမြို့တွင်ဖွဲ့စည်းပြီး မြို့နယ်အလိုက် ကော်ဖီအသင်းကိုဆက်လက်ဖွဲ့စည်းသွားမယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ်ကော်ဖီအသင်း ကော်မတီဝင် ၁၃ ဦးရှိပြီး အသင်းဝင် ၁၄ ဦးရှိပါတယ်။

ချင်းပြည်နယ်ကော်ဖီအသင်း ဥက္ကဌ ကိုမာဟုန်းက “ချင်းကော်ဖီအသင်းဖွဲ့ရတာက ချင်းကော်ဖီဟာ တစ်ပြည်နယ်လုံးမှာ ရှိနေတာကြောင့်ကော်ဖီစိုက်ပျိူးထုတ်လုပ်သူတွေ စုပေါင်းနိင်ရေးနဲ့ ချင်းပြည်နယ်မှာ ထွက်ရှိတဲ့ကော်ဖီ ကုန်ကြမ်းဘယ်လောက်ထွက်တယ် ဘယ်လောက်စိုက်ပျိူးထားတယ် ဆိုတဲ့ဟာတွေကောစုစည်းနိူင်မှာ ဖြစ်ပါတယ်။ ပြီးတော့စိုက်ပျိူး ထုတ်လုပ်တဲ့ နည်းပညာတွေ ကိုလည်း ခေါ်ပြီး အဆင့်မြင့်ပြီးထုတ်လုပ်လာနိူင်ရေးအတွက် သင်တန်းဆရာတွေ ကိုလည်းဖိတ်ခေါ်မှာပါ။ မြန်မာနိင်ငံက ကော်ဖီအသင်းနဲ့လည်းပူးပေါင်းပြီး ဆောင်ရွက်စရာတွေရှိပါတယ်။ အခုလက်ရှိ တစ်နိူင်တစ်ပိုင် ထုတ်လုပ်နေတဲ့မြို့နယ်အသီးသီးက သူတွေကလည်းအဆင့် မြင့်ပြီး ထုပ်လုပ်မှုတွေလုပ်လာနိူင်အောင် လည်း ဆက်လက်လုပ်ရမှာပါ။ ပထမဆုံးတော့ မြို့နယ်တိုင်းမှာ မြို့နယ်အသင်းအဖွဲ့ဖွဲ့စည်းပါမယ်” လို့ပြောပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်တွင်းမှာထွက်ရှိတဲ့ ဒေသအလိုက် ကော်ဖီ အရည်အသွေးမြည်းစမ်းတဲ့ ချင်းကော်ဖီဖိုရမ်လည်းကျင်းပဖို့ရှိပါတယ်။