စစ်ကောင်စီရဲ့ ထောက်ပံ့ငွေကို ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်း ၁၀ ဂိုဏ်းကျော်က ဓမ္မအမှုတော်ဆောင်တွေလက်ခံ

အာဏာသိမ်းစစ်ကောင်စီရဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေအတွက် ၁၈၀၀၀ ကျပ်ထောက်ပံ့ငွေပေးအပ်ပွဲကို ဖလမ်းမြို့နယ်က ခရစ်ယာန်ဂိုဏ်း ၁၀ ဂိုဏ်းကျော်က ဓမ္မအမှုတော်ဆောင် ၁၀ ပါးကျော်က ဒီနေ့ စက်တင်ဘာ ၅ ညနေ့ ၂ နာရီက ဖလမ်းမြို့နယ် ထွေအုပ်ရုံးမှာကျင်းပကြပါတယ်။

ထောက်ပံ့ပွဲအခမ်းအနားသို့တက်ရောက်တဲ့အသင်းတော်တွေကတော့ ရိုမန်ကေသိုလစ်၊ သတင်းကောင်းနှစ်ခြင်းအသင်းတော်၊ ကယ်တင်ခြင်းတပ်အသင်းတော်၊ Revival Baptist Church, Ebenezer Baptist Church, BPC (Biblical Presbyterian Church), JCC, ERC (Evangelical Methodist Church), LCC @ Ngun Cung Church, နဲ့အခြားအသင်းတော် ၃ ပါးမှဆရာတော်တွေလည်းပါဝင်ပါတယ်။

ယင်းအခမ်းအနားသို့တက်ရောက်သူ Benezer Baptist Church မှ Rev.Hrang Tho က“အစည်းအဝေးဖိတ်စာမှာ ထောက်ပံ့ငွေပေးဖို့မပါဘူး။ ကိုဗစ်ကာလဆိုတော့ ခက်ခဲတာကြောင့်သွားယူလိုက်တာပါ။ အဆိုးဘက်ကမြင်ရင်မကောင်းဘူးပေါ့။ အကောင်းဘက်ကကြည့်ရင် ကောင်းတယ်ပေါ့။ အရင်ကလည်း ကိုယ်ဝန်ဆောင်တွေထောက်ပံ့ငွေပေးတဲ့ချိန်မှာ ဘာမှမပြောဘူး။ စစ်တပ်ကိုအားပေးထောက်ခံလို့ယူတာလည်းမဟုတ်ဘူး။ ခရစ်မတ်လက်ဆောင်ယူသလိုမျိုးယူလိုက်တာ။ သူတို့ထောက်ပံ့တာက ပိုက်ဆံပဲပေးတာ။ ကျတော်တို့အသင်းတော်မှာ ဆရာတော် နှစ်ပါးပဲရှိတော့ ၂ယောက်အတွက်ပဲယူတယ်” လို့ပြောတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့နယ် တားလ်နှစ်ခြင်းအသင်းတော်ကို ၂ ကြိမ်တိုင်တိုင်ဝင်ရောက်တည်းခိုပြီး ဘုရားကျောင်းထဲက သမ္မာကျမ်းစာတွေ ပစ္စည်းတွေဖျက်ဆီးကာ ဘုရားကျောင်းကိုညစ်ပတ်စေခဲ့ပါတယ်။

အခမ်းအနားသို့တက်ရောက်တဲ့ JCC အသင်းတော် Rev. San Bahadur က“ဖိတ်စာရလို့သွားတက်လိုက်တယ်။ ကျနော်တို့အသင်းတော်မှာ ဆရာတော် ၇ ပါးရှိလို့သူတို့အတွက်လည်းကိုယ်စားယူလိုက်တယ်။ ကိုယ့်အသင်းတော်အတွက် ကိုယ်စားပဲယူတာပါ” လို့ပြောပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှပြည်နယ်အတွင်းသာသနာ့တာဝန်ထမ်းဆောင်လျှက်ရှိသည့် သာသနာ တာဝန်ထမ်းဘုန်းတော်ကြီးကျောင်းများ၊သီလရှင်များ၊ပါစတာများ၊တရားဟောဆရာများ စုစုပေါင်း (၃၄၁၃) ဦးအတွက် ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စများပြည့်စုံစေရန် တစ်ပါး/တစ်ဦးလျှင် ကျပ်- ၁၈၀၀၀ နှုန်းဖြင့်စုစုပေါင်း ကျပ်-၆၁၄၃၄၀၀/- ကိုထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဖလမ်းမြို့နယ်အတွင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း(၁၁)ကျောင်း၊သံဃာ(၄၅)ပါးအတွက် ကျပ်- ၈၁၀၀၀၀/-၊သီလရှင်ကျောင်း (၁)ကျောင်းရှိ သီလရှင် (၇)ပါးအတွက်ကျပ်- ၁၂၆၀၀၀/-၊ခရစ်ယာန်ဘာသာဘုရားကျောင်း ၃၁၇ ကျောင်းမှ ကက်သလစ် ဘုန်းကြီး၊သီလရှင်၊ပါစတာ၊သင်းအုပ်ဆရာ ( ၂၄၉ )ဦးအတွက် ကျပ်- ၄၄၈၂၀၀၀/- စုစုပေါင်း ၃၀၁ ပါး/ဦးအတွက် ကျပ်-၅၄၁၈၀၀၀/- ကို ထောက်ပံ့ပေးသွားမည်လို့ ဖလမ်းခရိုင်ပြန်ဆက်ကဖော်ပြထားပါတယ်။

ဖလမ်းမြို့နယ်မှာ အသင်းသူအသင်းသားအများဆုံးရှိတဲ့ ဖလမ်းနှစ်ခြင်းနယ်အဖွဲ့ ဓမ္မအမှုတော်ဆောင်တွေကတော့ ယင်းအခမ်းအနားသို့မတက်ရောက်ကြောင်းသိရတယ်။

(Zawgyi)

စစ္ေကာင္စီရဲ႕ ေထာက္ပံ့ေငြကို ဖလမ္းၿမိဳ႕ ခရစ္ယာန္ဂိုဏ္း ၁၀ ဂိုဏ္းေက်ာ္က ဓမၼအမႈေတာ္ေဆာင္ေတြလက္ခံ

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ေတြအတြက္ ၁၈၀၀၀ က်ပ္ေထာက္ပံ့ေငြေပးအပ္ပြဲကို ဖလမ္းၿမိဳ႕နယ္က ခရစ္ယာန္ဂိုဏ္း ၁၀ ဂိုဏ္းေက်ာ္က ဓမၼအမႈေတာ္ေဆာင္ ၁၀ ပါးေက်ာ္က ဒီေန႔ စက္တင္ဘာ ၅ ညေန႔ ၂ နာရီက ဖလမ္းၿမိဳ႕နယ္ ေထြအုပ္ရံုးမွာက်င္းပၾကပါတယ္။

ေထာက္ပံ့ပြဲအခမ္းအနားသို႔တက္ေရာက္တဲ့အသင္းေတာ္ေတြကေတာ့ ရိုမန္ေကသိုလစ္၊ သတင္းေကာင္းႏွစ္ျခင္းအသင္းေတာ္၊ ကယ္တင္ျခင္းတပ္အသင္းေတာ္၊ Revival Baptist Church, Benezer Baptist Church, BPC (Biblical Presbyterian Church), JCC, ERC (Evangelical Methodist Church), LCC @ Ngun Cung Church, နဲ႔အျခားအသင္းေတာ္ ၃ ပါးမွဆရာေတာ္ေတြလည္းပါဝင္ပါတယ္။

ယင္းအခမ္းအနားသို႔တက္ေရာက္သူ Benezer Baptist Church မွ Rev.Hrang Tho က“အစည္းအေဝးဖိတ္စာမွာ ေထာက္ပံ့ေငြေပးဖို႔မပါဘူး။ ကိုဗစ္ကာလဆိုေတာ့ ခက္ခဲတာေၾကာင့္သြားယူလုိက္တာပါ။ အဆိုးဘက္ကျမင္ရင္မေကာင္းဘူးေပါ့။ အေကာင္းဘက္ကၾကည့္ရင္ ေကာင္းတယ္ေပါ့။ အရင္ကလည္း ကိုယ္ဝန္ေဆာင္ေတြေထာက္ပံ့ေငြေပးတဲ့ခ်ိန္မွာ ဘာမွမေျပာဘူး။ စစ္တပ္ကိုအားေပးေထာက္ခံလို႔ယူတာလည္းမဟုတ္ဘူး။ ခရစ္မတ္လက္ေဆာင္ယူသလိုမ်ဳိးယူလိုက္တာ။ သူတို႔ေထာက္ပံ့တာက ပိုက္ဆံပဲေပးတာ။ က်ေတာ္တုိ႔အသင္းေတာ္မွာ ဆရာေတာ္ ႏွစ္ပါးပဲရွိေတာ့ ၂ေယာက္အတြက္ပဲယူတယ္” လို႔ေျပာတယ္။
အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ဖလမ္းၿမိဳ႕နယ္ တားလ္ႏွစ္ျခင္းအသင္းေတာ္ကို ၂ ၾကိမ္တုိင္တုိင္ဝင္ေရာက္တည္းခိုၿပီး ဘုရားေက်ာင္းထဲက သမၼာက်မ္းစာေတြ ပစၥည္းေတြဖ်က္ဆီးကာ ဘုရားေက်ာင္းကိုညစ္ပတ္ေစခဲ့ပါတယ္။

အခမ္းအနားသို႔တက္ေရာက္တဲ့ JCC အသင္းေတာ္ Rev. San Bahadur က“ဖိတ္စာရလို႔သြားတက္လိုက္တယ္။ က်ေနာ္တို႔အသင္းေတာ္မွာ ဆရာေတာ္ ၇ ပါးရွိလို႔သူတို႔အတြက္လည္းကိုယ္စားယူလိုက္တယ္။ ကိုယ့္အသင္းေတာ္အတြက္ ကိုယ္စားပဲယူတာပါ” လို႔ေျပာပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွျပည္နယ္အတြင္းသာသနာ့တာဝန္ထမ္းေဆာင္လၽွက္ရွိသည့္ သာသနာ တာဝန္ထမ္းဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊သီလရွင္မ်ား၊ပါစတာမ်ား၊တရားေဟာဆရာမ်ား စုစုေပါင္း (၃၄၁၃) ဦးအတြက္ ဆြမ္း၊ကြမ္း၊ေဝယ်ာဝစၥမ်ားျပည့္စုံေစရန္ တစ္ပါး/တစ္ဦးလၽွင္ က်ပ္- ၁၈၀၀၀ ႏွုန္းျဖင့္စုစုေပါင္း က်ပ္-၆၁၄၃၄၀၀/- ကိုေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး ဖလမ္းၿမိဳ့နယ္အတြင္း ဗုဒၶဘာသာဘုန္းေတာ္ႀကီး ေက်ာင္း(၁၁)ေက်ာင္း၊သံဃာ(၄၅)ပါးအတြက္ က်ပ္- ၈၁၀၀၀၀/-၊သီလရွင္ေက်ာင္း (၁)ေက်ာင္းရွိ သီလရွင္ (၇)ပါးအတြက္က်ပ္- ၁၂၆၀၀၀/-၊ခရစ္ယာန္ဘာသာဘုရားေက်ာင္း ၃၁၇ ေက်ာင္းမွ ကက္သလစ္ ဘုန္းႀကီး၊သီလရွင္၊ပါစတာ၊သင္းအုပ္ဆရာ ( ၂၄၉ )ဦးအတြက္ က်ပ္- ၄၄၈၂၀၀၀/- စုစုေပါင္း ၃၀၁ ပါး/ဦးအတြက္ က်ပ္-၅၄၁၈၀၀၀/- ကို ေထာက္ပံ့ေပးသြားမည္လို႔ ဖလမ္းခရိုင္ျပန္ဆက္ကေဖာ္ျပထားပါတယ္။

ဖလမ္းၿမိဳ႕နယ္မွာ အသင္းသူအသင္းသားအမ်ားဆံုးရွိတဲ့ ဖလမ္းႏွစ္ျခင္းနယ္အဖြဲ႔ ဓမၼအမႈေတာ္ေဆာင္ေတြကေတာ့ ယင္းအခမ္းအနားသို႔မတက္ေရာက္ေၾကာင္းသိရတယ္။