စစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ် ချေမှုန်းဖို့လိုတယ်

ဆလိုင်းချင်း
ပထမဆုံးပြောချင်တာကစစ်အာဏာရှင်နစ်ကြောင့်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်စေတယ်။ဒါကြောင့်အမြစ်ပြတ်တိုက်ခိုက်ဖို့လိုတယ်လို့ပြောချင်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာအမြဲတမ်းဆင်းရဲနေခဲ့တာမဟုတ်ပါဘူး။ ၁၉၆၀ခုနှစ်မှာ ကျန်တော်တို့နိုင်ငံဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ စီးပွားရေးထုထည်အရဂျပန်နိုင်ငံပြီးရင်
အာရှမှာဒုတိယအဖွဲ့ဖြိုးဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ဒါ့အပြင် အကောင်းဆုံးပညာရေးစနစ်နှင့်အကောင်းဆုံးကျန်းမာရေးစနစ်ရှိခဲ့ပြီး၊ နိုင်ငံခြားသားများရန်ကုန်တက္ကသိုလ်မှာပညာဆည်းပူးခဲ့ကြသလို ရန်ကုန်ဆေးရုံမှာလဲဆေးကုသဖို့လာရောက်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလဲအရှေ့တောင်အာရှမှာပထမဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမူးချုပ်အဆင့်ထိရောက်နိုင်ခဲ့တာဟာလဲ အင်မတန်မှကမ္ဘာ့အလည်မှာသြဇာကြီးမားခဲ့တာကိုပြသပါတယ်။
အဲဒီချိန် ၁၉၄၈ လွတ်လပ်ရေးရပြီး မကြာဘူးရောင်စုံသူပုန်တွေထကြွခဲ့တယ်၊ နိုင်ငံရေးမှာလဲ တည်မြဲ နှင့်သန့်ရှင်းဖဆပလ ဆိုပြီးနှစ်ချမ်းခွဲခဲ့တယ်။ အဲဒီလိုမတည်ငြိမ်မှုတွေဖြစ်ခဲ့ပေမဲ့လဲ နိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းမှာတစိုက်မတ်မတ်ရပ်တည်နိုင်ခဲ့သာမက ဖွဲ့ဖြိုးတိုးတက်မှုကိုပါထိန်းနိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းတဲ့ချိန် မြန်မာ့ဘဏ်မှာအရံငွေဟာအဲဒီချိန်ရဲ့ငွေတန်ဖိုးနဲ့အမေရိကန်ဒေါ်လာ ၂၂၈သန်းကျော်ရှိခဲ့တယ်လို့ ရှေ့နေဦးကိုနီကဟောပြောပွဲတခုမှာပြောခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ မတ်လ ၂ရက်နေ့ စစ်အာဏာသိမ်းတဲ့နောက် တံခါးပိတ်စီးပွားရေးဝါဒကိုကျင့်သုံးမှု၊ ပုဂ္ဂလိကပိုင်များကိုပြည်သူပိုင်သိမ်းမှု၊
ကုန်းဈေးနှုန်းမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုစတဲ့အ ကြောင်းရာတွေကြောင့်အဲဒီလောက်တိုးတက်ပြီး သြဇာအရှိန်ဝါကြီးမားတဲ့နိုင်ငံဟာစစ်တပ်အာဏာသိမ်းပြီး ၂၅နှစ်အကြာ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခြင်းခံခဲ့ပါတော့တယ်။ဆင်းရဲတဲ့နိုင်ငံသားတွေများသထက်များလာတယ်။ ကုန်ဈေးနှုန်းတွေမြင့်တက်လာတယ်။ သဘဝသယံဇာတပစ္စည်းတွေ၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့တွေ၊ သစ်တောထွက်ပစ္စည်းတွေ၊အဖိုးတန်ကျောက်မြတ်ရတာနာတွေဟာ နိုင်ငံ့ဘဏ္ဏာတွေမဖြစ်စေပဲ စစ်အာဏာရှင်များနှင့်သူတို့ရဲ့အပေါင်းပါတွေအတွက်ဖြစ်သွားစေပါတယ်။ မြန်မာနိုင်ငံရဲ့ကျောက်စိမ်းကနေတနှစ်မှာရတဲ့ငွေဟာအမေရိကန်ဒေါလာ ၃၁ဘီလျံလောက်ရှိတယ်လို့ Global witness ကဖော်ပြပါတယ်။ ဒါပေမဲ့ အစိုးရရဲ့တရားဝင်ဈေးကွက်မှာတော့ ၃၁မီလျံဘဲရရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ ကျောက်မြတ်ရတာတွေအားလုံးရဲ့ ၈၀%လောက်ဟာတရုတ်နိုင်ငံကိုတရားမဝင်ရောင်းတယ်လို့ရေးပါတယ်။ စစ်တပ်နဲ့နီးစပ်တဲ့ ကရိုနီတွေနှင့်မူးယစ်မှောင်ခိုဘုရင်တွေကလွှမ်းမိုးချုပ်ကိုင်ထားပါတယ်။
ဒါကြောင့်နိုင်ငံကိုဆင်းရဲတွင်းထဲကိုတနေ့ပြီးတနေ့နစ်မြုပ်စေပါတယ်။

ဒုတတိယအကြောင်းကြတော့တိုင်းရင်းသားများအကြားသွေးခွဲစေပါတယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမှာတိုင်းရင်းလူမျိုး၁၃၅မျိုးအဖြစ်ဖော်ပြပါတယ်။ ဗမာလူမျိုးမှာ ၉ခု၊ ကချင်မှာ ၁၂ခု၊ ကယားမှာ ၉ခု၊ ကရင်မှာ ၁၁ခု၊ ချင်းမှာ ၅၃ခု၊ မွန်မှာ ၁ခု၊ ရခိုင်မှာ ၇ခု နှင့် ရှမ်းမှာ ၃၃ခု ရှိကြောင်းဖော်ပြခဲ့ပါတယ်။

Bertil Lintner ရဲ့ဖော်ပြချက်အရ ဗြိတိသျှအစိုးရလက်ထက် ၁၉၃၁ခုနှစ် သန်းခေါင်စာရင်းမှာ တရုတ်နှင့်အိန္ဒိယနွယ်ဖွားများအပါဝင်တိုင်းရင်းသားလူမျိုး ပေါင်း ၂၀ထက်မပိုခဲ့ပါဘူး။ ၁၉၉၀ခုနှစ်ကစပြီး လူမျိုး၁၃၅ ခုရှိကြောင်းဖော်ပြခဲ့ပေမဲ့၎င်းတို့ရဲ့အမည်စာရင်းကိုမှုတိတိကျကျမဖော်ပြပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ စစ်အာဏာရှင်များကလူမျိုးအချင်းချင်းကြားကွဲပြားစေပြီး အုပ်ချုပ်လို့လွယ်အောင် divide and rule policy နှင့်အတူဗမာလူမျိုးကြီးဝါဒစိုးမိုးရေးကိုကျင့်သုံးခဲ့ပါတယ်။ လူမျိုးမဟုတ်သည့် နေထိုင်တဲ့နေရာဒေသအမည်ကို လူမျိုးအမည်အဖြစ်ဖော်ပြတာကိုလဲတွေ့ရပါတယ်။ ဥပမာ ကချင်မှာ ခခူဟာဒေသနာမည်ဖြစ်ပေမဲ့လူမျိုးနာမည်ဖြစ်စေပါတယ်။ ရှမ်းမှာ တိုင်းလုံ နှင့် ရှမ်းကြီးဟာအဓိပ္ပါယ်တူပေမဲ့လူမျိုးနှစ်မျိုးဖြစ်စေတယ်။ ချင်းမှာလဲ လူရှန်း၊ လင်းသဲ ဟာနှစ်ခါဆီပါတော့လူမျိုး၄ခုဖြစ်စေတယ်။ ပိုဆိုးတာက ချင်းဆိုတဲ့နာမည်ကိုချင်းလူမျိူးနွေစု၅၃မျိုးထဲမှာပြန်ထည့်ထားပါတယ်။နောက်မှာတော့ဖလမ်းချင်း ဟားခါးချင်းစသဖြင့်မြို့နာမည်နဲ့ခေါ်တွင်လာခြင်းဟာလဲမြို့နာမည်ဟာလူမျိုးနာမည်ဖြစ်သွားမှာစိုးရိမ်စရာဖြစ်ပါတယ်။ ဒါတွေဟာစစ်အာဏာရှင်များရဲ့လူမျိုးကြားသွေးခွဲစေတဲ့အရာတခုပါ။ လူမျိုးများလေပေါင်းစည်းဖို့ခက်စေတယ်။ ပေါင်းစည်းဖို့ခက်ရင်ဖယ်ဒရယ်ရဖို့ပိုခက်လေလေဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုရင်ဖဒရယ်ဟာပေါင်းစည်းရေးကိုအခြေခံလို့ပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလဲဘာသာရေးဝါဒဖြန့်ပြီးကွဲပြားစေပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆိုင်ရာကတိကဝတ်မပါပဲ ၂၀၀၉ ခုနှစ်ကနေနယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ်များအဖြစ် EAOs များကိုဖိအားပေးကာကူးပြောင်းစေတဲ့အပြင်အချင်းချင်းကွဲပြားတိုက်ခိုက်စေပြီး ပြသနာများဖန်တီးစေပါတယ်။ EAO တချို့အဖွဲ့တွေဟာနိုင်ငံရေးပြသနာကိုဖြေရှင်းဖို့ဆိုပြီး တပ်မတော်နဲ့အပစ်ခတ်ရပ်စဲရေးတွေ ၁၉၈၉ခုနှစ်ကနေလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်မတော်ဟာ အပစ်ခတ်ရပ်စဲတဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမလုပ်ပေးသလိုနိုင်ငံရေးအရသဘောတူညီမှုတွေလဲမရရှိခဲ့ကြပါဘူး။ ဒါတွေဟာစစ်အာဏာရှင်များရဲ့မကောင်းတဲ့ပရိယာယ်တွေ ပယောဂတွေဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ ၂၀၀၈ခြေဥအောက်က NCA လမ်းကြောင်းနှင့် အရပ်သားအစိုးရရဲ့တကယ့်အာဏာမရှိစတဲ့အကြောင်းရာတို့ဟာလဲစစ်အာဏာရှင်များကိုသက်ဆိုးရှည်စေပါတယ်။ NCA လမ်းကြောင်းဟာ ၂၀၀၈ခြေဥအောက်လမ်းကြောင်းမဟုတ်ပဲလွတ်တော်ပြင်ပြနိုင်ငံရေးလမ်းကြောင်းလို့ ကာကွယ်ပြောဆိုကြပါတယ်။ ဒါပေမဲ့ ၂၀၀၈ခြေဥကနေထွက်ပေါ်လာတဲ့လွတ်တော်နှင့်အစိုးရမှတဆင့်ပေါ်ပေါက်လာတာကြောင့်နောက်ဆုံးမှာလဲအဲဒီ ၂၀၀၈ခြေဥ အောက် ပြည်ထောင်စုလွတ်တော်မှာပဲအဆုံးအဖြတ်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ NCAကနေပြည်ထောင်စုသဘောတူစာချူပ်ကိုချုပ်ဆိုနိုင်ပြီးရင်နောက်ဆုံးအဆင့်မှာ ပြည်ထောင်စုလွတ်တော်မှာအတည်ပြုယူရမယ်လို့ NCA စာချုပ်ပုဒ်မ ၂၆ မှာပါ ပါတယ်။ ဆိုတော့ စစ်တပ်ကလွတ်တော်မှာနေရာယူထားပြန်တာကြောင့် အတည်ပြုနိုင်တဲ့အာဏာ သို့မဟုတ် ဖျက်သိမ်းနိုင်တဲ့အာဏာရှိပါတယ်။ မဖျက်သိမ်းဘူး၊ တပ်မတော်ကသဘောတူပြီးသားပဲဆိုပြီးထင်ရပေမဲ့ လက်တွေ့မှာတော့ ၂၀၀၈ ခြေဥ ပုဒ်မ၄၃၆ ကိုကျော်ဖြစ်နိုင်မလားဆိုတာကစိုးရိမ်မှုရှိပါတယ်။ ဒါတင်မကပါ အခု ၁၀နှစ်နီးပါးလောက်ကြာပေမဲ့အဓိကနိုင်ငံရေးအကြောင်းရာတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ ဖဒရယ်ဒီမိုကရေစီရေး စတဲ့အချက်တွေနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့အခြေခံမူတွေသဘောတူညီမှုမရရှိပါဘူး။ ဒါ့ကြာင့်လက်တွေ့မှာ NCAလမ်းကြောင်းဟာနှစ်ရှည်ကြာဖို့သေချာပါတယ်၊၊ ဒါ့အပြင် NCA စာချုပ်ချိုးဖောက်မှုရှိရင်လဲ အပြစ်ပေးအရေးယူနိုင်တဲ့အင်အားမရှိပါဘူး။နိုင်ငံရေးမှာတပ်မတော်ဦးဆောင်တဲ့ကာလပတ်လုံးတိုင်းရင်းသားနိုင်ငံရေးပြသနာကိုဘယ်တော့မှဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတောင်ပြိုကမ်းပြိုနဲ့ရွေးကောက်ပွဲအနိုင်ရကာ အစိုးရဖွဲ့စည်းနိုင်တဲ့ NLD က အမှန်တကယ် အာဏာရရှိမှုဟာ ၂၀၀၈ ခြေဥအရ ၃၀ရခိုင်နှုန်းပဲရှိတယ်လို့ဥပဒေအထောက်ကူပြုကွန်ယက်က ရှေ့နေဦးအောင်ထူးကပြောခဲ့ပါတယ်။ ကျန်တဲ့ အာဏာ ၇၀ရာခိုင်နှုန်းဟာ တပ်မတော်လက်ထဲမှာရှိတဲ့သဘောပါ။ လွတ်တော်၊အစိုးရနှင့်စစ်တပ်ဆိုင်ရာတရားစီရင်ရေးကိုပါတပ်မတော်ကအဓိကအချက်တွေအာဏာယူထားပါတယ်။အဲဒါတောင်မှ မကျေနပ်သေးဘူး အာဏာကို ရာခိုင်နှုန်းအပြည့် ရယူချင်လို့ အာဏာသိမ်းလိုက်ပါတယ်။ နိုင်ငံတော်ကိုသူတို့ကြိုက်တဲ့ပုံစံနဲ့အုပ်ချုပ်ချင်လို့ နိုင်ငံတော်အာဏာကို အမြဲရယူလိုမယ်ဆိုတာထင်ရှားနေပါတယ်။

စစ်အာဏာရှင်စနစ်ဟာဖယ်ဒရယ်ဒီမိုကရေစီရဲ့ အကြီးမားဆုံးအဟန့်တားဖြစ်နေပါတယ်။ ဖယ်ဒရယ်ဟာခွဲထွက်ရေးလို့အကြောင်းပြကာအာဏာသိမ်းခဲ့ပါတယ်။ ပြည်သူတွေကြားမှာလဲသွေးထိုးစေခဲ့ပါတယ်။ တကယ်တော့ဖယ်ဒရယ်ဟာခွဲထွက်ရေးမဟုတ်ပဲပေါင်းစည်းရေးဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်မှာတကြိမ်၊ ၁၉၈၈ခုနှစ် မှာတစ်ကြိမ်၊ အခု ၂၀၂၁ခုနှစ်မှာတစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင်မခိုင်လုံတဲ့အကြောင်းမျိုးမျိုးပြကာစစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်ကနိုင်ငံ့အာဏာကိုရယူတဲ့ကာလတလျှောက်ဖယ်ဒရယ်ဒီမိုကရေစီနဲ့အလှမ်းဝေးနေအုန်းမှာပါ။တိုင်းရင်းသားတွေရဲ့နိုင်ငံရေးပြသနာကိုဖြေရှင်းနိုင်မည်မဟုတ်ပါ။ စစ်ကောင်စီ တပ်မတော်ကပေးမယ်ဆိုတဲ့ ဒီမိုကရေစီနှင့်ဖယ်ဒရယ်တို့၊ အချိုးကျ PRစနစ်တို့ဟာလဲအနှစ်သာရတကယ်မရှိတဲ့အတုအယောင်တွေပဲဖြစ်ပါလိမ့်မယ်။ တပ်မတော်ဦးဆောင်မှုလုံးဝမရှိတဲ့ဒီမိုကရေစီကိုတပ်မတော်ကဘယ်တော့မှပေးမည်မဟုတ်ပါ။တပ်မတော်ကအာဏာပေးသလောက်ပဲရကြမှာပါ။ တပ်မတော်ကပေးမှအာဏာရမယ်ဆိုတဲ့အတွေးတွေဟာလဲမှားယွင်းတဲ့အယူဆတွေပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူသာအာဏာပိုင်ရှင်ဖြစ်ပါတယ် ။ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူရေးစတဲ့နိုင်ငံရေးအခွင့်ရေးတွေမရနိုင်အောင်အဓိကအဟန့်တားဟာ စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။

ဒါတွေအားလုံးအကြောင်းကြောင့်စစ်အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ရင်တိုင်းရင်းသားအားလုံးလိုလားတဲ့ဖယ်ဒရယ်ပြည်ထောင်စုကြီးရဖို့စောပါလိမ့်မယ်။ ပြည်သူအများဆုံးကထောက်ခံပေးတဲ့ CRPHနှင့် NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပြည်နယ်ကာကွယ်ရေးတပ်များ၊ CDM လှုပ်ရှားမှု၊ အထွေထွေသပိတ်၊ စစ်ကောင်စီနှင့်မပူးပေါင်းတဲ့နိုင်ငံရေးပါတီများ ၊EAOများနှင့် နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများမှအစအားလုံးကိုယ်ဆီတာဝန်ရှိကြပါတယ်။
အဲဒီထဲမှာအဓိက stakeholders တွေဟာ CRPH နှင့် NUG အစိုးရ နှင့် EAO တွေဖြစ်ပါတယ်။တကယ်လို့စစ်ကောင်စီကိုအပြတ်နိုင်ခဲ့သော်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်အစိုးရကိုဦးဆောင်မဲ့သူတွေပါ။ အဒါကြောင့်အခုကနေ နှစ်ဖက်စလုံးအဖွဲ့တွေကြားကောင်းမွန်တဲ့ဆက်ဆံရေးတွေလုပ်ဖို့လိုပါတယ်။နိုင်ငံရေးသဘောတူညီချက်တွေကိုရိုးရိုးသားသားဆွေးနွေးတိုင်ပင်မှုကနေအမြန်ဆုံးရယူနိုင်ဖို့လိုပါတယ်။ CRPH နှင့် NUG အစိုးရခေါင်းဆောင်များကအားလုံးကိုကိုယ်စားပြုနိုင်တဲ့နည်းနဲ့ချဉ်းကပ်ဖို့လိုပါတယ်။ နေရာတကာဗိုလ်ကြစိုးမိုးတဲ့ပုံစံနဲ့တော့တိုင်းရင်းသားအရေးတွေကိုလက်တွေ့မှာဖြေရှင်းနိုင်မည်မဟုတ်ပါ။

တိုင်းရင်းသားEAOတွေကလဲ ကိုယ်အဖွဲ့ရဲ့ de facto အာဏာကို ပြည်ထောင်စုစိတ်ဓာတ်အရင်းခံမယ်ဆိုရင်ကိုယ့်ရဲ့အင်အားတွေဟာပြည်ထောင်စုသားအားလုံရဲ့အကျိုးစီးပွားအတွက်ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အင်အားဟာဘယ်လောက်ပဲကြီးမားပါစေပြည်ထောင်စုစိတ်ဓာတ်မရှိရင် အမြဲတမ်းလက်နက်ကိုအဓိကအားကိုးတဲ့နိုင်ငံရေးလမ်းစဉ်နဲ့ပဲဖြစ်သွားနိုင်ကာပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် ဒေသဖွဲ့ဖြိုးရေးစတဲ့အခြေခံလိုအပ်တဲ့အရေးတွေများမှာအားနည်းသွားနိုင်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူးရေးတို့ဟာ ပြည်ထောင်စုအရေးတွေပါ။ ကိုယ်လူမျိုးအရေးပဲမဟုတ်ပါဘူး။ ပြည်ထောင်စုသားအားလုံးဆင်းရဲတွင်းထဲကလွတ်မြောက်ဖို့၊ တိုင်းရင်းသားအားလုံးတန်းတူအခွင့်ရေးရရှိဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့ စစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်တိုက်ခိုက်ဖို့ ပြည်သူအားလုံးအဆုံးထိကြိုးစားသွားကြဖို့လိုတဲ့အကြောင်းတင်ပြချင်ပါတယ်။

ကိုးကားချက်


https://www.theguardian.com/global-development/2019/feb/25/deadly-landslides-drug-addiction-myanmar-toxic-jade-trade?CMP=share_btn_tw
https://burma.irrawaddy.com/opinion/viewpoint/2017/06/16/136701.html
https://m.facebook.com/story.php?story_fbid=2150511425010167&id=158298700898126
https://www.mmpeacemonitor.org/border-guard-force-scheme
https://www.mmpeacemonitor.org/306846