ညအချိန် တီးတိန်မြို့ထဲဝင်လာတဲ့ကား ၂ စီးကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်လို့ လူ ၃ ဦးဒဏ်ရာရ

ကလေးမြို့ကနေ တွန်းဇံမြို့ကိုပြန်လာတဲ့ အိမ်စီးကား ၂ စီးဟာ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်ည ၈ နာရီနဲ့ ၉ နာရီကြားမှာ တီးတိန်မြို့ စကောလမ်းရပ်ကွက်မှာ ကင်းစခန်းချထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပစ်ခတ်လို့ကားပေါ်က လူ ၃ ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ရှေ့ဆုံးမှာသွားတဲ့ ကားရဲ့အရှေ့ခန်းမှာ လူသုံးယောက်ထိုင်ပြီး တစ်ယောက်လက်မောင်းမှာ ကျည် ၂ ကြိမ်ထိမှန်ပြီး ဒုတိယတစ်ယောက်ကတော့ ခါးမှာ ကျည်ထိမှန်ထားပါတယ်။ ညတွင်းချင်း တွန်းဇံဆေးရုံသို့သွားကာကုသကြပါတယ်။

နောက်ကားထဲက တစ်ယောက်ကရဲ့ ခြေထောက်ကို ကျည်ထိမှန်ပြီးတီးတိန်မြို့ကလူကြီးတွေအသိရှိလို့ ဖုန်းဆက်ကာ ရဲတွေနဲ့ တီးတိန်ပြည်သူ့ဆေးရုံကိုလိုက်ပါပို့ဆောင်ကြပါတယ်။

ဒီနေ့တွင်ဆရာဝန်များက ကလေးမြို့ဆေးရုံသို့ ပြန်လွှဲလိုက်တယ်လို့သတင်းရရှိထားပါတယ်။ တီးတိန်မြို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်တာ ယနေ့ထိ ပြန်လည်ရုပ်သိမ်းခြင်းမရှိသေးဘူးလို့လည်းသိရတယ်။

Zawgyi

ညအခ်ိန္ တီးတိန္ၿမိဳ႕ထဲဝင္လာတဲ့ကား ၂ စီးကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ပစ္လို႔ လူ ၃ ဦးဒဏ္ရာရ

ကေလးၿမိဳ႕ကေန တြန္းဇံၿမိဳ႕ကိုျပန္လာတဲ့ အိမ္စီးကား ၂ စီးဟာ ယမန္ေန႔ နိုဝင္ဘာ ၂၅ ရက္ည ၈ နာရီနဲ႔ ၉ နာရီၾကားမွာ တီးတိန္ၿမိဳ႕ စေကာလမ္းရပ္ကြက္မွာ ကင္းစခန္းခ်ထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက စစ္ေဆးေမးျမန္းျခင္းမရွိဘဲ ပစ္ခတ္လို႔ကားေပၚက လူ ၃ ဦးဒဏ္ရာရရွိသြားတယ္လို႔သတင္းရရွိပါတယ္။

ေရွ႕ဆုံးမွာသြားတဲ့ ကားရဲ႕အေရွ႕ခန္းမွာ လူသုံးေယာက္ထိုင္ၿပီး တစ္ေယာက္လက္ေမာင္းမွာ က်ည္ ၂ ႀကိမ္ထိမွန္ၿပီး ဒုတိယတစ္ေယာက္ကေတာ့ ခါးမွာ က်ည္ထိမွန္ထားပါတယ္။ ညတြင္းခ်င္း တြန္းဇံေဆး႐ုံသို႔သြားကာကုသၾကပါတယ္။

ေနာက္ကားထဲက တစ္ေယာက္ကရဲ့ ေျခေထာက္ကို က်ည္ထိမွန္ၿပီးတီးတိန္ၿမိဳ႕ကလူႀကီးေတြအသိရွိလို႔ ဖုန္းဆက္ကာ ရဲေတြနဲ႔ တီးတိန္ျပည္သူ႔ေဆး႐ုံကိုလိုက္ပါပို႔ေဆာင္ၾကပါတယ္။

ဒီေန႔တြင္ဆရာဝန္မ်ားက ကေလးၿမိဳ႕ေဆးရံုသို႔ ျပန္လႊဲလုိက္တယ္လုိ႔သတင္းရရွိထားပါတယ္။ တီးတိန္ၿမိဳ႕မွာ ညမထြက္ရအမိန႔္ထုတ္ျပန္တာ ယေန႔ထိ ျပန္လည္႐ုပ္သိမ္းျခင္းမရွိေသးဘူးလို႔လည္းသိရတယ္။

 

နောက်ဆုံးရသတင်းများ