တမူးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၂၅၀၀၀ ကျော်ဖမ်းဆီးရမိ

၂၀၁၉၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ မော်တော်ဆိုင်ကယ်ဖြစ်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၂၅,၇၄၀ ဖိုးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၇) တမူးက အောက်တိုဘာလ (၄)ရက်နေ့တွင်ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက်နေ့ ညနေ (၄)နာရီတွင် မူးယစ်ရဲတပ်ဖွဲ့များက သတင်းအရ သက်သေများနဲ့အတူ မြို့မရပ်ကွက် တမူး-နန့်ဖာလုံကားလမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် တမူးမြို့မှ အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ တမူးမြို့၊ စော်ဘွား(၈)ရပ်ကွက်နေ အောင်စိုး(ခ)မောင်စိုး(၄၉)နှစ် မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅၀ ပြားအား သိမ်းဆည်းရမိပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်း၏ နေအိမ်သို့ဆက်လက်ဝင်ရောက်ရှာဖွေရာ အိပ်ခန်းခုတင်အောက်ရှိ ပီနံအိတ်အတွင်းမှ စက္ကူဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၂၅၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၂၈၇ဝဝဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၅၇၄ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

(ေဇာ္ဂ်ီ)

တမူးၿမိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား က်ပ္သိန္း ၂၅၀၀၀ ေက်ာ္ဖမ္းဆီးရမိ

၂၀၁၉၊ ေအာက္တိုဘာ ၄

စစ္ကိုင္းတုိင္းေဒသၾကီး တမူးၿမိဳ႕မွ အိႏိၵယႏိုင္ငံ မိုးေရးၿမိဳ႕သို႔ ေမာ္ေတာ္ဆုိင္ကယ္ျဖစ္သယ္ေဆာင္လာတဲ့ စိတ္ၾကြရူးသြပ္ေဆးျပား က်ပ္သိန္း ၂၅,၇၄၀ ဖိုးကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု (၇) တမူးက ေအာက္တိုဘာလ (၄)ရက္ေန႔တြင္ဖမ္းဆီးရမိေၾကာင္း သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၃ ရက္ေန႔ ညေန (၄)နာရီတြင္ မူးယစ္ရဲတပ္ဖြဲ႔မ်ားက သတင္းအရ သက္ေသမ်ားနဲ႔အတူ ၿမိဳ႕မရပ္ကြက္ တမူး-နန္႔ဖာလံုကားလမ္းေပၚ၌ ေစာင့္ဆိုင္းေနစဥ္ တမူးၿမိဳ႕မွ အိႏၵိယႏိုင္ငံ မိုးေရးၿမိဳ႕သို႔ တမူးၿမိဳ႕၊ ေစာ္ဘြား(၈)ရပ္ကြက္ေန ေအာင္စိုး(ခ)ေမာင္စိုး(၄၉)ႏွစ္ ေမာင္းႏွင္လာ သည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရာ ဆိုင္ကယ္တူးေဘာက္အတြင္းမွ ပလတ္စတစ္ကပ္ခြာအိတ္ မ်ားျဖင့္ ထည့္ထားတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၇၇၅၀ ျပားအား သိမ္းဆည္းရမိပါတယ္။ စစ္ေဆးေပၚေပါက္ခ်က္အရ ၎၏ ေနအိမ္သို႔ဆက္လက္ဝင္ေရာက္ရွာေဖြရာ အိပ္ခန္းခုတင္ေအာက္ရွိ ပီနံအိတ္အတြင္းမွ စကၠဴျဖင့္ထုပ္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၁၉၉၂၅၀ ျပား၊ စုစုေပါင္းစိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၈၇ဝဝဝ ျပား (ေဒသကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၂၅၇၄ဝ သိန္း)အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါတယ္။