တိုက်ပွဲဖြစ်နိုင်ခြေရှိတာကြောင့် ယနေ့ညကစပြီး ကလေး-ဂန့်ဂေါကြား သွားလာခြင်းမပြုရန် သတိပေး
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်ပျံဝဲနေတာကြောင့် တိုက်ပွဲဖြစ်နိုင်ခြေရှိလို့ ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်ယနေ့့ စက်တင်ဘာ ၃ ရက် ညနေ ၄း၂၀ အချိန်ကစပြီး သွားလာခြင်းမပြုရန် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
၄င်းတို့ရဲ့ ထုတ်ပြန်ချက်ထဲတွင် ယနေ့တွင်လည်း စကစ ဘက် မှ ရဟတ်ယာဉ် တစ်စင်း တနေကုန် ပျံသန်းစောင့်ကြည့်မှုများ ပြုလုပ်နေပါသည်။ သို့ဖြစ်ပါ၍ မကြာမီ အချိန်ကာလတွင် တိုက်ပွဲများ ဖြစ်ပွားနိုင်ချေရှိပါသဖြင့် သတိဝီရိယ ဖြင့်သွားလာနေထိုင်ကြပါရန်နှင့် ပြင်ဆင်စရာ များကို ကြိုတင်ပြင်ဆင်ထားစေလိုပါသည်။ ကလေး-ဂန့်ဂေါ လမ်းပိုင်းအား ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ကားများ အနေဖြင့် ယခု Sep 3(4:20)PM အချိန်မှ စ၍ ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။ ယခု ကြေငြာပြီးသည့် အချိန်မှ စ၍ ဖြတ်သန်းသွားလာခြင်း များပြုလုပ်ပါက အစစ်ဆေးမရှိ သုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည် လို့ဖော်ပြထားပါတယ်။
(Zawgyi)
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်ပျံဝဲနေတာကြောင့် တိုက်ပွဲဖြစ်နိုင်ခြေရှိလို့ ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄း၂၀ အချိန်ကစပြီး သွားလာခြင်းမပြုရန် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။