တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်သူဟုယူဆသူကို မိဘကိုယ်တိုင် ရဲစခန်းသို့လာရောက်အပ်နှံ

ချင်းပြည်နယ် တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်တယ်လို့ဟုယူဆသူကို အခင်းဖြစ်ပွားပြီး ၅ ရက်အကြာတွင် မိဘကိုယ်တိုင်က ရဲစခန်းသို့လာရောက်အပ်နှံသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် သွေးသုမ်ရွာ (Tuitum)သား Hau Sian Piang မောင် ဟောင်ရှန်းပိုင် (၂၃ နှစ်)ဟာ သြဂုတ်လ (၂)ရက်နေ့တွင်ကလေးမြို့မှလမ်းကြုံကားစီးလာပြီး ည (၈)နာရီခန့်တွင် တွန်းဇံမြို့အဝင် ခေါလိုင်(Khawlai) ရပ်ကွက်တွင် ၎င်းစီးတဲ့ကားရပ်လို့ဆင်းလာပါတယ်။ အနီးရှိအိမ်တွင် မြို့ထဲတည်းခိုခန်းသို့လိုက်ပို့ပေးရန်အကူအညီတောင်းသဖြင့် အိမ်ရှင်က မ…. (၂၁ နှစ်)ကို ၎င်းဆိုင်ကယ်နဲ့လိုက်ပို့ပေးရန်ထပ်မံအကူအညီတောင်းသဖြင့် မ… (၂၁ နှစ်)က လိုက်ပို့ပေးပါတယ်။ အရက်ဆိုင်ရှေ့ရောက်တဲ့ချိန်မှာ ခဏနားက မောင်ဟောင်ရှန်းပိုင်ကအရက်ဝယ်ပြီး ၎င်းတို့ရွာနားအထိပို့ပေးရန်ပြောကာ ၎င်းကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး ရွာအနီးဓာတ်ဆီဆိုင်နားမှာဆိုင်ကယ်ကိုရပ်ကာ မ…(၂၁ နှစ်)ကိုတွန်းချပြီးအဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် မောင်ဟောင်ရှန်းပိုင်ဟာ တိမ်းရှောင်သဖြင့်ချက်ချင်းမဖမ်းမိနိုင်ပဲဖြစ်နေပါတယ်။ ဒါကြောင့် ၎င်းမိဘတွေကိုယ်တိုင်က သြဂုတ်လ (၇)ရက်နေ့တွင် မြို့နယ်ရဲစခန်းသို့လာရောက်အပ်နှံကြပါတယ်။ မုဒိမ်းမှုကျူးလွန်တယ်လို့ယူဆရတဲ့ မောင်ဟောင်ရှန်းပိုင်ကို တွန်းဇံမြို့နယ်ရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆/၅၁၁ နဲ့အမှုဖွင့်ထားပါတယ်။

တွန်းဇံမြို့နယ်ရဲစခန်းမှူးက “မုဒိမ်းမှုမမြောက်ပါဘူး။ အားထုတ်မှုဖြစ်သွားတာပါ။ ကောင်လေးက အိမ်ပြန်လိုက်ပို့ဖို့ပြောတော့ လမ်းမှာပြုကျင့်ဖို့အားထုတ်တဲ့ချိန်ကောင်မလေးအောတော့ ဘေးနားကလူတွေဝိုင်းလာလို့ ကျူးလွန်မှုမမြောက်လိုက်ဘူး” လို့ပြောပါတယ်။

ဒါပေမယ့် တွန်းဇံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှလိုက်ပါဆောင်ရွက်တဲ့ဝန်ထမ်းတစ်ဦးက “ရှက်လို့အဲ့လိုပြောမိတာဖြစ်မယ်။ ဆေးစာမှာတော့ မိန်းမအင်္ဂါမှာ ပွန်းပဲ့ဒဏ်ရာတွေရှိတယ်တဲ့” လို့ပြောပါတယ်။

ဇူလိုင် (၂၂)ရက်နေ့မှာလည်း တွန်းဇံမြို့နယ် နတ်ဇန်ရွာမှာ (၉)နှစ်အရွယ် တတိယတန်းကျောင်းသူကို အသက် (၂၇)နှစ်အရွယ်လမ်းအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

https://zalen.info/%e1%80%90%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%87%e1%80%b6%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%bb%e1%80%95%e1%80%8a/

(Zawgyi)

တြန္းဇံၿမိဳ႕တြင္ မုဒိမ္းမႈက်ဴးလြန္သူဟုယူဆသူကို မိဘကိုယ္တိုင္ ရဲစခန္းသို႔လာေရာက္အပ္ႏွံ

ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕တြင္ မုဒိမ္းမႈက်ဴးလြန္တယ္လို႔ဟုယူဆသူကို အခင္းျဖစ္ပြားၿပီး ၅ ရက္အၾကာတြင္ မိဘကိုယ္တိုင္က ရဲစခန္းသို႔လာေရာက္အပ္ႏွံသြားတယ္လို႔သတင္းရရွိပါတယ္။

ေမာင္ ေဟာင္ရွန္းပိုင္

ျဖစ္စဥ္မွာ တြန္းဇံၿမိဳ႕နယ္ ေသြးသုမ္႐ြာ (Tuitum)သား Hau Sian Piang ေမာင္ ေဟာင္ရွန္းပိုင္ (၂၃ ႏွစ္)ဟာ ၾသဂုတ္လ (၂)ရက္ေန႔တြင္ကေလးၿမိဳ႕မွလမ္းႀကဳံကားစီးလာၿပီး ည (၈)နာရီခန႔္တြင္ တြန္းဇံၿမိဳ႕အဝင္ ေခါလိုင္(Khawlai) ရပ္ကြက္တြင္ ၎စီးတဲ့ကားရပ္လို႔ဆင္းလာပါတယ္။ အနီးရွိအိမ္တြင္ ၿမိဳ႕ထဲတည္းခိုခန္းသို႔လိုက္ပို႔ေပးရန္အကူအညီေတာင္းသျဖင့္ အိမ္ရွင္က မ…. (၂၁ ႏွစ္)ကို ၎ဆိုင္ကယ္နဲ႔လိုက္ပို႔ေပးရန္ထပ္မံအကူအညီေတာင္းသျဖင့္ မ… (၂၁ ႏွစ္)က လိုက္ပို႔ေပးပါတယ္။ အရက္ဆိုင္ေရွ႕ေရာက္တဲ့ခ်ိန္မွာ ခဏနားက ေမာင္ေဟာင္ရွန္းပိုင္ကအရက္ဝယ္ၿပီး ၎တို႔႐ြာနားအထိပို႔ေပးရန္ေျပာကာ ၎ကိုယ္တိုင္ဆိုင္ကယ္ေမာင္းၿပီး ႐ြာအနီးဓာတ္ဆီဆိုင္နားမွာဆိုင္ကယ္ကိုရပ္ကာ မ…(၂၁ ႏွစ္)ကိုတြန္းခ်ၿပီးအဓမၼျပဳက်င့္ခဲ့တယ္လို႔သိရပါတယ္။ ဒါေပမယ့္ ေမာင္ေဟာင္ရွန္းပိုင္ဟာ တိမ္းေရွာင္သျဖင့္ခ်က္ခ်င္းမဖမ္းမိႏိုင္ပဲျဖစ္ေနပါတယ္။ ဒါေၾကာင့္ ၎မိဘေတြကိုယ္တိုင္က ၾသဂုတ္လ (၇)ရက္ေန႔တြင္ ၿမိဳ႕နယ္ရဲစခန္းသို႔လာေရာက္အပ္ႏွံၾကပါတယ္။ မုဒိမ္းမႈက်ဴးလြန္တယ္လို႔ယူဆရတဲ့ ေမာင္ေဟာင္ရွန္းပိုင္ကို တြန္းဇံၿမိဳ႕နယ္ရဲစခန္းက ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၆/၅၁၁ နဲ႔အမႈဖြင့္ထားပါတယ္။

တြန္းဇံၿမိဳ႕နယ္ရဲစခန္းမႉးက “မုဒိမ္းမႈမေျမာက္ပါဘူး။ အားထုတ္မႈျဖစ္သြားတာပါ။ ေကာင္ေလးက အိမ္ျပန္လိုက္ပို႔ဖို႔ေျပာေတာ့ လမ္းမွာျပဳက်င့္ဖို႔အားထုတ္တဲ့ခ်ိန္ေကာင္မေလးေအာေတာ့ ေဘးနားကလူေတြဝိုင္းလာလို႔ က်ဴးလြန္မႈမေျမာက္လိုက္ဘူး” လို႔ေျပာပါတယ္။

ဒါေပမယ့္ တြန္းဇံၿမိဳ႕နယ္ လူမႈဝန္ထမ္းဦးစီးဌာနမွလိုက္ပါေဆာင္႐ြက္တဲ့ဝန္ထမ္းတစ္ဦးက “ရွက္လို႔အဲ့လိုေျပာမိတာျဖစ္မယ္။ ေဆးစာမွာေတာ့ မိန္းမအဂၤါမွာ ပြန္းပဲ့ဒဏ္ရာေတြရွိတယ္တဲ့” လို႔ေျပာပါတယ္။

ဇူလိုင္ (၂၂)ရက္ေန႔မွာလည္း တြန္းဇံၿမိဳ႕နယ္ နတ္ဇန္႐ြာမွာ (၉)ႏွစ္အ႐ြယ္ တတိယတန္းေက်ာင္းသူကို အသက္ (၂၇)ႏွစ္အ႐ြယ္လမ္းအလုပ္သမားတစ္ဦးက အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ပါတယ္။