ဒေါ်အောင်ဆန်းစုကြည်ရဲ့ NCA (၄)နှစ်ပြည့်မိန့်ခွန်းအပေါ် သုံးသပ်ချက်

ဆလိုင်းကျဲအိုဘိတ်ထောင်
နိုင်ငံတော်အတိုင်ပင်ခံက ဒီတစ်ခေါက်သူ့မိန့်ခွန်းမှာ ထူးထူးခြားခြားဖြင့် အမျိုးသားတန်းတူရေးရဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို အာမခံချက်ရှိဖို့ အရေးကြီးကြောင်း ပြောကြားလာတယ်။ ထို့ပြင် ဖက်ဒရယ်စနစ်နဲ့ အညီ အာဏာခွဲဝေမှု၊ (သဘာဝ)သယံဇာတခွဲဝေမှုနဲ့ ပြည်နယ်များ ကိုယ်ပိုင်အခြေခံဥပဒေ ထားရှိရေးကိုလည်း ထည့်သွင်းပြောကြားပါတယ်။

အရမ်းကောင်းပါတယ်။ ဗမာခေါင်းဆောင်တစ်ဦးအနေဖြင့် အခုလို တိုင်းရင်းသားအရေးများကို လိုလားလား ပြောဆိုမှုသည် မွန်မြတ်လှပါတယ်။ သို့သော် စဉ်းစားသုံးသပ်စရာတစ်ချို့ရှိတယ်။

(၁) “သယံဇာတကို မျှတစွာခွဲဝေမယ်”ဆိုတာ NLD က ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာကတည်းက မူဝါဒထားရှိခဲ့ပြီးသားဖြစ်သာ်လည်း ယနေ့အထိ (၃)နှစ်ကျော်မှာ ဘာမှအကောင်အထည်မဖော်သေးပါ။ တိုင်းရင်းသားများက အင်ဒိုနီးရှားနိုင်ငံလို ပြည်နယ် ၇၀- ဗဟို ၃၀ အချိုးဖြင့် ရချင်တာကို အပြည့်အ၀ လက်မခံသည့်တိုင် ၄၀ ရာခိုင်နှုန်းလောက် ပြည်နယ်ကို ချက်ချင်းခွဲဝေသင့်တယ်။ ဒါအတွက် အခြေခံဥပဒေ နဲ့ဘာမှမဆိုင်ဘူး (ပြင်ဆင်စရာမလိုဘူး)။ နှုတ်ဖြင့် ပြောရမယ့်အချိန်မဟုတ်တော့ပါ၊ လက်တွေ့လုပ်ရမှာ။

(၂) ထို့အတူ အခြား တိုင်းရင်းသားအရေးတွေကိုလည်း အခြေခံဥပဒေပြင်ဆင်စရာမလိုပဲ သူ(NLD အစိုးရ)က လုပ်ပေးနိုင်တာအများကြီးရှိပါတယ် — အမှန်တကယ် တန်းတူရေး၊ ဖက်ဒရယ်အရေးလုပ်ပေးချင်ရင်တော့။ ဥပမာ – မိခင်ဘာသာစကားအခြေခံပညာသင်ကြားရေးစနစ်တို့။

(၃) ထို့ပြင် တိုင်းရင်းသားများကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များအခြေခံဥပဒေထားရှိခွင့်နဲ့ ဖက်ဒရယ် အာဏာခွဲဝေရေးတို့ဆိုတာကိုလည်း အမှန်တကယ် လက်ခံ(လိုလား)ပါက လက်ရှိအခြေခံဥပဒေပြင်ဆင်ရေးမှာ ဒါကိုထည့်ရပါမယ်။ လက်ရှိ ၄၅ ဦးကော်မတီက ခြေဥကို မျက်နှဖုံးမှ နောက်ကျောဖုံးအထိ (cover to cover) ပြင်ဆင်ရေးဆောင်ရွက်နေရာမှာ NLD တင်ပြတဲ့ အချက် ၁၄၄ မှာ တိုင်းရင်းသားအရေး ဘာမှမတွေ့ရပါလား။ တိုင်းရင်းသားတွေက အခြေခံဥပဒေအာမခံချက်လိုချင်တာပါ။

(၄) ထို့ပြင် အတိုင်ပင်ခံက “မူအားဖြင့်လက်ခံထားပြီ” ဟုသာ ပြောပါတယ်။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်ချုပ်တုန်းကလည်း အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Internal self-administration/autonomy)ဆိုတဲ့ စာချုပ်၏အပိုဒ်(၅)ကို မူအားဖြင့်သဘောတူသည်(accepted in principle)ဟုသာ ထည့်ထားခဲ့ပါတယ်။ နိုင်ငံရေးမှာ “မူအားဖြင့်ဆိုတာ”က တကယ်တော့ အပြည့်အဝလက်မခံ(သေး)တာ၊ ပြန်ညှိနှိုင်းဖို့လိုတာကို ဆိုလိုတယ်လိုပါတယ်။ တချို့ပညာရှင်များကဆိုလျှင် မူအားဖြင့်သဘောတူတယ်ဆိုတာ သဘောမတူသေးတာကိုဆိုလိုတယ်လို့တောင် အဓိပ္ပာယ်ဖွင့်ကြတယ်။

ခြုံငုံသုံးသပ်ချက်

အခုလို အတိုင်ပင်ခံပြောကြားချက်သည် ဖက်ဒရယ်တည်ဆောက်ရေးအတွက် ရှေ့ဆက်ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ သို့သော် ခရီးမိုင်အများကြီးကျန်သေးသည်ကို သတိချက်ရမယ်။ အလွန်အကျွံ ချီးကျူးမျှော်လင့်စရာမဟုတ်သေးပါ။ ဥပမာဆိုရင် တောင်အာဖရိကနိုင်ငံမှာ ပြည်နယ်များကို အခြေခံဥပဒေ ရေးဆွဲခွင့်ပြုကြတယ်။ သို့သော် အများစုက မဆွဲကြဘူး။ အကြောင်းမှာ ရေးဆွဲနေတဲ့ပြည်နယ်များကို ဗဟိုက တင်းကြပ်မှု၊ ကန့်သတ်မှတွေများလွန်းလို့ ဘာမှမထူးဘူးဆိုပြီး စိတ်ကုန်ကြလို့ပါ။ (ဗဟိုအခြေခံဥပဒေမှာ ပြည်နယ် လုပ်ပိုင်ခွင့်ကို အတိအလင်းနီးပါး ချမှတ်ပြဋ္ဌာန်းထားပြီးသားဖြစ်တာကိုး)။ ဒါကြောင့် ရေးဆွဲခွင့်ရှိတယ် ဆိုတာလောက်နဲ့လည်း မပြီးသေးဘူး။ ဘာတွေထည့်ခွင့်ပြုသလဲ ဆိုတာ ပိုညှိနှိုင်းရမယ့်ဟာ ကျန်သေးတယ်။

ဒါကြောင့် အရေးကြီးဆုံးက NLD အနေဖြင့် ဒီချိန်မှာ ရွေးကောက်ပွဲကာလမဟုတ်တော့တဲ့အတွက် နှုတ်ဖြင့် စကားလှလှ ပြောဆိုခြင်းထက် လက်တွေ့ချပြဖို့၊ လုပ်ပြဖို့အချိန်တန်ပြီ။ အခြေခံဥပဒေမှာ ဖက်ဒရယ်ရဲ့ ခြေလက်အင်္ဂါကို (nuts and bolt) ကို ဘယ်လိုထည့်မလဲ၊ ချပြရမယ်။ ဒါအရေးကြီးဆုံးပဲ။ တိုင်းရင်းသားများလိုချင်တာကို NLD က အကုန်လုံး လက်ခံ၊ ရပ်တည်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျော။ လက်ကျန်သက်တမ်း ၁နှစ်ရှိသေးတော့ စောင့်ကြည့်ဦးမှာပေါ့။ အကောင်းဆုံး လုပ်ဆောင်နိုင်ပါစေ။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NCA (၄)ႏွစ္ျပည့္မိန္႔ခြန္းအေပၚ သံုးသပ္ခ်က္

ဆလုိင္းက်ဲအိုဘိတ္ေထာင္
ႏိုင္ငံေတာ္အတိုင္ပင္ခံက ဒီတစ္ေခါက္သူ႔မိန္႔ခြန္းမွာ ထူးထူးျခားျခားျဖင့္ အမ်ိဳးသားတန္းတူေရးရဲ႕ ကိုယ္ပိုင္ျပ႒န္းခြင့္ကို အာမခံခ်က္ရိွဖို႔ အေရးႀကီးေၾကာင္း ေျပာၾကားလာတယ္။ ထို႔ျပင္ ဖက္ဒရယ္စနစ္နဲ႔ အညီ အာဏာခြဲေ၀မႈ၊ (သဘာ၀)သယံဇာတခြဲေ၀မႈနဲ႔ ျပည္နယ္မ်ား ကိုယ္ပိုင္အေျခခံဥပေဒ ထားရိွေရးကိုလည္း ထည့္သြင္းေျပာၾကားပါတယ္။

အရမ္းေကာင္းပါတယ္။ ဗမာေခါင္းေဆာင္တစ္ဦးအေနျဖင့္ အခုလို တိုင္းရင္းသားအေရးမ်ားကို လိုလားလား ေျပာဆိုမႈသည္ မြန္ျမတ္လွပါတယ္။ သို႔ေသာ္ စဥ္းစားသံုးသပ္စရာတစ္ခ်ိဳ႕ရိွတယ္။

(၁) “သယံဇာတကို မွ်တစြာခြဲေ၀မယ္”ဆိုတာ NLD က ၂၀၁၅ ေရြးေကာက္ပြဲေၾကညာစာတမ္းမွာကတည္းက မူ၀ါဒထားရိွခဲ့ၿပီးသားျဖစ္သာ္လည္း ယေန႔အထိ (၃)ႏွစ္ေက်ာ္မွာ ဘာမွအေကာင္အထည္မေဖာ္ေသးပါ။ တိုင္းရင္းသားမ်ားက အင္ဒိုနီးရွားႏိုင္ငံလို ျပည္နယ္ ၇၀- ဗဟို ၃၀ အခ်ိဳးျဖင့္ ရခ်င္တာကို အျပည့္အ၀ လက္မခံသည့္တိုင္ ၄၀ ရာခိုင္ႏႈန္းေလာက္ ျပည္နယ္ကို ခ်က္ခ်င္းခြဲေ၀သင့္တယ္။ ဒါအတြက္ အေျခခံဥပေဒ နဲ႔ဘာမွမဆိုင္ဘူး (ျပင္ဆင္စရာမလိုဘူး)။ ႏႈတ္ျဖင့္ ေျပာရမယ့္အခ်ိန္မဟုတ္ေတာ့ပါ၊ လက္ေတြ႔လုပ္ရမွာ။

(၂) ထို႔အတူ အျခား တိုင္းရင္းသားအေရးေတြကိုလည္း အေျခခံဥပေဒျပင္ဆင္စရာမလိုပဲ သူ(NLD အစိုးရ)က လုပ္ေပးႏိုင္တာအမ်ားႀကီးရိွပါတယ္ — အမွန္တကယ္ တန္းတူေရး၊ ဖက္ဒရယ္အေရးလုပ္ေပးခ်င္ရင္ေတာ့။ ဥပမာ – မိခင္ဘာသာစကားအေျခခံပညာသင္ၾကားေရးစနစ္တို႔။

(၃) ထို႔ျပင္ တိုင္းရင္းသားမ်ားကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ျပည္နယ္မ်ားအေျခခံဥပေဒထားရိွခြင့္နဲ႔ ဖက္ဒရယ္ အာဏာခြဲေ၀ေရးတို႔ဆိုတာကိုလည္း အမွန္တကယ္ လက္ခံ(လိုလား)ပါက လက္ရိွအေျခခံဥပေဒျပင္ဆင္ေရးမွာ ဒါကိုထည့္ရပါမယ္။ လက္ရွိ ၄၅ ဦးေကာ္မတီက ေျခဥကို မ်က္ႏွဖံုးမွ ေနာက္ေက်ာဖံုးအထိ (cover to cover) ျပင္ဆင္ေရးေဆာင္ရြက္ေနရာမွာ NLD တင္ျပတဲ့ အခ်က္ ၁၄၄ မွာ တိုင္းရင္းသားအေရး ဘာမွမေတြ႔ရပါလား။ တိုင္းရင္းသားေတြက အေျခခံဥပေဒအာမခံခ်က္လိုခ်င္တာပါ။

(၄) ထို႔ျပင္ အတိုင္ပင္ခံက “မူအားျဖင့္လက္ခံထားၿပီ” ဟုသာ ေျပာပါတယ္။ သူ႔အေဖ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ပင္လံုစာခ်ဳပ္ခ်ဳပ္တုန္းကလည္း အေရးႀကီးဆံုးအခ်က္ျဖစ္တဲ့ ကိုုယ္ပိုင္ျပ႒ာန္းခြင့္ (Internal self-administration/autonomy)ဆိုတဲ့ စာခ်ဳပ္၏အပိုဒ္(၅)ကို မူအားျဖင့္သေဘာတူသည္(accepted in principle)ဟုသာ ထည့္ထားခဲ့ပါတယ္။ ႏိုင္ငံေရးမွာ “မူအားျဖင့္ဆိုတာ”က တကယ္ေတာ့ အျပည့္အ၀လက္မခံ(ေသး)တာ၊ ျပန္ညိွႏိႈင္းဖို႔လိုတာကို ဆိုလိုတယ္လိုပါတယ္။ တခ်ိဳ႕ပညာရွင္မ်ားကဆိုလွ်င္ မူအားျဖင့္သေဘာတူတယ္ဆုိတာ သေဘာမတူေသးတာကိုဆိုလိုတယ္လို႔ေတာင္ အဓိပာၸယ္ဖြင့္ၾကတယ္။

ျခံဳငံုသံုးသပ္ခ်က္

အခုလို အတိုင္ပင္ခံေျပာၾကားခ်က္သည္ ဖက္ဒရယ္တည္ေဆာက္ေရးအတြက္ ေရွ႕ဆက္ေျခလွမ္းတစ္ခုျဖစ္ပါတယ္။ သို႔ေသာ္ ခရီးမိုင္အမ်ားႀကီးက်န္ေသးသည္ကို သတိခ်က္ရမယ္။ အလြန္အကၽြံ ခ်ီးက်ဴးေမွ်ာ္လင့္စရာမဟုတ္ေသးပါ။ ဥပမာဆိုရင္ ေတာင္အာဖရိကႏိုင္ငံမွာ ျပည္နယ္မ်ားကို အေျခခံဥပေဒ ေရးဆြဲခြင့္ျပဳၾကတယ္။ သို႔ေသာ္ အမ်ားစုက မဆြဲၾကဘူး။ အေၾကာင္းမွာ ေရးဆြဲေနတဲ့ျပည္နယ္မ်ားကို ဗဟိုက တင္းၾကပ္မႈ၊ ကန္႔သတ္မွေတြမ်ားလြန္းလို႔ ဘာမွမထူးဘူးဆိုၿပီး စိတ္ကုန္ၾကလို႔ပါ။ (ဗဟိုအေျခခံဥပေဒမွာ ျပည္နယ္ လုပ္ပိုင္ခြင့္ကို အတိအလင္းနီးပါး ခ်မွတ္ျပ႒ာန္းထားၿပီးသားျဖစ္တာကိုး)။ ဒါေၾကာင့္ ေရးဆြဲခြင့္ရိွတယ္ ဆိုတာေလာက္နဲ႔လည္း မၿပီးေသးဘူး။ ဘာေတြထည့္ခြင့္ျပဳသလဲ ဆိုတာ ပိုညိွႏိႈင္းရမယ့္ဟာ က်န္ေသးတယ္။

ဒါေၾကာင့္ အေရးႀကီးဆံုးက NLD အေနျဖင့္ ဒီခ်ိန္မွာ ေရြးေကာက္ပြဲကာလမဟုတ္ေတာ့တဲ့အတြက္ ႏႈတ္ျဖင့္ စကားလွလွ ေျပာဆိုျခင္းထက္ လက္ေတြ႔ခ်ျပဖို႔၊ လုပ္ျပဖို႔အခ်ိန္တန္ၿပီ။ အေျခခံဥပေဒမွာ ဖက္ဒရယ္ရဲ့ ေျခလက္အဂၤါကို (nuts and bolt) ကို ဘယ္လိုထည့္မလဲ၊ ခ်ျပရမယ္။ ဒါအေရးႀကီးဆံုးပဲ။ တိုင္းရင္းသားမ်ားလိုခ်င္တာကို NLD က အကုန္လံုး လက္ခံ၊ ရပ္တည္ေပးႏိုင္ရင္ေတာ့ အတိုင္းထက္အလြန္ေပါ့ေဗ်ာ။ လက္က်န္သက္တမ္း ၁ႏွစ္ရိွေသးေတာ့ ေစာင့္ၾကည့္ဦးမွာေပါ့။ အေကာင္းဆံုး လုပ္ေဆာင္ႏိုင္ပါေစ။

နောက်ဆုံးရသတင်း