ပလက်ဝမြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာနှင့် ကျောင်းသုံးကိရိယာများအခက်အခဲကြုံတွေ့

ပလက်ဝမြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာနှင့် ကျောင်းသုံးကိရိယာများအခက်အခဲကြုံတွေ့

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နှင့် အေအေလက်နက်ကိုင်တပ်ဖွဲ့တို့ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မီးဇာစစ်ဘေးရှောင်စခန်းနှင့် ဘဲချောင်းဝစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာနှင့် ကျောင်းသုံးကိရိယာများအခက်အခဲကြုံတွေ့နေသည်ဟု သိရပါသည်။

ဇူလိုင်လ (၁၇)ရက်မှ (၂၁) ရက်ထိ စစ်ဘေးရှောင်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ ကိုယ်တိုင်သွားရောက်ပေးအပ်သည့် ချင်းတိုင်းရင်းသားလူငယ်တွေက ဇူလိုင် ၂၃ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခြင်းဖြစ်သည်။

မီးဇာကျေးရွာသို့ ထွက်ပြေးခိုလုံသောကျေးရွာများမှာ ကုန်ပြင်ကျေးရွာမှ အိမ်ထောင်စု (၄၄) စု လူဦးရေ (၂၂၀)ဦး၊ ကင်းသလင်းကျေးရွာမှ အိမ်ထောင်စု (၂၇)အိမ်၊ လူဦးရေ (၁၁၅) ဦး၊ ပီတောင်ကျေးရွာမှ အိမ်ထောင်စု (၂၇)အိမ်၊ လူဦးရေ (၁၃၀) ဦး၊ ယင်ခိုင်ကျေးရွာမှ အိမ်ထောင်စု (၁၃)အိမ်၊ လူဦးရေး (၉၀)ဦး၊ ဆက်လှိုင်ဝကျေးရွာမှ အိမ်ထောင်စု (၁၀) အိမ်၊ လူဦးရေ (၅၃)ဦး၊ လောင်ချိုင်ကျေးရွာမှ အိမ်ခြေ (၁)အိမ်၊ လူဦးရေ (၅)ယောက်၊ သာယာကုန်းကျေးရွာမှ အိမ်ခြေ (၁)အိမ်၊ လူဦးရေ (၅)ဦး၊ စုစုပေါင်း အိမ်ခြေ (၁၂၃)အိမ်၊ စုစုပေါင်းလူဦးရေ (၆၁၈)ဦးတို့နေထိုင်ကြပါတယ်။

ချင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်-ကလေး)ကိုယ်စားသွားရောက်တဲ့ ဆလိုင်းဗန်ထောင်းထန်က “မီးဇာရွာမှာ အနီးတဝိုက်က ကျေးရွာ ၇ ရွာက ၅ နေရာမှာစခန်းချနေထိုင်ကြပါတယ်။ သိတဲ့အတိုင်း ချင်းတိုင်းရင်းသားတွေက တောင်ယာကိုလုပ်ကိုင်စားသောက်တဲ့သူတွေဖြစ်တယ်။ အခုသူတို့နေထိုင်တဲ့စခန်းရဲ့အနီးတဝိုက်အကုန်လုံးက မီးဇာရွာကတောင်ယာလုပ်နေကြတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေက တောင်ယာခုတ်ဖို့မြေမရှိဘူး။ သူတို့က စားစရာဆန်မရှိတော့ အချင်းချင်းချေးငှားပြီးတော့စားသောက်နေရတယ်။ ဟင်းကတော့ဝေးတယ်။ ထမင်းနဲ့ဆားနဲ့ပဲစားကြတယ်။ ဘာလိုလဲလို့မေးတဲ့ခါတိုင်း စားဖို့ထမင်းလို့ပဲပြောကြတယ်။ တခြားဟာတွေသူတို့မပြောဘူး၊ ဗိုက်ပြည့်ဖို့ ထမင်းပဲပြောကြတယ်။ ကျပန်းလုပ်ဖို့ကလည်း တစ်လမှာ တစ်ခါနှစ်ခါလောက်ပဲ လုပ်ဖို့ရှိတယ်။ ပင်ပင်ပန်းပန်း တစ်နေ့လုပ်လို့ရတာကလည်း လေးထောင်ပဲရတယ်။ ဆန်တစ်အိတ်က ဟိုမှာ လေးသောင်းရှိတယ်။ ကြက်သွန်နီတောင်မတွေ့ရတာအတော်ကြာပြီလို့ တချို့ရွာတွေပြောတယ်။ ကုန်ပြင်၊ ကင်းတလင်းက သီးသန့်ကျောင်းရှိတယ်။ မီးဇာကျောင်းမှာသွားတက်တဲ့ကလေးတွေဆို သူတို့သူငယ်ချင်းတွေမုန့်စားနေတဲ့ချိန်စားစရာမရှိလို့ ဒီတိုင်းပဲကြည့်နေရတဲ့အခြေအနေဖြစ်တယ်။ သူတို့ ခန္ဓာကိုယ်ကိုကြည့်ရင် သူတို့ရုပ်က အာဟာရချို့တဲ့နေတယ်ဆိုတာပေါ်လွန်နေတယ်။ အစိုးရဘက်က ပုံမှန်လှူတာမရှိဘူး၊ တခါတလေမှပဲအကူအညီပေးတယ်။ ပြီးတော့ ကမ္ဘာ့အဆင့် NGO ကလှူတာဆိုလို့ စာသင်ဖို့တဲအိမ်ထိုးပေးတာ၊ ရေပုံးလှူတာပဲတွေ့တယ်။ အဲ့ပစ္စည်းတွေကို စခန်းမှာသွားမပေးဘဲ မြို့ပေါ်မှာစခန်းကလူတွေသွားယူရတယ်။ မြို့ပေါ်ကပစ္စည်းယူဖို့လမ်းစရိတ်အတွက်တစ်အိမ်ကို ၁၅၀၀ ကောက်ကြတာ တချို့ဆိုကျေးရွာလူကြီးဆီမှာ အကြွေးတင်နေတုန်းလည်းရှိတယ်” ဟုပြောပါသည်။

မောင်နှမကျေးရွာထဲတွင် တပ်မတော်နှင့် အေအေလက်နက်ကိုင်တပ်ဖွဲ့တို့သည် ၂၀၁၉ ခုနှစ် မေလ (၂၆)ရက်က တိုက်ပွဲဖြစ်ပွားခဲ့၍ အိမ်ထောင်စု (၃၁) စု လူဦးရေ စုစုပေါင်း (၁၄၉)ဦးသည် ထွက်ပြေးတိမ်းရှောင်လာကြပါသည်။

ဟားခါးမြို့ ပလက်ဝစစ်ဘေးရှောင်ကူညီရေးကော်မတီကိုယ်စား သွားရောက်တဲ့ ဆလိုင်းတလွန်သဲက “ပုံနှိပ်စာအုပ်က ၁၀ ဘာသာထဲမှာ လေးဘာသာပဲရကြတယ်။ ကင်းတလင်းစခန်းမှာ ဆရာ တစ်ယောက်ပဲရှိတယ်။ စာကို အချိန်မှန်မှန်မသင်ကြဘူး။ ကုန်ပြင်ဆို ဆရာ ၆ ယောက်ရှိရမှာကို ၂ ယောက်ပဲရှိတယ်။ စစ်ရှောင်စခန်းမှာ ကျောင်းမရှိတဲ့ မီးဇာ အ.ထ.က ကျောင်းသွားတက်တဲ့ကလေးတွေဆိုရင် ကျောင်းသုံးကိရိယာတွေ၊ ကျောင်းဝတ်စုံတွေ မိဘတွေကမဝယ်ပေးနိုင်ဘူး။ မုန့်ဖိုးလည်းမပေးနိုင်တော့ သူငယ်ချင်းတွေမုန့်စားတဲ့ချိန် ဒီတိုင်းပဲကြည့်နေကြတာ သနားစရာအရမ်းကောင်းတယ်” ဟုပြောပါသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ် မတ်လမှစတင်ပြီး အေအေလက်နက်ကိုင်တပ်ဖွဲ့တွေ အိန္ဒိယနယ်စပ်မှ ဝင်ရောက်အခြေချလာတာကြောင့် တပ်မတော်နဲ့ စတင်တိုက်ပွဲဖြစ်ပွားရာ စစ်ဘေးရှောင်ဒုက္ခသည် လေးထောင်ကျော်ရှိလာပါသည်။

နောက်ဆုံးရသတင်းမျ