ပလက်ဝမြို့တွင် ဓာတ်ဆီပြတ်လပ်လို့ မီးပျက်တာ ၅ ရက်ရှိပြီ

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ဇွန်လ ၂၆ ရက်ကတည်းက မီးပျက်ခဲ့ပြီး ဇွန်လ ၃၀ ရက်အထိ မီးမလာသေးဘူးလို့ ဒေသခံများက ပြောပါတယ်။

ယခင်ကတော့ တစ်ရက်ခြားပြီး ပလက်ဝမြို့ကိုနှစ်ပိုင်းခွဲကာ တလှည့်စီ မီးပေးခဲ့သော်လည်း ခုတော့ တမြို့လုံးမီးမလာတာ ၅ ရက်တိတိရှိပြီဟု ဒေသခံများက ပြောပါတယ်။

မီးမလာသောကြောင့် ငွေကြေးတက်နိုင်သောသူများကဟာ ဆိုလာမီးကို အသုံးပြုကြပြီး ဆိုလာမီး မရှိသောသူများကတော့ ဖယောင်းတိုင်ကိုသာ အသုံးပြုကာ အဆင်ပြေသလို နေထိုင်ရကြောင်း ဆိုပါတယ်။

“မီးက ခုချိန်ထိ မလာသေးဘူးဆိုတာထက် ခုလည်း ဒီမှာမီးမလာဘူး။ ခါတိုင်းဆို ၆ နာရီ ခွဲလောက်ဆို မီးလာပြီ၊ ပလက်ဝမြို့ကို ၂ ခြမ်းခွဲပြီး မီးပေးခဲ့တယ်။ မြို့မဘက်ကို တစ်ညပေးရင် နောက်တညဆို ကျွန်မတို့ဘက်က တစ်ည မီးရတယ်။ ဒါပေမယ့် တမြို့လုံး မီးမရတာ ၅ ရက်ရှိပြီ”လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့တွင် ဓာတ်ဆီ ၁ ဂါလံကို ၃၀,၀၀၀ ကျပ် ကျော်အထိပေးဝယ်နေရပြီး ဓာတ်ဆီဟာ လုံးဝ ပြတ်တောက်သွားတာမျိုးမဟုတ်ပဲ ရှားပါးလာပြီး ဈေးကြီးသောကြောင့် ဝယ်ယူရတာ ခက်ခဲလာကြောင်း ဆိုပါတယ်။

ပလက်ဝမြို့တွင် ဘာကြောင့် မီးပျက်သွားသလဲဆိုတာကို တာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းအသိပေးမှုလည်း မရှိကြောင်း ဆိုပါတယ်။

Zawgyi

ပလက္ဝၿမိဳ႕တြင္ ဓာတ္ဆီျပတ္လပ္လို႔ မီးပ်က္တာ ၅ ရက္ရွိၿပီ

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕မွာ ဇြန္လ ၂၆ ရက္ကတည္းက မီးပ်က္ခဲ့ၿပီး ဇြန္လ ၃၀ ရက္အထိ မီးမလာေသးဘူးလို႔ ေဒသခံမ်ားက ေျပာပါတယ္။

ယခင္ကေတာ့ တစ္ရက္ျခားၿပီး ပလက္ဝၿမိဳ႕ကိုႏွစ္ပိုင္းခြဲကာ တလွည့္စီ မီးေပးခဲ့ေသာ္လည္း ခုေတာ့ တၿမိဳ႕လံုးမီးမလာတာ ၅ ရက္တိတိရွိၿပီဟု ေဒသခံမ်ားက ေျပာပါတယ္။

မီးမလာေသာေၾကာင့္ ေငြေၾကးတက္ႏိုင္ေသာသူမ်ားကဟာ ဆိုလာမီးကို အသုံးျပဳၾကၿပီး ဆိုလာမီး မရွိေသာသူမ်ားကေတာ့ ဖေယာင္းတိုင္ကိုသာ အသုံးျပဳကာ အဆင္ေျပသလို ေနထိုင္ရေၾကာင္း ဆိုပါတယ္။

“မီးက ခုခ်ိန္ထိ မလာေသးဘူးဆိုတာထက္ ခုလည္း ဒီမွာမီးမလာဘူး။ ခါတိုင္းဆို ၆ နာရီ ခြဲေလာက္ဆို မီးလာၿပီ၊ ပလက္ဝၿမိဳ႕ကို ၂ ျခမ္းခြဲၿပီး မီးေပးခဲ့တယ္။ ၿမိဳ႕မဘက္ကို တစ္ညေပးရင္ ေနာက္တညဆို ကြၽန္မတို႔ဘက္က တစ္ည မီးရတယ္။ ဒါေပမယ့္ တၿမိဳ႕လံုး မီးမရတာ ၅ ရက္ရွိၿပီ”လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

ပလက္ဝၿမိဳ႕တြင္ ဓာတ္ဆီ ၁ ဂါလံကို ၃၀,၀၀၀ က်ပ္ ေက်ာ္အထိေပးဝယ္ေနရၿပီး ဓာတ္ဆီဟာ လုံးဝ ျပတ္ေတာက္သြားတာမ်ိဳးမဟုတ္ပဲ ရွားပါးလာၿပီး ေစ်းႀကီးေသာေၾကာင့္ ဝယ္ယူရတာ ခက္ခဲလာေၾကာင္း ဆိုပါတယ္။

ပလက္ဝၿမိဳ႕တြင္ ဘာေၾကာင့္ မီးပ်က္သြားသလဲဆိုတာကို တာဝန္ရွိသူမ်ားက တစ္စုံတစ္ရာ ေျဖရွင္းအသိေပးမႈလည္း မရွိေၾကာင္း ဆိုပါတယ္။