ဖလမ်းမြို့တွင် ၂ ရက်ဆက်တိုက် ကိုဗစ်ပိုးတွေ့လူနာသစ်မရှိ

ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်တွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာသစ်မတွေ့ရှိဘူးလို့ သတင်းရရှိပါတယ်။

လက်ရှိ ဆေးရုံတွင် ကိုဗစ်ရောဂါသည်ကုသဆဲလူနာ ၄၆ ယောက်ရှိပြီး အနည်းစုကတော့ မိမိနေအိမ်မှာ ဆေးကုသမှုခံယူနေကြပါတယ်။

ဖလမ်းမြို့တွင် နေ့စဉ်ဆိုသလို ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁ ယောက်နှုန်းနဲ့ရှိပြီး ခုချိန်ထိ သေဆုံးသူစုစုပေါင်း ၃၈ ဦးရှိပါတယ်။ ချင်းပြည်နယ်အတွင်းမှာတော့ ကိုဗစ်ကြောင့် သေဆုံးမှုအများဆုံးမြို့ဖြစ်ပါတယ်။

အရင်ကတော့ ချင်းပြည်နယ်မြောက်ပိုင်းမှာပဲ ကိုဗစ်ပိုးတွေ့ရှိပေမယ့် ခုချိန်မှာတော့ ချင်းပြည်နယ် တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေမှာလည်း ကိုဗစ်လူနာသစ် စတင်တွေ့ရှိနေပါပြီ။

(Zawgyi)
ဖလမ္းၿမိဳ႕တြင္ ၂ ရက္ဆက္တုိက္ ကိုဗစ္ပိုးေတြ႔လူနာသစ္မရွိ

ဖလမ္းၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ဇူလုိင္ ၂၁ ရက္နဲ႔ ၂၂ ရက္တြင္ ကိုဗစ္ေရာဂါ ပိုးေတြ႔လူနာသစ္မေတြ႔ရွိဘူးလို႔ သတင္းရရွိပါတယ္။

လက္ရွိ ေဆးရံုတြင္ ကိုဗစ္ေရာဂါသည္ကုသဆဲလူနာ ၄၆ ေယာက္ရွိၿပီး အနည္းစုကေတာ့ မိမိေနအိမ္မွာ ေဆးကုသမႈခံယူေနၾကပါတယ္။

ဖလမ္းၿမိဳ႕တြင္ ေန႔စဥ္ဆိုသလို ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူ ၁ ေယာက္ႏႈန္းနဲ႔ရွိၿပီး ခုခ်ိန္ထိ ေသဆံုးသူစုစုေပါင္း ၃၈ ဦးရွိပါတယ္။ ခ်င္းျပည္နယ္အတြင္းမွာေတာ့ ကိုဗစ္ေၾကာင့္ ေသဆံုးမႈအမ်ားဆံုးၿမိဳ႕ျဖစ္ပါတယ္။

အရင္ကေတာ့ ခ်င္းျပည္နယ္ေျမာက္ပိုင္းမွာပဲ ကိုဗစ္ပိုးေတြ႔ရွိေပမယ့္ ခုခ်ိန္မွာေတာ့ ခ်င္းျပည္နယ္ ေတာင္ပိုင္း မတူပီ၊ မင္းတပ္၊ ကန္ပက္လက္ၿမိဳ႕ေတြမွာလည္း ကိုဗစ္လူနာသစ္ စတင္ေတြ႔ရွိေနပါၿပီ။