မင်းတပ်မြို့ကို ရေဖြတ်ထားတယ်လို့သိရ

မင်းတပ်မြို့ပြည်သူတွေ သောက်သုံးနေတဲ့ ရေပိုက်လိုင်းကို မနေ့ (မေ ၁၇) ညကစပြီး ရေမလာတော့ဘူးလို့ သတင်းရရှိပါတယ်။

တောင်ပေါ်မြို့တွေဟာ စည်ပင်ကသွယ်တန်းတဲ့ ရေပိုက်လိုင်းကနေ ရေအသုံးပြုကြပါတယ်။ မြို့ပေါ်သွားရေးလာရေးအဆင်မပြေတာကြောင့် ချောင်းတွင် ဆိုင်ကယ်နဲ့ရေခပ်ဖို့ဆိုတာလည်း အသက်နဲ့ရင်းနေရတဲ့အခြေအနေဖြစ်ပါတယ်။

လက်ရှိ မင်းတပ်မြို့နဲ့ အနီးတဝိုက်ကနေ ဘေးလွတ်ရာသို့ရှောင်တိမ်းသူ (၅၀၀)ခန့်ရှိပြီး အများစုက မြို့ထဲမှာရှိကြပါတယ်။