မင်းတပ်မြို့နယ်မှာတိုက်ပွဲပြန်လည်ဖြစ်ပွား

မင်းတပ်မြိုနယ်တွင် CDF Mindat နဲ့ အကြမ်းဖက် စကစတပ်ကြားမှာ ဒီမနက် (ဇူလိုင် ၂၁) ၇:၃၀ အချိန်ကစပြီး စတင်ပစ်ခတ်ကြတယ်လို ကနဦးသတင်းရရှိပါတယ်။

ဇူလိုင်လ ၁၉ ရက်ကစပြီး မကွေးဘက်နဲ့ မတူပီဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ မင်းတပ်ဘက်သို အကြမ်းဖက်တပ် အင်အား ၁၅၀ ကျော် ပြောင်းရွေ့လာကြပါတယ်။

ဧပြီနဲ့ မေလကြား မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF Mindat ကြားတိုက်ပွဲကြောင်း စကစတပ် ၂၀၀ ကျော်သေဆုံးပြီး ပြည်သူ့တပ်ဘက်က ၂၄ ယောက်ကျဆုံးတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၉ ရက်ကထုတ်ပြန်ထားပါတယ်။