မီဇိုးကျောင်းသားအသင်းရဲ့ Zofest ပွဲမှာ ချင်းလူငယ်(၉)ယောက် သွားရောက်

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ရှိ မီဇိုးတက္ကသိုလ်ကျောင်းသားများအသင်း(Mizo Zirlai Pawl)ရဲ့ (၁၆)ကြိမ်မြောက် Zofest ပွဲသို့တက်ရောက်ရန် ချင်းလူငယ်(၉)ယောက် ဒီမနက် ထန်တလန်ကနေ သွားရောက်ကြပါတယ်။

ဒီပွဲကို မီဇိုးရမ်ပြည်နယ် Reiek ရွာမှာ ဒီဇင်ဘာ(၄)ရက်ကနေ (၇)ရက်ထိကျင်းပမှာဖြစ်ပါတယ်။ ချင်းလူငယ်များအဖွဲ့ကနေ (၄)ဦး နဲ့ ချင်းကျောင်းသားသမဂ္ဂမှ ကျောင်းသား(၅)ဦးသွားရောက်ကြပါတယ်။