မီးလောင်သွားတဲ့ တုန်းဇန်ရွာကျောင်းကို ကိုစိုးထိုက်(ဖဒို)တို့အဖွဲ့ကသိန်း ၂၀၀ ခန့်မတည်ပြီး တည်ဆောက်လှူဒါန်းမယ်

၂၀၁၉၊ နိုဝင်ဘာလ (၁၇)
တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းဟာ အရင်လက မီးလောင်သွားလို့ကျောင်းသူ၊သားတွေ စာသင်ကြားရန်အခက်အခဲကြုံတွေ့နေတာကြောင့် ကိုစိုးထိုက်(ဖဒို)နဲ့ မိတ်ဘက်ပရဟိတအဖွဲ့တွေက သိန်း ၂၀၀ ခန့်မတည်ပြီး မကြာခင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းသွားမယ်လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် ဒီနေ့ဖော်ပြထားတာတွေ့ရပါတယ်။

အောက်တိုဘာလ (၁၁)ရက် ညက တုန်းဇန် အ.ထ.က(ခွဲ)ကျောင်းဆောင် ၂ ဆောင်၊ ဝန်ထမ်းအိမ်ရာ(၅)လုံးနဲ့ လူနေအိမ်တစ်လုံးမီးလောင်ပျက်ဆီးသွားပါတယ်။

ကိုစိုးထိုက်(ဖဒို)တို့က ပေ ၃၀ x ပေ ၉၀ (Steel Structure) ကျောင်းဆောင်တစ်ဆောင်ကို သိန်း ၇၀၀ နဲ့ ဒေသခံတွေရဲ့ လုပ်အားပူးပေါင်းပြီး တည်ဆောက်ဖို့ရည်ရွယ်ထားကြပါတယ်။

ကိုစိုးထိုက်(ဖဒို)က ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် “ကျွန်တော်တို့ ဒေသခံတွေရဲ့ အားကို ယူတယ်။ဒေသလူကြီး ၊ ကျောင်းအုပ်ကြီး ၊သင်းအုပ်ဆရာတွေ ၊ ရပ်မိရပ်ဖတွေနဲ့ကျွန်တော်တို့ သေသေချာချာ ကော်မတီဖွဲ့တယ်။တာဝန်တွေကို စီမံခန့်ခွဲပေးတယ်။ဒေသလူထု လုပ်အားပေးကိုယူမယ်..စာသင်ခုံတွေကိုတော့ သူတို့ရပ်ရွာကအလှူခံရငွေနဲ့ လုပ်နေကြတယ်။ပြန်တွက်ကြည့်လိုက်တဲ့အခါ ပေ ၃၀x ပေ ၉၀ (Steel Structure)မျက်နှာကျက်ပါပြီး ၊ ဆေးသုတ်ပြီးကိုသိန်း ၇၀၀ နဲ့ ဆောက်လုပ်ဖို့ စီမံနိုင်ခဲ့တယ်။ပုံမှန်ပေါက်ဈေးဆို သိန်း တစ်ထောင် နဲ့ ရှစ်ဆယ်ကုန်ကျမှာပါ..ကျွန်တော်တို့ နဲ့ ဒေသခံတွေပူးပေါင်းပြီး သိန်း ၃၈၀ လျှော့ချနိုင်ခဲ့တယ်။ ချမယ်ဗျာ..နော့..ကျွန်တော် နဲ့ ကိုမျိုးကြီးတို့ သစ္စာဆိုတယ်..”ကျွန်တော်တို့ ပရဟိတ လုပ်ခဲ့သမျှစနစ်တကျနဲ့ လုပ်ခဲ့ပြီး၁၀၀ % မှန်ကန်တိကျခဲ့ပါတယ်..ဒီသစ္စာ စကားကြောင့် လိုနေတဲ့ ပိုက်ဆံသိန်း ၇၀၀ တစ်လထဲနဲ့ ပြည့်ပါစေ..”အခုဆို မန္တလေးက အစ်မ နန်းဝါဝါမောင်အလှူခံပေးတဲ့ ပိုက်ဆံ သိန်း ၅၀ကျော်(အခုဆို တစ်ရာနား ကပ်ပြီ) အပါအဝင် သဘာဝဘေးမှာ အရေးပေါ်သုံးဖို့ကျွန်တော်နဲ့ ကိုမျိုးကြီးတို့ ချန်ထားတဲ့ပိုက်ဆံ သိန်း ၉၀ ကျော်နဲ့ စဆောက်ပါတော့မယ်။ မိုးရွာရင် လုံးဝ သွားမရတော့လို့အခုလိုပွင့်လင်းရာသီမှာ အပြီးဆောက်မှ ဖြစ်မှာပါ။ ဝိုင်းလှူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ” လို့ရေးပါတယ်။

ဆက်လက်ပြီးကိုစိုးထိုက်(ဖဒို)က “ကလေးတွေ လက်ရှိမှာစာသင်နေရပုံကိုကြည့်ပြီး စိတ်ထိခိုက်ပါတယ်။တစ်တန်း နှစ်တန်း က ဟိုလူ့အိမ်မှာ သွားသင်..သုံးတန်းကို ဟိုဘုရားကျောင်းကိုသွား..လေးတန်းက ရပ်ကွက်ရုံးကိုသွား…ငါးတန်းက ဘယ်သူ့အိမ်အောက်ကိုသွား..စသည်ဖြင့် တစ်ရပ်ရွာလုံး အနှံ့ ခွဲသင်နေရတယ်။သူတို့မှာ ကျောင်းမရှိတော့ဘူးလေ” လို့ရေးပါတယ်။

မီးလောင်သွားတာက ကျောင်းဆောင် နှစ်ဆောင်ဖြစ်တာကြောင့် ကျန်ရှိတဲ့ ကျောင်းတစ်ဆောင်ကို ပြည်နယ်အစိုးရက အမြန်ဆုံးပြန်လည်တည်ဆောက်ပေးဖို့ တွန်းအားပေးနေတယ်လို့ တီးတိန်လူငယ်အသင်းက ကိုမုန်နိုးကပြောပါတယ်။ ကျောင်းသားတွေဟာ လက်ရှိ စာရေးခုံနဲ့စာပွဲတွေ လိုအပ်လျက်ရှိပါတယ်။

(Zawgyi)

မီးေလာင္သြားတဲ့ တုန္းဇန္႐ြာေက်ာင္းကို ကိုစိုးထိုက္(ဖဒို)တို႔အဖြဲ႕ကသိန္း ၂၀၀ ခန႔္မတည္ၿပီး တည္ေဆာက္လႉဒါန္းမယ္

၂၀၁၉၊ ႏိုဝင္ဘာလ (၁၇)
တီးတိန္ၿမိဳ႕နယ္ တုန္းဇန္ေက်း႐ြာ အ.ထ.က(ခြဲ)ေက်ာင္းဟာ အရင္လက မီးေလာင္သြားလို႔ေက်ာင္းသူ၊သားေတြ စာသင္ၾကားရန္အခက္အခဲႀကဳံေတြ႕ေနတာေၾကာင့္ ကိုစိုးထိုက္(ဖဒို)နဲ႔ မိတ္ဘက္ပရဟိတအဖြဲ႕ေတြက သိန္း ၂၀၀ ခန႔္မတည္ၿပီး မၾကာခင္ ေက်ာင္းေဆာင္သစ္တစ္ေဆာင္ ေဆာက္လုပ္လႉဒါန္းသြားမယ္လို႔ ၎လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဒီေန႔ေဖာ္ျပထားတာေတြ႕ရပါတယ္။

ေအာက္တိုဘာလ (၁၁)ရက္ ညက တုန္းဇန္ အ.ထ.က(ခြဲ)ေက်ာင္းေဆာင္ ၂ ေဆာင္၊ ဝန္ထမ္းအိမ္ရာ(၅)လုံးနဲ႔ လူေနအိမ္တစ္လုံးမီးေလာင္ပ်က္ဆီးသြားပါတယ္။

ကိုစိုးထုိက္(ဖဒို)တို႔က ေပ ၃၀ x ေပ ၉၀ (Steel Structure) ေက်ာင္းေဆာင္တစ္ေဆာင္ကို သိန္း ၇၀၀ နဲ႔ ေဒသခံေတြရဲ႕ လုပ္အားပူးေပါင္းၿပီး တည္ေဆာက္ဖို႔ရည္႐ြယ္ထားၾကပါတယ္။

ကိုစိုးထိုက္(ဖဒို)က ၎လူမႈကြန္ယက္စာမ်က္ႏွာတြင္ “ကြၽန္ေတာ္တို႔ ေဒသခံေတြရဲ႕ အားကို ယူတယ္။ေဒသလူႀကီး ၊ ေက်ာင္းအုပ္ႀကီး ၊သင္းအုပ္ဆရာေတြ ၊ ရပ္မိရပ္ဖေတြနဲ႔ကြၽန္ေတာ္တို႔ ေသေသခ်ာခ်ာ ေကာ္မတီဖြဲ႕တယ္။တာဝန္ေတြကို စီမံခန႔္ခြဲေပးတယ္။ေဒသလူထု လုပ္အားေပးကိုယူမယ္..စာသင္ခုံေတြကိုေတာ့ သူတို႔ရပ္႐ြာကအလႉခံရေငြနဲ႔ လုပ္ေနၾကတယ္။ျပန္တြက္ၾကည့္လိုက္တဲ့အခါ ေပ ၃၀x ေပ ၉၀ (Steel Structure)မ်က္ႏွာက်က္ပါၿပီး ၊ ေဆးသုတ္ၿပီးကိုသိန္း ၇၀၀ နဲ႔ ေဆာက္လုပ္ဖို႔ စီမံႏိုင္ခဲ့တယ္။ပုံမွန္ေပါက္ေဈးဆို သိန္း တစ္ေထာင္ နဲ႔ ရွစ္ဆယ္ကုန္က်မွာပါ..ကြၽန္ေတာ္တို႔ နဲ႔ ေဒသခံေတြပူးေပါင္းၿပီး သိန္း ၃၈၀ ေလွ်ာ့ခ်ႏိုင္ခဲ့တယ္။ ခ်မယ္ဗ်ာ..ေနာ့..ကြၽန္ေတာ္ နဲ႔ ကိုမ်ိဳးႀကီးတို႔ သစၥာဆိုတယ္..”ကြၽန္ေတာ္တို႔ ပရဟိတ လုပ္ခဲ့သမွ်စနစ္တက်နဲ႔ လုပ္ခဲ့ၿပီး၁၀၀ % မွန္ကန္တိက်ခဲ့ပါတယ္..ဒီသစၥာ စကားေၾကာင့္ လိုေနတဲ့ ပိုက္ဆံသိန္း ၇၀၀ တစ္လထဲနဲ႔ ျပည့္ပါေစ..”အခုဆို မႏၲေလးက အစ္မ နန္းဝါဝါေမာင္အလႉခံေပးတဲ့ ပိုက္ဆံ သိန္း ၅၀ေက်ာ္(အခုဆို တစ္ရာနား ကပ္ၿပီ) အပါအဝင္ သဘာဝေဘးမွာ အေရးေပၚသုံးဖို႔ကြၽန္ေတာ္နဲ႔ ကိုမ်ိဳးႀကီးတို႔ ခ်န္ထားတဲ့ပိုက္ဆံ သိန္း ၉၀ ေက်ာ္နဲ႔ စေဆာက္ပါေတာ့မယ္။ မိုး႐ြာရင္ လုံးဝ သြားမရေတာ့လို႔အခုလိုပြင့္လင္းရာသီမွာ အၿပီးေဆာက္မွ ျဖစ္မွာပါ။ ဝိုင္းလႉေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္ခင္ဗ်ာ” လို႔ေရးပါတယ္။

ဆက္လက္ၿပီးကိုစိုးထိုက္(ဖဒို)က “ကေလးေတြ လက္ရွိမွာစာသင္ေနရပုံကိုၾကည့္ၿပီး စိတ္ထိခိုက္ပါတယ္။တစ္တန္း ႏွစ္တန္း က ဟိုလူ႔အိမ္မွာ သြားသင္..သုံးတန္းကို ဟိုဘုရားေက်ာင္းကိုသြား..ေလးတန္းက ရပ္ကြက္႐ုံးကိုသြား…ငါးတန္းက ဘယ္သူ႔အိမ္ေအာက္ကိုသြား..စသည္ျဖင့္ တစ္ရပ္႐ြာလုံး အႏွံ႔ ခြဲသင္ေနရတယ္။သူတို႔မွာ ေက်ာင္းမရွိေတာ့ဘူးေလ” လို႔ေရးပါတယ္။

မီးေလာင္သြားတာက ေက်ာင္းေဆာင္ ႏွစ္ေဆာင္ျဖစ္တာေၾကာင့္ က်န္ရွိတဲ့ ေက်ာင္းတစ္ေဆာင္ကို ျပည္နယ္အစိုးရက အျမန္ဆုံးျပန္လည္တည္ေဆာက္ေပးဖို႔ တြန္းအားေပးေနတယ္လို႔ တီးတိန္လူငယ္အသင္းက ကိုမုန္ႏိုးကေျပာပါတယ္။ ေက်ာင္းသားေတြဟာ လက္ရွိ စာေရးခုံနဲ႔စာပြဲေတြ လိုအပ္လ်က္ရွိပါတယ္။