မလေးရှားရောက် ချင်းအရပ်ဖက်အဖွဲ့အစည်းက ပလက်ဝစစ်ဘေးရှောင်တွေတွက် ကျပ်သိန်း (၁၈၀)ကျော်ထောက်ပံ့

မလေးရှားရောက် ချင်းအရပ်ဖက်အဖွဲ့အစည်းက ပလက်ဝစစ်ဘေးရှောင်တွေတွက် ကျပ်သိန်း (၁၈၀)ကျော်ထောက်ပံ့

မလေးရှားနိုင်ငံရောက် ချင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ CERCM (Chin Emergency Relief Committee of Malaysia) က လှူဒါန်းထားတဲ့ ကျပ်သိန်း (၁၈၉)ကို ပလက်ဝလူမှုကူညီရေးပရဟိတအဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင်လက်ခံရရှိကြောင်း သတင်းရရှိပါတယ်။

ဇွန်လ (၇)ရက်က စပြီး ပလက်ဝမြို့အနီးမှာ အေအေတပ်ဖွဲ့နဲ့ တပ်မတော်တို့ ရွာအနီးမှာပစ်ခတ်ခဲ့ကြတာကြောင့် ဇွန်လ (၈)ရက်ကစပြီး ကျေးရွာ ငါးရွာမှ ပြည်သူ ၈၀၀ နီးပါးဟာ ပလက်ဝမြို့ပေါ်မှာခိုလုံခဲ့ကြပါတယ်။