မျက်နှာနဲ့ လက်တဘက်ပျက်ဆီးသွားတဲ့ CDF ရဲဘော်အလောင်းကိုပြန်ချုပ်ပေးတဲ့ဆရာမရဲ့ခံစားချက်

(လုံခြုံရေးအရ မူရင်းစာရေးသူရဲ့နာမည်မဖော်ပြတော့ပါ)

ညီရဲ့ ရုပ်ခန္ဓာကိုယ်ဘေးမှာ ညီရဲ့ကျောပိုးအိတ်ကလေးရင်မှာပိုက်ထားတဲ့အကို။ ကျွန်တော်ရင်တွေထုံနေလို့ မငိုတတ်တော့ဘူးတဲ့။ ခြေထောက်၂ဘက်စလုံးရော လက် ၁ ဖက် ရောရှိသမျှအရိုးကျိုးသွားတဲ့ သား။ အဖေဖြစ်သူက ငါ့သားလေး ဒုက္ခိတဖြစ်လည်း ငါကုန်းပိုးသွားမယ်တဲ့။ သေလုမြောပါးဒဏ်ရာတွေရထားတာတောင် သတိပြန်လည်တဲ့အချိန်မှာ အဖေ အမေ ကို မတဘဲနဲ့ တခွန်းတည်းပြောတဲ့စကားက အတူဒဏ်ရာရတဲ့သူငယ်ချင်းအဆင်ပြေရဲ့လားတဲ့။အကိုဖြစ်သူ တူဖြစ်သူ သားဖြစ်သူ ၃ဦးမရှေးမနှောင်းမှာပဲဆုံးရူံးသွားရတဲ့ လူတယောက်စာတွေရေးချင်တယ်။ ဒါပေမဲ့ ကျွန်တော်လည်း လက်တွေထုံနေလို့ ရင်တွေထုံနေလို့ မရေးတတ်တော့ဘူး။

အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက် ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ဆရာဝန်တယောက်ရဲ့ခံစားချက်ကကိုယ့်နှလုံးသားကို အပ်နဲ့ချုပ်နေရသလိုပါပဲ။ အပ်တချက်ဖောက်တိုင်းမှာ ရင်ဘတ်ထဲကနင့်နေအောင်စူးပါတယ်။ သူ နာများနာနေမလားဆိုပြီး ထုံဆေးထိုးဖို့စဉ်းစားလိုက်သေးတယ်။

ကျွန်တော်ရူးများရူးသွားတာလား။ ဒဏ်ရာရကွဲပြဲလို့ ချုပ်ရမယ့် လူနာတယောက်လာတိုင်းမှာ
ဒဏ်ရာရတဲ့နေရာပေါ်မူတည်ပြီး အသင့်တော်ဆုံးချုပ်ကြိုးကိုရွေးပြီး အမာရွတ်အနည်းဆုံးဖြစ်အောင် ချုပ်လေ့ရှိတယ်။ ကျွန်တော်ကအလှကြိူက်တော့ လူတိုင်းကိုလှစေချင်တယ်လေ။

ဒီနေ့တော့ မျက်နှာတခုလုံးပျက်စီးနေတဲ့ကျွန်တော့်သူငယ်ချင်း။ သူ့အတွက် ချုပ်ကြိုးကိုသေချာရွေးရင်း တချက်ချင်းသေချာချုပ်ရင်း မျက်ရည်တွေကရုပ်အလောင်းပေါ်ကျတယ်။

ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား အရင်မျက်နှာပြန်မရနိုင်တော့ဘူး။ ညာဘက်လက်ကပြတ်သွားတယ်။ လက်ဘယ်မှာလဲ မေးတော့ရှာမတွေ့ဘူးတဲ့။ ဘယ်ဘက်လက်က လက်ချောင်းတချောင်းက မွစာကြဲနေတယ်။ ပျက်လုပျက်ခင် အဲ့လက်ချောင်းကိုတော့ကျွန်တော်ကြိုးစားပြီးသေချာပြန်ချုပ်တယ်။

တတ်နိုင်သမျှ ခြေလက်အစုံပြန်ပါစေချင်တာ ဆရာဝန်တယောက်ရဲ့ စေတနာလား။ မိတ်ဆွေတယောက်ရဲ့ချစ်ခြင်းမေတ္တာလား။ နောက်ဆုံးအပ်ချက်တွေက အားစိုက်ပြီးထိုးရတယ်။ အရေပြားပါးပါးလေးပဲကို ဘာလို့အဲ့လောက်မာနေတာပါလိမ့်။

တချိန်က သူ့ရှေ့မှာ လူနာချုပ်တော့ ကျွန်တော်လူနာဖြစ်ရင်ဆရာမငြိမ်းဆီမှာတော့ အချုပ်မခံချင်ဘူးလို့ပြောဖူးတယ်။ တကယ်ပဲ အချုပ်မခံချင်တာများလား။ မရဘူး ငါကတော့ အတ္တကြီးတယ်။ ငါကလွဲရင် တခြားဆရာဝန်ချုပ်မှာစိုးလို့ မလှမပဖြစ်နေတာသိသိရက်နဲ့ လှလှပပဖြစ်စေချင်လို့ ကိုယ်တိုင်ချုပ်မယ်ဆိုပြီး အချိန်မှီပြေးလာခဲ့တာ သိချင်လို့ ဝင်လာတဲ့သူတွေကို ဝင်မလာနဲ့ လို့ပြောပြီးတံခါးပိတ်တယ်။

ချုပ်လို့ပြီးစီးသွားတဲ့မျက်နှာကို ပတ်တီးအပြည့်စည်းတယ်။ သူ့မျက်နှာကို တခြားဘယ်သူမှထပ်မမြင်စေချင်တော့ဘူး။ ဓာတ်ပုံလည်းမရိုက်စေချင်ဘူး။ လူတွေရဲ့စိတ်ထဲမှာ ယောကျာ်းပီပီသသချောမောခဲ့တဲ့ သူ့မျက်နှာကိုပဲစွဲကျန်နေစေချင်တယ်။

အင်္ကျီ ပုဆိုးငါကိုယ်တိုင်ဝတ်ပေးတယ်။ သွေးတွေကိုယ်တိုင်သုတ်ပေးတယ်။ သူရဲကောင်းရေ
မာန်းရေ နင်ကတော့ ကောင်းကင်ရောက်သွားပြီ။ ဝဠ်ကြွေးကြီးလွန်းလှတဲ့ငါတို့တွေပဲကျန်တော့တယ်။

(Zawgyi)
မ်က္ႏွာနဲ႔ လက္တဘက္ပ်က္ဆီးသြားတဲ့ CDF ရဲေဘာ္အေလာင္းကိုျပန္ခ်ဳပ္ေပးတဲ့ဆရာမရဲ႕ခံစားခ်က္

(လံုျခံဳေရးအရ မူရင္းစာေရးသူရဲ႔နာမည္မေဖာ္ျပေတာ့ပါ)

ညီရဲ႕ ႐ုပ္ခႏၶာကိုယ္ေဘးမွာ ညီရဲ႕ေက်ာပိုးအိတ္ကေလးရင္မွာပိုက္ထားတဲ့အကို။ ကြၽန္ေတာ္ရင္ေတြထုံေနလို႔ မငိုတတ္ေတာ့ဘူးတဲ့။ ေျခေထာက္၂ဘက္စလုံးေရာ လက္ ၁ ဖက္ ေရာရွိသမွ်အ႐ိုးက်ိဳးသြားတဲ့ သား။ အေဖျဖစ္သူက ငါ့သားေလး ဒုကၡိတျဖစ္လည္း ငါကုန္းပိုးသြားမယ္တဲ့။ ေသလုေျမာပါးဒဏ္ရာေတြရထားတာေတာင္ သတိျပန္လည္တဲ့အခ်ိန္မွာ အေဖ အေမ ကို မတဘဲနဲ႔ တခြန္းတည္းေျပာတဲ့စကားက အတူဒဏ္ရာရတဲ့သူငယ္ခ်င္းအဆင္ေျပရဲ႕လားတဲ့။အကိုျဖစ္သူ တူျဖစ္သူ သားျဖစ္သူ ၃ဦးမေရွးမေႏွာင္းမွာပဲဆုံး႐ူံးသြားရတဲ့ လူတေယာက္စာေတြေရးခ်င္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္လည္း လက္ေတြထုံေနလို႔ ရင္ေတြထုံေနလို႔ မေရးတတ္ေတာ့ဘူး။

အရင္းႏွီးဆုံးမိတ္ေဆြ ရဲေဘာ္ရဲဘက္ ရဲ႕ ႐ုပ္အေလာင္းကို ကိုယ္တိုင္ခ်ဳပ္ရတဲ့ ဆရာဝန္တေယာက္ရဲ႕ခံစားခ်က္ကကိုယ့္ႏွလုံးသားကို အပ္နဲ႔ခ်ဳပ္ေနရသလိုပါပဲ။ အပ္တခ်က္ေဖာက္တိုင္းမွာ ရင္ဘတ္ထဲကနင့္ေနေအာင္စူးပါတယ္။ သူ နာမ်ားနာေနမလားဆိုၿပီး ထုံေဆးထိုးဖို႔စဥ္းစားလိုက္ေသးတယ္။

ကြၽန္ေတာ္႐ူးမ်ား႐ူးသြားတာလား။ ဒဏ္ရာရကြဲၿပဲလို႔ ခ်ဳပ္ရမယ့္ လူနာတေယာက္လာတိုင္းမွာ
ဒဏ္ရာရတဲ့ေနရာေပၚမူတည္ၿပီး အသင့္ေတာ္ဆုံးခ်ဳပ္ႀကိဳးကိုေ႐ြးၿပီး အမာ႐ြတ္အနည္းဆုံးျဖစ္ေအာင္ ခ်ဳပ္ေလ့ရွိတယ္။ ကြၽန္ေတာ္ကအလွႀကိဴက္ေတာ့ လူတိုင္းကိုလွေစခ်င္တယ္ေလ။

ဒီေန႔ေတာ့ မ်က္ႏွာတခုလုံးပ်က္စီးေနတဲ့ကြၽန္ေတာ့္သူငယ္ခ်င္း။ သူ႔အတြက္ ခ်ဳပ္ႀကိဳးကိုေသခ်ာေ႐ြးရင္း တခ်က္ခ်င္းေသခ်ာခ်ဳပ္ရင္း မ်က္ရည္ေတြက႐ုပ္အေလာင္းေပၚက်တယ္။

ကြၽန္ေတာ္ဘယ္ေလာက္ႀကိဳးစားႀကိဳးစား အရင္မ်က္ႏွာျပန္မရႏိုင္ေတာ့ဘူး။ ညာဘက္လက္ကျပတ္သြားတယ္။ လက္ဘယ္မွာလဲ ေမးေတာ့ရွာမေတြ႕ဘူးတဲ့။ ဘယ္ဘက္လက္က လက္ေခ်ာင္းတေခ်ာင္းက မြစာႀကဲေနတယ္။ ပ်က္လုပ်က္ခင္ အဲ့လက္ေခ်ာင္းကိုေတာ့ကြၽန္ေတာ္ႀကိဳးစားၿပီးေသခ်ာျပန္ခ်ဳပ္တယ္။

တတ္ႏိုင္သမွ် ေျခလက္အစုံျပန္ပါေစခ်င္တာ ဆရာဝန္တေယာက္ရဲ႕ ေစတနာလား။ မိတ္ေဆြတေယာက္ရဲ႕ခ်စ္ျခင္းေမတၱာလား။ ေနာက္ဆုံးအပ္ခ်က္ေတြက အားစိုက္ၿပီးထိုးရတယ္။ အေရျပားပါးပါးေလးပဲကို ဘာလို႔အဲ့ေလာက္မာေနတာပါလိမ့္။

တခ်ိန္က သူ႔ေရွ႕မွာ လူနာခ်ဳပ္ေတာ့ ကြၽန္ေတာ္လူနာျဖစ္ရင္ဆရာမၿငိမ္းဆီမွာေတာ့ အခ်ဳပ္မခံခ်င္ဘူးလို႔ေျပာဖူးတယ္။ တကယ္ပဲ အခ်ဳပ္မခံခ်င္တာမ်ားလား။ မရဘူး ငါကေတာ့ အတၱႀကီးတယ္။ ငါကလြဲရင္ တျခားဆရာဝန္ခ်ဳပ္မွာစိုးလို႔ မလွမပျဖစ္ေနတာသိသိရက္နဲ႔ လွလွပပျဖစ္ေစခ်င္လို႔ ကိုယ္တိုင္ခ်ဳပ္မယ္ဆိုၿပီး အခ်ိန္မွီေျပးလာခဲ့တာ သိခ်င္လို႔ ဝင္လာတဲ့သူေတြကို ဝင္မလာနဲ႔ လို႔ေျပာၿပီးတံခါးပိတ္တယ္။

ခ်ဳပ္လို႔ၿပီးစီးသြားတဲ့မ်က္ႏွာကို ပတ္တီးအျပည့္စည္းတယ္။ သူ႔မ်က္ႏွာကို တျခားဘယ္သူမွထပ္မျမင္ေစခ်င္ေတာ့ဘူး။ ဓာတ္ပုံလည္းမ႐ိုက္ေစခ်င္ဘူး။ လူေတြရဲ႕စိတ္ထဲမွာ ေယာက်ာ္းပီပီသသေခ်ာေမာခဲ့တဲ့ သူ႔မ်က္ႏွာကိုပဲစြဲက်န္ေနေစခ်င္တယ္။

အကၤ်ီ ပုဆိုးငါကိုယ္တိုင္ဝတ္ေပးတယ္။ ေသြးေတြကိုယ္တိုင္သုတ္ေပးတယ္။ သူရဲေကာင္းေရ
မာန္းေရ နင္ကေတာ့ ေကာင္းကင္ေရာက္သြားၿပီ။ ဝဠ္ေႂကြးႀကီးလြန္းလွတဲ့ငါတို႔ေတြပဲက်န္ေတာ့တယ္။