ယခုအချိန် လုပ်ကိုင်သင့်သည့် တနိုင်တပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ (၂)

ဆာချင်းရေးသည်။

၉.Delivery service (သို့) ပို့ဆောင်ရေး
လူတိုင်း လိုင်းပေါ် တက်ဈေးရောင်းကြတဲ့ခေတ်မှ သွယ်ဝိုက်နည်းနဲ့ အောင်မြင်မှာက Delivery စနစ်ပါ။ လူဦးရေ(၈)သန်းကျော်ရှိတဲ့ ရန်ကုန်လို နေရာမျိုးမှာ အခုထိ နေရာစုံ ပစ္စည်းပို့ လုပ်ငန်း မရောက်နိုင်သေးဖူး။ ကုမ္ပဏီတွေသာ မကတက္ကစီယာဉ်တွေ၊ တနိုင်တပိုင် ကုန်ပို့သူတွေ လုပ်နေကြတာတောင် အကုန်မပြည့်စုံနိုင်သေးဘူး။ ဆိုတော့ Delivery လုပ်ငန်းက လုပ်ကိုင်ကောင်းနေအုန်းမှာပါ။

အခု‌ဆို ‌မြို့တွင်းတနေရာရာဆို အနည်းဆုံး ကျပ်(၁၅၀၀)ကနေ ကျပ်(၂၀၀၀)နီးပါးကျနေတယ်။ တချို့နေရာဆို (၄၀၀၀)ကနေ (၆၀၀၀)အထိ ရှိတက်တယ်။ဒါတောင် သုံးလေးဦးစုံမှ ပို့ပေးတာမျိုး။ Delivery လုပ်ငန်းက ရန်ကုန်တင်မက တခြားမြို့တွေမှာပါ လုပ်လို့ရတယ်။

မန္တလေး၊မော်လမြိုင်၊တောင်ကြီးတို့လို့ မြို့ကြီးတွေသာမက အနည်းဆုံး လူဦးရေ(၁၀၀၀၀)အထက် ရှိတဲ့ ဘယ်မြို့မှာမဆို Delivery လုပ်ငန်းက အလုပ်ဖြစ်တယ်။ လူနည်းရင် ကိုယ်‌တစ်ယောက်ထဲ လုပ်ငန်းထောင်ထားရင် ပိုတွက်ခြေကိုက်တာပေါ့။ ကားဂိက်နဲ့ အိမ်တွေကြား ပစ္စည်းပို့ပေးနိုင်နေရင် အတော်အလုပ်ဖြစ်တယ်။ ကျွန်တော်အထင် ရန်ကုန်ထက် နယ်တွေက ပိုအလုပ်ဖြစ်တယ်။ ဈေးသက်သာတယ်။ ပို့ရ လွယ်ကူတယ် လို့ ဆိုရမယ်။

၁၀.ဆိုင်ကယ် အဟောင်း သို့ စက်ဘီးရောင်းချခြင်း
နွမ်းပါးလေလေ ပစ္စည်းအဟောင်းအသုံးများလေလေပဲ။ ကျေးလတ်နယ်ပါယ်တွေမှာဆို ဈေးသက်သာတာ လိုက်ရှာကြရမြဲ။ ဝင်ငွေကလည်း အင်မတန်နည်းပါးတာကို။ ဆိုတော့ ဆိုင်ကယ်အဟောင်းရောင်းဝယ်တာ၊စက်ဘီးရောင်းဝယ်တာက အလုပ်ဆက်ဖြစ်နေအုန်းမယ်။

တချို့ဆို အဟောင်းဈေးကွက်ကနေသာ ပေါချောင်ကောင်းတွေ ဝယ်စု၊ လိုအပ်တာ ပြန်ပြင်ပြီး ဈေးနှုန်းပြန်ယူရောင်းချကြတာ ရှိတယ်။ ‌စက်သုံးဆီဈေးကလည်း ခေါင်ခိုက်နေတော့ လူတွေ ဆိုင်ကယ်ပိုစီး၊စက်ဘီးပိုစီးလာကြတယ်။

ဆိုတော့ အဟောင်းဈေးကွက်ကတော့ အလုပ်ဖြစ်နေမှာပါ။ တရုတ်ဆိုင်ကယ်ဈေးကွက်၊ ထိုင်းဆိုင်ကယ်ဈေးကွက်တွေဟာ မြန်မာနဲ့တော့ သိပ်မစိမ်းလှပေမယ့် ပွဲစားလုပ်မယ်ဆိုရင်တော့ အတွေ့အကြုံရှိတာ ပိုကောင်းတာပေါ့လေ။ ကိုယ်အမြင်ကတော့ အဟောင်းဝယ်ပြီး ပြင်ဆင်၊ ပြန်ရောင်းတာမျိုးက အလုပ်ဖြစ်မယ်။

၁၁.စိုက်ပျိုးရေးလုပ်ကိုင်ခြင်း
မြန်မာမှာ တောင်သူဖြစ်ရတာ တကယ်တော့ ဝဋ်ကြွေးပါပဲ။ ‌စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပေမယ့် တောင်သူတွေ ချမ်းသာဖို့ဆိုတာ ခက်ခဲတယ်။ အခုလို အခြေအနေမျိုးကြောင့် ပြည်သူတွေ ပိုဒုက္ခရောက်တော့ အောက်ခြေတောင်သူ ပိုဆိုးတာပေါ့။

သို့သော်လည်း စားဝတ်နေရေးအခြေအနေအရ စားဖိုဆောင်သီးနှံစိုက်ပျိုးရေးတွေက အလုပ်ဖြစ်နေအုန်းမှာပါ။ သို့သော် စိုက်ပျိုးမှု အခြေအနေ၊ စိုက်ပျိုးနိုင်တဲ့ အင်အားနဲ့ အလားအလာကို ခန့်မှန်းတက်ပါမှ။ ဥပမာ ဒီနှစ် ကြက်သွန် ဈေးကောင်းတယ်။ စိုက်မယ်ဆိုတော့ အားလုံးကြက်သွန်စိုက်ကြတော့ ထွက်တဲ့အခါ အကျဈေးနဲ့ ကြုံပြီး အရှုံးပေါ်တက်တယ်။

ဆိုတော့ လူစိုက်နည်းတာ စိုက်တာ ပိုမြတ်လွယ်တယ် ဆိုရမယ်။ လူငယ်တွေအနေနဲ့ကတော့ မိရိုးဖလာ စိုက်ပျိုးရေးကနေ ရုန်းထွက်ပြီး နည်းပညာခောတ်မှာ သတင်းဖတ်ရင်း လိုအပ်မယ့် သီးနှံစိုက်ပျိုးတာ အကောင်းဆုံးပါ။

၁၂.တနိုင်တပိုင်း စားသောက်ကုန် ထုက်လုပ်ရောင်းချခြင်း
ဒါကတော့ အခု လုပ်နေကြတဲ့ လုပ်ငန်းမျိုးပါပဲ။ တနိုင်တပိုင်လုပ်ငန်းငယ်တွေဟာ စတင်စဉ်တန်ဖိုးနည်းပေမယ့် အောင်မြင်ရင် ဈေးကွက်အကြီးကြီးတွေ ပိုင်နိုင်ပါတယ်။

တနိုင်တပိုင် အကြော်ကြော်တာ၊ ဒေသရိုးရာကုန်စည် ထုက်လုပ်ရောင်းချတာ၊ ကိုယ်ဒေသထွက် ကုန်စည်ကို တန်ဖိုးမြင့် ပစ္စည်းအဖြစ် ဖန်တီးပြီး ဈေးကွက်ဖြန့်တာ၊ လူတွေ ထုက်လုပ်ဖန်တီးတာ နည်းတဲ့ လုပ်ငန်းတွေ ဖန်တီးတာ အကောင်းဆုံးပါ။ ကျွန်တော်ကတော့ ရှိရင်းစွဲကုန်စည်တွေကို Value added လုပ်တာ သဘောကျတယ်။

မြန်မာမှာက အသစ်ဖန်တီးတာထက် ရှိနှင့်ပြီးသား ကုန်စည်ကို Value added လုပ်ဖို့ လိုတာ အများကြီးပါ။ကျွန်တော်ကိုယ်တိုင်နှစ်သက်သဘောကျမိတဲ့ လုပ်ငန်းမျိုးပဲ။ တိုင်းရင်းသားမျိုးနွယ်စုများသလို ရိုးရာအစားအသောက်၊အဝတ်အထည်၊ပစ္စည်းနဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။
ကိုယ်နဲ့ ကိုက်ညီမယ့် လုပ်ငန်းကို ဖန်တီးပြီး ကိုယ့်ရပ်ရွာကနေ ဖန်တီးထုက်လုပ်တာ အောင်မြင်နိုင်ခြေများပါတယ်။
ဆက်ဖော်ပြပါမည်။

Zawgyi

ယခုအခ်ိန္ လုပ္ကိုင္သင့္သည့္ တနိုင္တပိုင္ အေသးစားစီးပြားေရးလုပ္ငန္းမ်ား (၂)

ဆာခ်င္းေရးသည္။

၉.Delivery service (သို႔) ပို႔ေဆာင္ေရး
လူတိုင္း လိုင္းေပၚ တက္ေဈးေရာင္းၾကတဲ့ေခတ္မွ သြယ္ဝိုက္နည္းနဲ႔ ေအာင္ျမင္မွာက Delivery စနစ္ပါ။ လူဦးေရ(၈)သန္းေက်ာ္ရွိတဲ့ ရန္ကုန္လို ေနရာမ်ိဳးမွာ အခုထိ ေနရာစုံ ပစၥည္းပို႔ လုပ္ငန္း မေရာက္နိုင္ေသးဖူး။ ကုမၸဏီေတြသာ မကတကၠစီယာဥ္ေတြ၊ တနိုင္တပိုင္ ကုန္ပို႔သူေတြ လုပ္ေနၾကတာေတာင္ အကုန္မျပည့္စုံနိုင္ေသးဘူး။ ဆိုေတာ့ Delivery လုပ္ငန္းက လုပ္ကိုင္ေကာင္းေနအုန္းမွာပါ။

အခု‌ဆို ‌ၿမိဳ႕တြင္းတေနရာရာဆို အနည္းဆုံး က်ပ္(၁၅၀၀)ကေန က်ပ္(၂၀၀၀)နီးပါးက်ေနတယ္။ တခ်ိဳ႕ေနရာဆို (၄၀၀၀)ကေန (၆၀၀၀)အထိ ရွိတက္တယ္။ဒါေတာင္ သုံးေလးဦးစုံမွ ပို႔ေပးတာမ်ိဳး။ Delivery လုပ္ငန္းက ရန္ကုန္တင္မက တျခားၿမိဳ႕ေတြမွာပါ လုပ္လို႔ရတယ္။

မႏၲေလး၊ေမာ္လၿမိဳင္၊ေတာင္ႀကီးတို႔လို႔ ၿမိဳ႕ႀကီးေတြသာမက အနည္းဆုံး လူဦးေရ(၁၀၀၀၀)အထက္ ရွိတဲ့ ဘယ္ၿမိဳ႕မွာမဆို Delivery လုပ္ငန္းက အလုပ္ျဖစ္တယ္။ လူနည္းရင္ ကိုယ္‌တစ္ေယာက္ထဲ လုပ္ငန္းေထာင္ထားရင္ ပိုတြက္ေျခကိုက္တာေပါ့။ ကားဂိက္နဲ႔ အိမ္ေတြၾကား ပစၥည္းပို႔ေပးနိုင္ေနရင္ အေတာ္အလုပ္ျဖစ္တယ္။ ကၽြန္ေတာ္အထင္ ရန္ကုန္ထက္ နယ္ေတြက ပိုအလုပ္ျဖစ္တယ္။ ေဈးသက္သာတယ္။ ပို႔ရ လြယ္ကူတယ္ လို႔ ဆိုရမယ္။

၁၀.ဆိုင္ကယ္ အေဟာင္း သို႔ စက္ဘီးေရာင္းခ်ျခင္း
ႏြမ္းပါးေလေလ ပစၥည္းအေဟာင္းအသုံးမ်ားေလေလပဲ။ ေက်းလတ္နယ္ပါယ္ေတြမွာဆို ေဈးသက္သာတာ လိုက္ရွာၾကရျမဲ။ ဝင္ေငြကလည္း အင္မတန္နည္းပါးတာကို။ ဆိုေတာ့ ဆိုင္ကယ္အေဟာင္းေရာင္းဝယ္တာ၊စက္ဘီးေရာင္းဝယ္တာက အလုပ္ဆက္ျဖစ္ေနအုန္းမယ္။

တခ်ိဳ႕ဆို အေဟာင္းေဈးကြက္ကေနသာ ေပါေခ်ာင္ေကာင္းေတြ ဝယ္စု၊ လိုအပ္တာ ျပန္ျပင္ၿပီး ေဈးႏႈန္းျပန္ယူေရာင္းခ်ၾကတာ ရွိတယ္။ ‌စက္သုံးဆီေဈးကလည္း ေခါင္ခိုက္ေနေတာ့ လူေတြ ဆိုင္ကယ္ပိုစီး၊စက္ဘီးပိုစီးလာၾကတယ္။

ဆိုေတာ့ အေဟာင္းေဈးကြက္ကေတာ့ အလုပ္ျဖစ္ေနမွာပါ။ တ႐ုတ္ဆိုင္ကယ္ေဈးကြက္၊ ထိုင္းဆိုင္ကယ္ေဈးကြက္ေတြဟာ ျမန္မာနဲ႔ေတာ့ သိပ္မစိမ္းလွေပမယ့္ ပြဲစားလုပ္မယ္ဆိုရင္ေတာ့ အေတြ႕အၾကဳံရွိတာ ပိုေကာင္းတာေပါ့ေလ။ ကိုယ္အျမင္ကေတာ့ အေဟာင္းဝယ္ၿပီး ျပင္ဆင္၊ ျပန္ေရာင္းတာမ်ိဳးက အလုပ္ျဖစ္မယ္။

၁၁.စိုက္ပ်ိဳးေရးလုပ္ကိုင္ျခင္း
ျမန္မာမွာ ေတာင္သူျဖစ္ရတာ တကယ္ေတာ့ ဝဋ္ေႂကြးပါပဲ။ ‌စိုက္ပ်ိဳးေရးနိုင္ငံ ျဖစ္ေပမယ့္ ေတာင္သူေတြ ခ်မ္းသာဖို႔ဆိုတာ ခက္ခဲတယ္။ အခုလို အေျခအေနမ်ိဳးေၾကာင့္ ျပည္သူေတြ ပိုဒုကၡေရာက္ေတာ့ ေအာက္ေျခေတာင္သူ ပိုဆိုးတာေပါ့။

သို႔ေသာ္လည္း စားဝတ္ေနေရးအေျခအေနအရ စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးေရးေတြက အလုပ္ျဖစ္ေနအုန္းမွာပါ။ သို႔ေသာ္ စိုက္ပ်ိဳးမႈ အေျခအေန၊ စိုက္ပ်ိဳးနိုင္တဲ့ အင္အားနဲ႔ အလားအလာကို ခန႔္မွန္းတက္ပါမွ။ ဥပမာ ဒီႏွစ္ ၾကက္သြန္ ေဈးေကာင္းတယ္။ စိုက္မယ္ဆိုေတာ့ အားလုံးၾကက္သြန္စိုက္ၾကေတာ့ ထြက္တဲ့အခါ အက်ေဈးနဲ႔ ၾကဳံၿပီး အရႈံးေပၚတက္တယ္။

ဆိုေတာ့ လူစိုက္နည္းတာ စိုက္တာ ပိုျမတ္လြယ္တယ္ ဆိုရမယ္။ လူငယ္ေတြအေနနဲ႔ကေတာ့ မိရိုးဖလာ စိုက္ပ်ိဳးေရးကေန ႐ုန္းထြက္ၿပီး နည္းပညာေခာတ္မွာ သတင္းဖတ္ရင္း လိုအပ္မယ့္ သီးႏွံစိုက္ပ်ိဳးတာ အေကာင္းဆုံးပါ။

၁၂.တနိုင္တပိုင္း စားေသာက္ကုန္ ထုက္လုပ္ေရာင္းခ်ျခင္း
ဒါကေတာ့ အခု လုပ္ေနၾကတဲ့ လုပ္ငန္းမ်ိဳးပါပဲ။ တနိုင္တပိုင္လုပ္ငန္းငယ္ေတြဟာ စတင္စဥ္တန္ဖိုးနည္းေပမယ့္ ေအာင္ျမင္ရင္ ေဈးကြက္အႀကီးႀကီးေတြ ပိုင္နိုင္ပါတယ္။

တနိုင္တပိုင္ အေၾကာ္ေၾကာ္တာ၊ ေဒသရိုးရာကုန္စည္ ထုက္လုပ္ေရာင္းခ်တာ၊ ကိုယ္ေဒသထြက္ ကုန္စည္ကို တန္ဖိုးျမင့္ ပစၥည္းအျဖစ္ ဖန္တီးၿပီး ေဈးကြက္ျဖန႔္တာ၊ လူေတြ ထုက္လုပ္ဖန္တီးတာ နည္းတဲ့ လုပ္ငန္းေတြ ဖန္တီးတာ အေကာင္းဆုံးပါ။ ကၽြန္ေတာ္ကေတာ့ ရွိရင္းစြဲကုန္စည္ေတြကို Value added လုပ္တာ သေဘာက်တယ္။

ျမန္မာမွာက အသစ္ဖန္တီးတာထက္ ရွိႏွင့္ၿပီးသား ကုန္စည္ကို Value added လုပ္ဖို႔ လိုတာ အမ်ားႀကီးပါ။ကၽြန္ေတာ္ကိုယ္တိုင္ႏွစ္သက္သေဘာက်မိတဲ့ လုပ္ငန္းမ်ိဳးပဲ။ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားသလို ရိုးရာအစားအေသာက္၊အဝတ္အထည္၊ပစၥည္းနဲ႔ လုပ္ငန္းေတြ အမ်ားႀကီးရွိပါတယ္။
ကိုယ္နဲ႔ ကိုက္ညီမယ့္ လုပ္ငန္းကို ဖန္တီးၿပီး ကိုယ့္ရပ္ရြာကေန ဖန္တီးထုက္လုပ္တာ ေအာင္ျမင္နိုင္ေျခမ်ားပါတယ္။
ဆက္ေဖာ္ျပပါမည္။

နောက်ဆုံးရသတင်းမျ