ယနေ့ မင်းတပ်တိုက်ပွဲတွင် CDF ရဲဘော် ၁ ယောက်ကျဆုံး

မင်းတပ်မြို့နယ်တွင် ယနေ့ ဇူလိုင် ၂၂ ရက် နေ့လည် ၁၂း ၁၅ အချိန်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF Mindat ကြားတိုက်ပွဲဖြစ်ပွားတာကြောင့် အသက် ၂၀ ဝန်းကျင်ရှိတဲ့ CDF ရဲဘော် ၁ ယောက်ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မကွေးတိုင်းဘက်ကနေ မင်းတပ်မြို့နယ် ရွှေအောင်သာရွာဘက်သို့ တက်လာတဲ့ချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်။

ကျဆုံးသွားတဲ့ ရဲဘော်က ဇွန်လ ၈ ရက်တွင် ၎င်းလူမှုကွန်ရက်စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

အရေးတော်ပုံပြီးလို့ ဒီမိုကရေစီရောင်နီဦးသန်းလာတဲ့ချိန်ကို ကျနော်မြင်တွေ့ခွင့်ရပါအုံးမလာလို့ သံသယတွေဝင်မိတယ်လို့ရေးသားထားပါတယ်။

အခုလိုတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာကြောင့် တောထဲမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း ဘေးလွတ်ရာသို့ ထပ်မံပြောင်းရွေ့နေရတယ်လို့သိရတယ်။

မနေ့ ဇူလိုင် ၂၁ ရက်တွင်လည်း ချင်း နဲ့ မကွေးနယ်နမိတ်အနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒီမနက်မှာ မကွေးဘက်နဲ့ မတူပီဘက်ကနေ မင်းတပ်ဘက်ကို လာကြပါတယ်။

ဧပြီလကစပြီး မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းတပ်ပြည်သူ့တပ်ဖွဲ့ကြားတိုက်ပွဲတွင် CDF Mindat ရဲဘော် ၂၅ ဦး ကျဆုံးသွားပါပြီ။

(Zawgyi)
ယေန႔ မင္းတပ္တိုက္ပြဲတြင္ CDF ရဲေဘာ္ ၁ ေယာက္က်ဆံုး

မင္းတပ္ၿမိဳ႕နယ္တြင္ ယေန႔ ဇူလုိင္ ၂၂ ရက္ ေန႔လည္ ၁၂း ၁၅ အခ်ိန္က အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ CDF Mindat ၾကားတုိက္ပြဲျဖစ္ပြားတာေၾကာင့္ အသက္ ၂၀ ဝန္းက်င္ရွိတဲ့ CDF ရဲေဘာ္ ၁ ေယာက္က်ဆံုးသြားတယ္လုိ႔သတင္းရရွိပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဟာ မေကြးတုိင္းဘက္ကေန မင္းတပ္ၿမိဳ႕နယ္ ေရႊေအာင္သာရြာဘက္သို႔ တက္လာတဲ့ခ်ိန္မွာ တုိက္ပြဲျဖစ္ပြားခဲ့တာျဖစ္တယ္။

က်ဆံုးသြားတဲ့ ရဲေဘာ္က ဇြန္လ ၈ ရက္တြင္ ၄င္းလူမႈကြန္ရက္စာမ်က္ႏွာမွာ အခုလို ေရးသားထားပါတယ္။

အေရးေတာ္ပံုၿပီးလို႔ ဒီမိုကေရစီေရာင္နီဦးသန္းလာတဲ့ခ်ိန္ကို က်ေနာ္ျမင္ေတြ႔ခြင့္ရပါအံုးမလာလို႔ သံသယေတြဝင္မိတယ္လုိ႔ေရးသားထားပါတယ္။

အခုလိုတုိက္ပြဲျပန္လည္ျဖစ္ပြားခဲ့တာေၾကာင့္ ေတာထဲမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြလည္း ေဘးလြတ္ရာသို႔ ထပ္မံေျပာင္းေရြ႕ေနရတယ္လုိ႔သိရတယ္။

မေန႔ ဇူလိုင္ ၂၁ ရက္တြင္လည္း ခ်င္း နဲ႔ မေကြးနယ္နမိတ္အနီးတြင္ တုိက္ပြဲ ၂ ၾကိမ္ျဖစ္ပြားခဲ့ၾကပါတယ္။ အၾကမ္းဖက္စစ္ေကာင္စီတပ္ဟာ ဒီမနက္မွာ မေကြးဘက္နဲ႔ မတူပီဘက္ကေန မင္းတပ္ဘက္ကို လာၾကပါတယ္။

ဧၿပီလကစၿပီး မင္းတပ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ မင္းတပ္ျပည္သူ႔တပ္ဖြဲ႔ၾကားတိုက္ပြဲတြင္ CDF Mindat ရဲေဘာ္ ၂၅ ဦး က်ဆံုးသြားပါၿပီ။