သဘာဝတရားရဲ့ ကလဲ့စားချေမှု

Salai Green

ယနေ့ ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေ၊ လူလုပ်ဘေးအန္တရာယ်တွေ တခုပြီးတခုကြုံ့တွေ့တာ မျက်မြင်သက်သေပါပဲ၊ လောလောလတ်လတ်ပြမယ်ဆိုရင် အခု ကိုဗစ်-၁၉ ရောဂါ၊ နာဂစ်မုန်တိုင်း၊ ဆူနာမီ၊ ၂၀၁၅ ရေကြီးရေလျှံမှုမျိုး မြန်မာနိုင်ငံမှာ တောက်လျှောက်တခုပြီးတခု ကျနော်တို့ ကြုံတွေ့နေတာဖြစ်တယ်။

အမှန်မှာ ဒါတွေက ကျနော်တို့ကမ္ဘာကြီးစတင်တည်ရှိကတည်းက ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာ အန္တရာယ်တွေ ကြုံတွေ့ဖို့ ကမ္ဘာကြီးဟာ ဒီလိုစီမံထားတဲ့အရာမဟုတ်ဘူး။

အမိကမ္ဘာမြေကြီးရဲ့ ဂေဟစနစ်ဟာ အရင့်အရင် အာဒံနဲ့ ဧဝခေတ် ကျောက်ခေတ်တုန်းကတော့ သဘာဝကျကျ ချိန်ခွင်လျှာညီမျှစွာရှိခဲ့ပါတယ်။ သက်ရှိနဲ့ သက်မဲ့။ သက်ရှိအချင်းချင်းကြား တခုနဲ့တခုအပြန်အလှန်ဆက်နွယ်မှုရှိတဲ့ commensalism, parasitism (ကပ်ပါးစနစ်), mutualism (အပြန်အလှန်အကျိုးပြုစနစ်) အဲ့ဒီ သုံးခုဟာ တခုနဲ့တခု အတူဒွန်တွဲနေထိုင်လာတာဖြစ်တယ်။
အဲ့ဒါကို the beauty of nature သဘာဝတရားရဲ့အလှ သို့မဟုတ် The balance of nature သဘာဝရဲ့ချိန်ခွင်လျှာညီမျှမှုလို့ခေါ်ဆိုနိုင်ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု ရာသီဥတုဖောက်ပြန်မှု အဲ့ဒီစကားလုံးတွေဟာ လူတိုင်းနားယှဉ်နေတဲ့ စကားလုံးတွေဖြစ်နေပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂကအစ နိုင်ငံအသီးသီးမှာရှိတဲ့ လူတန်းစားအလွှာအသီးသီးကတောင်မှ ဒီအရာကို အဓိကအာရုံစိုက်တဲ့ ဘာသာရပ်တခုဖြစ်လာနေပါပြီ။

ဒါဟာဘာကြောင့်လဲ။ ၎င်းမတိုင်ခင်မှာ ကမ္ဘာကြီးဟာ သဘာဝကျကျ ဂေဟစနစ်ရဲ့ ချိန်ခွင်လျှာညီမျှစွာတည်ရှိခဲ့တယ်ဆိုတဲ့အရာ ဘယ်လိုပုံစံတည်ရှိခဲ့တာလဲ ဆိုတာ အတိုချုပ်လေးနဲ့ သာဓကတစ်ခုနဲ့ပြချင်ပါတယ်။

ကျနော်တို့ရဲ့ ကမ္ဘာဂြိုလ်ကြီးဟာ လေထုအလွှာ ၅ ခုနဲ့ဖုံးလွမ်းထားပါတယ်။ Troposphere, Stratosphere, Mesosphere, Tamosphere, Exosphere ဆိုတဲ့ လေထုအလွှာ ၅ ခုနဲ့ဖုံးလွှမ်းထားပါတယ်။ တစ်ခုနဲ့တစ်ခုဟာ နမိတ်အတိအကျသတ်မှတ်ထားတာရှိသလို အကွာအဝေးအားဖြစ်လည်း တိတိကျကျသတ်မှတ်ချက်ရှိပါတယ်။ အဓိက ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်မှုနဲ့အဓိကဆိုင်တဲ့ ပထမဆုံးအလွှာဖြစ်တဲ့ Troposphere နဲ့ ကျနော်တို့ သက်ရှိတွေရဲ့ အပြန်အလှန်တုန့်လှန်ဆက်နွယ်မှုကို သာဓကတစ်ခုပြောဗျစေ။
ကမ္ဘာ့လေထု ၅ လွှာအနက် ပထမဆုံးအလွှာဖြစ်တဲ့ Troposphere ဟာ ၃၀ ကီလိုမီတာလောက်ထုပါတယ်။ ၎င်းရဲ့အထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ မီသိန်းဓာတ်, ကလိုရိုဖလိုရိုကာဗွန်၊ နိုက်ထရိုက်အောက်ဆိုက် စတဲ့ဓာတ်ငွေ့တွေရှိပါတယ်။ ၎င်းဓာတ်ငွေ့တွေရဲ့အဓိက လုပ်ဆောင်ချက်ကဘာလဲဆိုရင် နေရောင်ခြည်ကိုရရှိတဲ့နေ့အချိန်မှာ အပူဓာတ်ကို စုပ်ယူထားပါတယ်။ ၎င်းဓာတ်ငွေ့တွေမရှိရင် နေရောင်ခြည်မရှိတဲ့ဘက် ခြမ်းဟာ အရမ်းအေးစက်ပြီးတော့ သုညဒီဂရီအောက် ၁၇၀ ကျော်ကျမှာဖြစ်ပါတယ်။ အဲ့ချိန်မှာ မည်သည့် သက်ရှိသတ္တဝါမှ အသက်ရှင်နိုင်မှာမဟုတ်ပါ။ ဒါပေမယ့် အဲ့ဒီဓာတ်ငွေ့ ၅ မျိုးကညအချိန်မှာ အအေးမလွန်ကဲအောင် နေ့အချိန်ကစုပ်ယူထားတဲ့အပူတွေကိုညအချိန်မှာ ပြန်လည်ထုတ်လွင့်ပြီး ညအချိန်အလွန်အေးမယ့်ဒဏ်ကိုထိန်းသိမ်းပေးပါတယ်။

ယင်းကဲ့သို့ အပူထိန်းသိမ်းပေးထားနိုင်စွမ်းကို ဖန်လုံအိမ်အာနိသင်လို့ခေါ်ပါတယ်။
ထိုကဲ့သို အာနိသင်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ မီသိန်း, ကလိုရိုဖလိုရိုကာဗွန်၊ နိုက်ထရိုက်အောက်ဆိုက် တွေကို ဖန်လုံအိမ်ဓာတ်ငွေ့ သို့မဟုတ် မှန်လုံအိမ်ဓာတ်ငွေ့တွေလို့ခေါ်ပါတယ်။

ကမ္ဘာမြေကြီးပေါ်မှာ ရေမြေတောတောင် သက်ရှိ သမုဒ္ဒရာ၊ သစ်ပင်ပန်းမံတွေစတင်တည်ရှိတဲ့ကာလကနေ ၁၈ ရာစုနှောင်းပိုင်းဖြစ်တဲ့ စက်မှုတော်လှန်ရေးမတိုင်ခင်ခေတ် စက်ယန္တာယားကိုလူသားတွေမတီထွင်ခင်ကဆိုရင် ကမ္ဘာ့လေထုထဲမှာရှိတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေဟာ လိုအပ်တဲ့ ပမာဏလောက်သာရှိပြီးတော့ ထိုဓာတ်ငွေ့တွေက ထိန်းသိမ်းထားတဲ့ နေရဲ့အပူဓာတ်ကြောင့် ကမ္ဘာမြေကြီးဟာ သက်ရှိတွေရဲ့ အတော်အသင့်ဖြစ်တဲ့အပူချိန် ၁၈ ဒီဂရီဆလ်စီယစ်လောက်မှာ တည်ရှိလာခဲ့တာဖြစ်တယ်။

၎င်းအပူချိန်ဟာ ကျနော်တို့ သက်ရှိတွေအတွက် နေ့ဘက်ခြမ်း ညဘက်ခြမ်း ကမ္ဘာကြီးနှစ်ဘက်စလုံးမှာရှိတဲ့ သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက်တိကျတဲ့ သို့မဟုတ် လုံလောက်တဲ့အပူချိန်ဖြစ်ပါတယ်။

ထိုကမ္ဘာ့လေထုထဲမှာရှိတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ပမာဏဟာ အရမ်းတိုးလည်းမရ အရမ်းလျော့နည်းလို့လည်းမရပါ။ တိုးလာရင် အပူဓာတ်ဆုပ်ပြီး ကမ္ဘာကြီးဟာလိုအပ်တာထက်ပူနွေးလာမှာဖြစ်ပါတယ်။ လျော့သွားရင်လည်း လိုအပ်တဲ့အပူချိန်ထိန်းသိမ်းနိုင်စွမ်းနည်းပါးလို့ ကမ္ဘာကြီးရဲ့အပူချိန်ဟာကျဆင်းသွားကာ သက်ရှိတွေရဲ့ အသက်ရှင်မှုကို အန္တရာယ်ပြုလာမှာဖြစ်တယ်။

ကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါတွေအားလုံး အသက်တချက်ဆီ ရှုထုတ်လိုက်တိုင်း ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လွှင့်နေပါတယ်။ ၎င်းကာဗွန်ဒိုင်အောက်ဆိုက်တွေကို အပင်တွေကစုပ်ယူ စားသုံးကြပါတယ်။ အဲ့ဒီလိုနဲ့ သက်ရှိတွေရှုထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သစ်ပင်တွေစားသုံးပေးတဲ့တွက်ကြောင့် နဂိုရှိပြီးသားကာဗွန်ဒိုင်အောက်ဆိုက်ဟာ တိုးလည်းမတိုး လျော့လည်းမလျော့ပဲနဲ့ သင့်တော်တဲ့ပမာဏနဲ့ တည်ရှိနေပါတယ်။

ဒီနေရာမှာ သတ္တဝါလို့ပြောလိုက်ရင် အကောင်အကြီးဆုံးကအစ ပိုးမွှားတွေအထိပါဝင်ပါတယ်။ အစိမ်းရောင်အပင်လို့ပြောလိုက်ရင် သစ်ပင်ကြီးတွေကအစ ရေညို့ပင်တွေအထိ အကြုံ့ဝင်ပါတယ်။ ၎င်းဟာဆိုရင် ကျနော်တို့ ပထဝီကမ္ဘာကြီးရဲ့ အချင်းချင်းကြားဆက်နွယ်မှုရဲ့ သာဓကဖြစ်ပါတယ်။
ဒီလို သက်ရှိ၊ သက်မဲ့နဲ့ ဓာတ်တွေကြားအချင်းချင်းချိန်ခွင်လျှာညီညီမျှမျှဆက်နွယ်မှုကို တခုခုက ဝင်နှောက်ယှက်မယ်ဆိုရင် သက်ရှိတွေကို အန္တရာယ်ပြုလာမှာဖြစ်ပါတယ်။ ကမ္ဘာဦးခေတ်ကအစ အေဒီ ၁၈ ရာစုအလယ်အထိမှာတော့ ဒီလို ချိန်ခွင်လျှာညီမျှမှုဟာ သဘာဝကျကျရှိခဲ့ကြပါတယ်။

၁၈ ရာစုနှောင်းပိုင်းကနေ ကမ္ဘာဂြိုလ်ပေါ်မှာရှိတဲ့ သတ္တဝါမျိုးစိတ်တစ်ခုဖြစ်တဲ့ လူသားတွေ လောဘစိတ်၊ ဇိမ်ခံလိုစိတ်၊ အတ္တစိတ်၊ ပျင်းရိစိတ်၊ တကိုယ်ကောင်းဆန်မှု၊ အဆမတန်ပိုင်ဆိုင်လိုမှု၊ အဆမတန်သိုလှောင်လိုမှုဆိုတဲ့အတ္တတွေကြောင့် သဘာဝရဲ့ချိန်ခွင်လျှာကိုထိပါးလာတာဖြစ်တယ်။ အမှန်ဆိုရင် ဂေဟစနစ်ရဲ့ သဘာဝညီမျှမှုဟာ အန်မတန်ထိလွယ်ရှလွယ်တဲ့ မျှခြေဖြစ်ပါတယ်။ အခြားသော သတ္တဝါတွေက ဘယ်သောအခါမှမထိခိုက်တဲ့ ၎င်းချိန်ခွင်လျှာကို လူသားတွေက ဘယ်လိုထိခိုက်လာတာလဲဆိုတာ ကြည့်ရအောင်။

စိုက်ထုတ်အားနည်းနည်းနဲ့ ရလဒ်များစွာကိုပေါ်ထွက်စေတဲ့ စက်ကို အရာကိုလူသားတွေတီထွင်ကြပါတယ်။ ၎င်းစက်ကို အသုံးပြုခြင်းအားဖြင့် အရင်က တစ်ရက် လူ ၅ ဦးကလုပ်တဲ့အရာကို စက်နဲ့ဆိုတစ်ဦးက နေ့တစ်ဝက်မှာအပြီးလုပ်နိုင်လာပါတယ်။
လောင်စာဆီသာအသုံးပြုပြီးမောင်းနှင်တဲ့စက်တွေတီထွင်လာကြတယ်။ ရေနံ၊ ဓာတ်ဆီ၊ ကျောက်မီးသွေးတွေအသုံးပြုပြီး စက်ယန္တာရားတွေလည်ပတ်စေပြီး ၎င်းလောင်စာဆီလောင်ကျွမ်းတဲ့ချိန်မှာ အခိုးအငွေ့တွေ မှန်လုံအိမ်ဓာတ်ငွေ့မှာ အဆမတန်တိုးမြှင့်လာပါတော့တယ်။ ဥပမာ သင်ဟာ ဓာတ်ဆီ ၁ လီတာကို ဆိုင်ကယ်ထဲထည့်ပြီးမောင်းရင် ဓာတ်ဆီ ၁ လီတာကုန်ရင် လေထုထဲမှာ လေထုကိုပူနွေးစေတဲ့ မှန်လုံအိမ် ကာဗွန်ဒိုင်အောက်ဆိုက် လီတာပေါင်း ၁၃၀၀-၁၅၀၀ ကြားလောက်ရောက်ရှိသွားပါတယ်။

ရာစုနှစ် ၃ခုနီးပါး တကမ္ဘာလုံးမှာ ရှိတဲ့စက်၊ စက်ရုံတွေကနေ လောင်စာလောင်ကျွမ်းမှုကနေထုတ်လုပ်မယ့် မှန်လုံအိမ်ဓာတ်ငွေ့ပမာဏ ဘယ်လောက်များမလဲ။ စက်တွေမပေါ်ခင် သတ္တဝါတွေအားလုံး ရှုထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ အပင်တွေစားသုံးတဲ့ပမာဏနဲ့ညီမျှတယ်လို့ဖော်ပြထားပါပြီ။ ဒါဆိုရင် အဲ့ဒီညီမျှတဲ့ချိန်ခွင်ပေါ်မှာ နောက်ထပ် စက်အားလုံးက နှစ်ပေါင်း ၃၀၀ လောက်ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏဘယ်လောက်များမလဲ။ ဒါဟာ သဘာဝရဲ့ချိန်ခွင်လျှာညီမျှမှုပေါ်မှာ အဆမတန် ကြီးမားတဲ့ နှောက်ယှက်မှုကိုထပ်ပေါင်းထည့်တာဖြစ်တယ်။ အဲ့ဒီပြစ်မှုကိုကျူးလွန်သူဟာ လူသား သတ္တဝါသာလျှင်ဖြစ်ပါတယ်။

တခြားသတ္တဝါတွေထက် ဉာဏ်ရည်အမြင့်ဆုံးလို့ မိမိကိုယ်ကိုခံယူတဲ့ လူသတ္တဝါတွေဟာ အရမ်းကြောက်မက်ဖွယ်ကောင်းတဲ့ စက်ဆိုတဲ့အရာကိုအသုံးပြုပြီး လောဘတွေနဲ့ အခြားသတ္တဝါများရဲ့နယ်မြေကိုကျူးကျော်လာပြီးတော့ သတ္တဝါနဲ့သက်ရှိအားလုံးက ညီတူညီမျှပိုင်ဆိုင်တဲ့ ကမ္ဘာ့လေထုနဲ့ ရေမြေတောတောင်ရဲ့ ဂေဟစနစ်ချိန်ခွင်လျှာကို ထိခိုက်ပျက်ပြားစေလာတာဖြစ်တယ်။ ထိုစက်ကိုအသုံးပြုပြီး ကျူးကျော်နိုင်မှုကို လူသားတွေက ဖွံ့ဖြိုးတိုးတက်မှုလို့ခေါ်သတဲ့။ ယနေ့ ၂၀၂၂ ခုနှစ်မှာတွေ့ရတဲ့ ပျားအုံပုံစံဟာ အာဒံ နဲ့ ဧဝခေတ်က ပျားအုံပုံစံနဲ့အတူတူပါပဲ၊ ယနေ့ ငှက်သိုက်ဟာ နောဧခေတ်က ငှက်သိုက်နဲ့ အတူတူပါပဲ။ ဒါပေမယ့် လူသားတွေဟာ ကျောက်ခေတ်တုန်းကလို ကျောက်အချွန်တွေ၊ တိရိစ္ဆာန်တွေရဲ့အရိုးအချွန်တွေအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးပြီးစားသုံးတာကို အားမလိုအားမရဖြစ်ပြီး လောဘစိတ်နဲ့စက်ကိုတီထွင်ပြီး အဆမတန် ထွန်ယက်စိုက်ပျိုးတယ်။ အဆမတန်ပိုင်ဆိုင်လိုတယ်။ ဇိမ်ခံလိုမှုကလည်း တနေ့ပြီးတနေ့တိုးလာပြီးတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ဂေဟစနစ်ကို ဖြတ်ဆီးလာပါတော့တယ်။

ကမ္ဘာမြေဆီလွှာကို ပြောင်းပြန်လှန်တယ်။ လက်နက်တွေစမ်းသပ်ဖို့ရေထုကိုညစ်ညမ်းစေတယ်။ ဒါတွေအားလုံးဟာ လူသားတွေရဲ့ အတ္တစိတ်ပေါ်မှာအခြေခံပါတယ်။ တခြားသတ္တဝါတွေရဲ့ အမြင်ရှုထောင့်ကနေကြည့်မယ်ဆိုရင် လူသားတွေဟာ သဘာဝကျကျနေထိုင်လာတဲ့ အခြားသောသတ္တဝါတွေအတွက် ကျူးကျော်နယ်ချဲ့သူတွေသာလျှင်ဖြစ်တယ်။ သူတို့ စားကျက်မြေ၊ နယ်နမိတ်ကို နေ့စဉ်နဲ့အမျှကျူးကျော်နေပါတယ်။ ဖျက်ဆီးနေတယ်။ သူတို့ရဲ့အသက်အန္တရာယ်ပြုတယ်။ သူတို့အသားကိုစားတယ်။ ဒါဟာ တရားသလာ။ မတရားပါ။ ရေကြီး၊ မုန်တိုင်း၊ မြေပြိုမှုဖြစ်လာရင် တခြားသတ္တဝါတွေမခံသင့်ဘူး။ လူသားတွေကပဲ ခံပါစေဆိုပြီး လူသားတွေကိုပဲ ခံစားစေလို့လည်းမရ။ အားလုံး သဘာဝဘေးရဲ့ဆိုးကျိုးကိုအတူတူခံစားတာကြောင့် ဒါဟာ မတရားရာကျလွန်းပါတယ်။ အဲ့ဒီမတရားမှုကျူးလွန်သူကို တရားစွဲမယ်ဆိုပြီးတော့ သစ်ပင်တွေ၊ မြစ်ချောင်းတွေ၊ ရေနေကုန်းနေလေပေါ်ပျံဝဲတဲ့သတ္တဝါတွေက တရားရုံးမှာထွက်ဆိုပြန်မယ်ဆိုရင်လည်း သူတို့က လူသားတွေရဲ့စကားပြောလို့မရပြန်ဘူး။ စကားမပြောနိုင်တဲ့ ကလေးသူငယ်နဲ့ စွံ့အတွေကို သူတို့က စကားမပြောနိုင်ဘူး၊ ငါတို့ကို တရားမစွဲနိုင်ဘူးဆိုတိုင်း ကျနော်တို့ အနိုင်ကျင့်စော်ကားနေလို့မရပါဘူး။ ဒါဟာ ကောင်းသလာ။ မတရားပါဘူး။ အစိမ်းရောင်အပင်တွေက ဂေဟစနစ်ပေါ်တာဝန်ကျေပွန်မှုလောက်တောင်မှ ကျနော်တို့က တာဝန်မကျေတဲ့အပြင် အခြားသက်ရှိတွေကို မိမိပိုင်ဆိုင်တဲ့ပစ္စည်းသဖွယ်အသုံးချကြီးစိုးချယ်လှယ်နေတဲ့ လူသားတွေဟာ အခြားသတ္တဝါနဲ့သက်ရှိတွေရဲ့အမြင်မှာ မကောင်းဆိုးရွားသတ္တဝါကြီးသာလျှင်ဖြစ်ပါတယ်။

ဒါကြောင့် သတ္တဝါအားလုံးကို ကာကွယ်ဖို့ ကမ္ဘာ့ကုလသမဂ္ဂက ၂၀၁၀ ခုနှစ် ဒီဇင်ဘာမှပြဌာန်းထားတဲ့ ဥပဒေ နံပါတ် ၇၁ မှာ အမိကမ္ဘာမြေရဲ့အခွင့်အရေး (Universal declaration fo the right of mother Earth) လူသားမဟုတ်တဲ့အခြား သက်ရှိတွေရဲ့ ဥပဒေအရ ရပိုင်ခွင့်ကိုကာကွယ်ပေးတဲ့ ကြေညာစာတမ်းကိုထုတ်ပြန်ပြီး နိုင်ငံအသီးသီးကို အသုံးချဖို့တိုက်တွန်းလာပါတယ်။ နိုင်ငံအတော်များများက မိမိတို့နိုင်ငံမှာအသုံးပြုကြဖို့အစီစဉ်ဆွဲလာကြပါတယ်။ ဦးဆောင်သူအနေနဲ့ အီကွေဒေါနိုင်ငံ၊ နယူဇီလန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သြစတြေးလျ၊ အမေရိကန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ သူတို့နိုင်ငံတွင်း ဥပဒေတွင်းပြဌာန်းပြီး လက်တွေ့ကျကျအသုံးပြုလာပါတော့တယ်။

ယခုကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂမှ လူသားမဟုတ်သော သက်ရှိများရဲ့ အခွင့်အရေးကို ကာကွယ်ပေးသည့်ဥပဒေ ပြဌာန်းသည့်အကြားကပြင် ကမ္ဘာ့နိုင်ငံအများစုက ဆက်လက်လှစ်လျှိုရှုနေပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတကာခုံရုံးတွင် တရားစွဲထွက်ဆိုနိုင်စွမ်းမရှိသည့် သတ္တဝါများအားလုံး၏ အစောင့်နတ်ဖြစ်သည့် သဘာဝတရားက ၎င်းသက်ရှိအားလုံးကိုယ်စား စတင် ကလဲ့စားချေလျက်ရှိပါသည်။ ကိုဗစ်-၁၉ ကဲ့သို့သော၊ နာဂစ်မုန်တိုင်းကဲ့သို့သော၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာသည့်အခါ နဂိုက စာနာမှုကင်းမဲ့စွာ ပြုမှုခဲ့သည့်လူသားများသည် “သဘောဝတရားကြီးက ရက်စက်လိုက်တာ” လို့ အရှက်မဲ့စွာ ညေးတွားပြန်တယ်။ အတ္တနဲ့ လောဘကို ရှေ့တန်းတင်လျက် လူသားများက ယခုကဲ့သို့ သဘာဝတရားအပေါ် ဆက်လက်ရက်စက်ကျူးကျော်နေမယ်ဆိုရင် သဘာဝတရားကြီးကလည်း လက်ပိုက်ကြည့်နေမှာမဟုတ်ပါ။ နှစ်ပေါင်း ၃၀ ကြာမမြင်တွေ့ရသည့် ဟိမန္တဒါတောင်ကို ကိုဗစ်-၁၉ ကန့်သတ်ချက်ရဲ့ ကျေးဇူးကြောင့် အိန္ဒိယဒေသခံများက ပထမဆုံး ပြန်လည်လှမ်းမြင်နေရသည်မှာလည်း သဘာဝတရားနဲ့ လူသားမဟုတ်သော တရားသက်ရှိများ၏အမြင်တွင် လက်ခုပ်သြဘာပေးထိုက်လောက်သည့် ခလဲ့စားချေအောင်မြင်မှုကြီး မဖြစ်ဘူးလာ။