ဟားခါးတွင် အပူချိန် အနုတ် ၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ထိရောက်ရှိ စံချိန်ချိုးရန်အနည်းငယ်သာလို

ဟားခါးမြို့တွင် ခုတလော အအေးဓာတ်ပိုနေပြီး ဒီနေ့တွင် အနုတ် ၃ ဒသမ ၃ဒီဂရီစင်တီဂရိတ်ထိရောက်ရှိနေတယ်လို့ ချင်းပြည်နယ် မိုးဇလရုံးမှသတင်းရရှိပါတယ်။

ချင်းပြည်နယ် မိုးဇလရုံးမှ ဝန်ထမ်းတစ်ဦးက “အခုက အေးတာမဟုတ်တော့ အသားတွေနာနေတယ်။ ရေထိရင်လည်း မအေးတော့ဘူး လက်ကိုတစ်ခုခုက ကြိုက်ထားသလိုမျိုးနာတယ်။ သစ်ရွက်တွေလည်း အကုန်လုံးဖြူနေတယ်။ နှင်းတွေလည်းကျတယ်။ ဒီအပူချိန်က စံချိန်းတော့မချိုးသေးဘူး။ စံချိန်က အနုတ် ၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပါ” လို့ပြောပါတယ်။

အအေးဆုံးစံချိန်ချိုးတဲ့နှစ်မှာ ၁၉၉၅ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်တွေမှာ အနုတ် ၄ ဒသမ ၅ ရှိပါတယ်။ လက်တလော ဟားခါးမြို့ရဲ့ အပူချိန်တွေကတော့ ဇန်နဝါရီ (၂၅)ရက်တွင် အနုတ် ၁ ဒသမ ၀ ဒီဂရီစင်တီဂရိတ်၊ ဇန်နဝါရီ (၂၆)ရက်တွင် အနုတ် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။

ချင်းပြည်နယ် အခြားမြို့တွေရဲ့ အအေးဆုံး ညအပူချိန်ကတော့ ဖလမ်းမြို့တွင် ဇန်နဝါရီလ (၂၅)ရက် နဲ့ (၂၇)ရက်တွင် ၄ ဒသမ ၀ ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြို့တွင် ဇန်နဝါရီလ (၂၅)ရက်ညတွင် ၂ ဒသမ ၀ ဒီဂရီစင်တီဂရိတ်၊ တွန်းဇံမြို့တွင် ဇန်နဝါရီလ (၂၇)ရက်တွင် ၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်၊ မင်းတပ်မြို့တွင် ဇန်နဝါရီလ (၂၆)ရက်တွင် ၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ မတူပီမြို့တွင် ဇန်နဝါရီလ (၂၇)ရက်တွင် ၅ ဒသမ ၃ ဒီဂရီစင်တီဂရိတ်၊ ပလက်ဝမြို့တွင် ဇန်နဝါရီလ (၂၆)ရက်တွင် ၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ချင်း၊ရှမ်းပြည်နယ်နဲ့ နေပြည်တော်၊ စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဆက်လက် အအေးပိုနိုင်တယ်လို့ မိုးဇလညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

(Zawgyi)

ဟားခါးတြင္ အပူခ်ိန္ အႏုတ္ ၃ ဒသမ ၃ ဒီဂရီစင္တီဂရိတ္ထိေရာက္ရွိ စံခ်ိန္ခ်ဳိးရန္အနည္းငယ္သာလို

ဟားခါးၿမိဳ႕တြင္ ခုတေလာ အေအးဓာတ္ပိုေနၿပီး ဒီေန႔တြင္ အႏုတ္ ၃ ဒသမ ၃ဒီဂရီစင္တီဂရိတ္ထိေရာက္ရွိေနတယ္လို႔ ခ်င္းျပည္နယ္ မိုးဇလ႐ုံးမွသတင္းရရွိပါတယ္။

ခ်င္းျပည္နယ္ မိုးဇလ႐ုံးမွ ဝန္ထမ္းတစ္ဦးက “အခုက ေအးတာမဟုတ္ေတာ့ အသားေတြနာေနတယ္။ ေရထိရင္လည္း မေအးေတာ့ဘူး လက္ကိုတစ္ခုခုက ႀကိဳက္ထားသလိုမ်ိဳးနာတယ္။ သစ္႐ြက္ေတြလည္း အကုန္လုံးျဖဴေနတယ္။ ႏွင္းေတြလည္းက်တယ္။ ဒီအပူခ်ိန္က စံခ်ိန္းေတာ့မခ်ိဳးေသးဘူး။ စံခ်ိန္က အႏုတ္ ၄ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ ပါ” လို႔ေျပာပါတယ္။

အေအးဆုံးစံခ်ိန္ခ်ိဳးတဲ့ႏွစ္မွာ ၁၉၉၅ ခုႏွစ္၊ ၂၀၀၀ ျပည့္ႏွစ္၊ ၂၀၁၁ ခုႏွစ္ေတြမွာ အႏုတ္ ၄ ဒသမ ၅ ရွိပါတယ္။ လက္တေလာ ဟားခါးၿမိဳ႕ရဲ႕ အပူခ်ိန္ေတြကေတာ့ ဇန္နဝါရီ (၂၅)ရက္တြင္ အႏုတ္ ၁ ဒသမ ၀ ဒီဂရီစင္တီဂရိတ္၊ ဇန္နဝါရီ (၂၆)ရက္တြင္ အႏုတ္ ၂ ဒသမ ၃ ဒီဂရီစင္တီဂရိတ္ ျဖစ္ပါတယ္။

ခ်င္းျပည္နယ္ အျခားၿမိဳ႕ေတြရဲ႕ အေအးဆုံး ညအပူခ်ိန္ကေတာ့ ဖလမ္းၿမိဳ႕တြင္ ဇန္နဝါရီလ (၂၅)ရက္ နဲ႔ (၂၇)ရက္တြင္ ၄ ဒသမ ၀ ဒီဂရီစင္တီဂရိတ္၊ တီးတိန္ၿမိဳ႕တြင္ ဇန္နဝါရီလ (၂၅)ရက္ညတြင္ ၂ ဒသမ ၀ ဒီဂရီစင္တီဂရိတ္၊ တြန္းဇံၿမိဳ႕တြင္ ဇန္နဝါရီလ (၂၇)ရက္တြင္ ၄ ဒသမ ၃ ဒီဂရီစင္တီဂရိတ္၊ မင္းတပ္ၿမိဳ႕တြင္ ဇန္နဝါရီလ (၂၆)ရက္တြင္ ၃ ဒသမ ၅ ဒီဂရီစင္တီဂရိတ္၊ မတူပီၿမိဳ႕တြင္ ဇန္နဝါရီလ (၂၇)ရက္တြင္ ၅ ဒသမ ၃ ဒီဂရီစင္တီဂရိတ္၊ ပလက္ဝၿမိဳ႕တြင္ ဇန္နဝါရီလ (၂၆)ရက္တြင္ ၈ ဒသမ ၈ ဒီဂရီစင္တီဂရိတ္ ျဖစ္ပါတယ္။

ဆက္လက္ၿပီးေတာ့ ခ်င္း၊ရွမ္းျပည္နယ္နဲ႔ ေနျပည္ေတာ္၊ စစ္ကိုင္းအထက္ပိုင္း၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီတုိင္းေဒသၾကီးတြင္ ဆက္လက္ အေအးပိုႏိုင္တယ္လို႔ မိုးဇလညႊန္ၾကားမႈဦးစီးဌာနက သတိေပးထားပါတယ္။