ဟားခါးမြို့တွင် ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် အနိမ့်ဆုံးအပူချိန် အနှုတ် ၁ ရောက်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒီမနက် ဒီဇင်ဘာ ၁၅ ရက်တွင် ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် အနိမ့်ဆုံး အပူချိန် အနှုတ် ၁ ရောက်ရှိသွားတယ်လို့ ပြည်နယ် မိုးဇလဌာနကနေ သတင်းရရှိပါတယ်။

မနှစ် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင်း အနိမ့်ဆုံးအပူချိန် အနှုတ် ၅ အထိရောက်ရှိပြီး ဒီနှစ်မှာတော့ အရင်နှစ်လို အအေးလွန်ကဲမှာမဟုတ်ဘူးလို့လည်း ချင်းပြည်နယ် မိုးဇလဘက်ကနေ သတင်းရရှိထားပါတယ်။

ချင်းပြည်နယ်တွင် ဟားခါးမြို့ဟာ အအေးဆုံးနေရာဖြစ်ပြီး တီးတိန်၊ ဖလမ်း၊ မင်းတပ် နဲ့ မတူပီတို့လည်း အအေးပိုတဲ့မြို့တွေဖြစ်ပါတယ်။

Zawgyi



၂၀၂၀ ခုနှစ်က ပုံဟောင်းဖြစ်ပါတယ်။

