အင်္ဂလိပ်ခေတ်က ချင်းနဲ့ စစ်ကိုင်းတိုင်း နယ်နမိတ်ကျောက်တိုင်ပြန်လည်ရှာဖွေပြီး ၅ နေရာတွင် ယာယီမှတ်တိုင်စိုက်ထူ

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကြား အင်္ဂလိပ်ခေတ်က နယ်နမိတ်ကျောက်တိုင်များကိုပြန်လည်ရှာဖွေပြီး မှတ်တိုင် ၅ နေရာတွင် ယာယီသစ်သားမှတ်တိုင်စိုက်ထူသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းနယ်နမိတ် မှတ်တိုင်စိုက်ထူခြင်းတွင် နေပြည်တော်မြေတိုင်းဦးစီးဌာနမှညွှန်ကြားရေးမှူးဦးဆောင်သောအဖွဲ့ ဝင်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်များ၊ ကလေးခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်များ၊ ကလေးမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်များ၊ နှစ်ဘက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊သစ်တောဦးစီးဌာနတာဝန်ရှိသူများရပ်မိရပ်ဖများကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများဒေသခံပြည်သူများပါဝင်ကြပါတယ်။

တွန်းဇံ မြို့နယ်အုပ်ချုပ်ရေးမှူး ဆလိုင်းထောင်းက “ဒီလမှာ ၅ တိုင်စိုက်တယ်။ ပြီးတော့ ဇန်နဝါရီလကနေ မတ်လအထိ ထပ်စိုက်မယ်။ အားလုံးပေါင်း ၂၁ တိုင်ရှိတယ်။ ဖလမ်းမြို့နယ်အထိ။ ခုက နယ်နမိတ်မတိုင်းသေးဘူး။ အင်္ဂလိပ်ခေတ်တုန်း နယ်နမိတ်ကျောက်တိုင်စိုက်ထားတာတွေကို ပြန်ရှာပြီးတော့ ဖော်ထုတ်တာပဲရှိသေးတယ်။ အဲ့ဒါပြီးမှာ နယ်နမိတ်လိုင်းတွေပြန်ဆွဲမှာ။ ယာယီဆိုတာက သစ်သားတိုင်ပဲစိုက်လို့၊ အဲ့နေရာမှာပဲ ကွန်ကရစ်တိုင်နဲ့ ပြန်စိုက်မယ်” လို့ပြောပါတယ်။

နယ်နမိတ်မှတ်တိုင်စိုက်ထူတဲ့နေရာတွေကတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ကြားတွင် မှတ်တိုင် ၄ တိုင်၊ တွန်းဇံမြို့နယ်နဲ့ ကလေးမြို့နယ်ကြားတွင် မှတ်တိုင် ၁ တိုင် စိုက်ထူကြပါတယ်။

ဒီဇင်ဘာလ နယ်နမိတ်တိုင်စိုက်ထူခြင်းကို ၁၆ ရက်မှ ၁၈ ရက်အထိဆောင်ရွက်ကြပြီး ယင်းမှတ်တိုင်ဟာ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၃၈ ပြန်တမ်းအမှတ် ၆၈၀ အရ မြေပုံပေါ်မှာ(၁)မီလီမီတာပေါ်အခြေခံ၍ ပြန်လည်ဖော်ထုတ်ခြင်းဖြစ်ပါတယ်။

(Zawgyi)

အဂၤလိပ္ေခတ္က ခ်င္းနဲ႔ စစ္ကိုင္းတုိင္း နယ္နမိတ္ေက်ာက္တုိင္ျပန္လည္ရွာေဖြၿပီး ၅ ေနရာတြင္ ယာယီမွတ္တုိင္စိုက္ထူ

ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတုိင္းေဒသၾကီးၾကား အဂၤလိပ္ေခတ္က နယ္နမိတ္ေက်ာက္တုိင္မ်ားကိုျပန္လည္ရွာေဖြၿပီး မွတ္တိုင္ ၅ ေနရာတြင္ ယာယီသစ္သားမွတ္တုိင္စိုက္ထူသြားတယ္လုိ႔သတင္းရရွိပါတယ္။

ယင္းနယ္နမိတ္ မွတ္တုိင္စုိက္ထူျခင္းတြင္ ေနျပည္ေတာ္ေျမတိုင္းဦးစီးဌာနမွၫႊန္ၾကားေရးမႉးဦးေဆာင္ေသာအဖြဲ႕ ဝင္မ်ား၊ ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွတာဝန္ရွိသူမ်ား၊ တြန္းဇံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ဝင္မ်ား၊ ကေလးခ႐ိုင္ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ဝင္မ်ား၊ ကေလးၿမိဳ႕နယ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ဝင္မ်ား၊ ႏွစ္ဘက္ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊သစ္ေတာဦးစီးဌာနတာဝန္ရွိသူမ်ားရပ္မိရပ္ဖမ်ားေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ားေဒသခံျပည္သူမ်ားပါဝင္ၾကပါတယ္။

တြန္းဇံ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဆလုိင္းေထာင္းက “ဒီလမွာ ၅ တုိင္စိုက္တယ္။ ၿပီးေတာ့ ဇန္နဝါရီလကေန မတ္လအထိ ထပ္စိုက္မယ္။ အားလံုးေပါင္း ၂၁ တုိင္ရွိတယ္။ ဖလမ္းၿမိဳ႕နယ္အထိ။ ခုက နယ္နမိတ္မတုိင္းေသးဘူး။ အဂၤလိပ္ေခတ္တုန္း နယ္နမိတ္ေက်ာက္တုိင္စိုက္ထားတာေတြကို ျပန္ရွာၿပီးေတာ့ ေဖာ္ထုတ္တာပဲရွိေသးတယ္။ အဲ့ဒါၿပီးမွာ နယ္နမိတ္လုိင္းေတြျပန္ဆြဲမွာ။ ယာယီဆိုတာက သစ္သားတုိင္ပဲစိုက္လို႔၊ အဲ့ေနရာမွာပဲ ကြန္ကရစ္တုိင္နဲ႔ ျပန္စိုက္မယ္” လို႔ေျပာပါတယ္။

နယ္နမိတ္မွတ္တုိင္စိုက္ထူတဲ့ေနရာေတြကေတာ့ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ နဲ႔ စစ္ကိုင္းတုိင္းေဒသၾကီး တမူးၿမိဳ႕နယ္ၾကားတြင္ မွတ္တုိင္ ၄ တုိင္၊ တြန္းဇံၿမိဳ႕နယ္နဲ႔ ကေလးၿမိဳ႕နယ္ၾကားတြင္ မွတ္တုိင္ ၁ တုိင္ စုိက္ထူၾကပါတယ္။

ဒီဇင္ဘာလ နယ္နမိတ္တုိင္စိုက္ထူျခင္းကို ၁၆ ရက္မွ ၁၈ ရက္အထိေဆာင္ရြက္ၾကၿပီး ယင္းမွတ္တုိင္ဟာ ျပည္ထဲေရးဝန္ႀကီးဌာန၏ ၁၉၃၈ ျပန္တမ္းအမွတ္ ၆၈၀ အရ ေျမပုံေပၚမွာ(၁)မီလီမီတာေပၚအေျခခံ၍ ျပန္လည္ေဖာ္ထုတ္ျခင္းျဖစ္ပါတယ္။

နောက်ဆုံးရသတင်း