အာဏာသိမ်းပြီးနောက် စီးပွားဖြစ်တဲ့ လုပ်ငန်းတစ်ခု

မောင်ချင်း

ဒီနေ့ ထီထွက်တာရယ်၊ချဲ ထွက်တာရယ်ကြောင့် တွေးစရာ ရသွားတယ်။ တလောက ၂၀၂၁ ခုနှစ် ဇူလိုင်လ ထီရောင်းအားသည် ဇန်နဝါရီလရောင်းအားထက် (၃၂)ဘီလီယံ ကျဆင်းခဲ့တယ် လို့ BETV သတင်းဌာနက ဖော်ပြထားတာ ဖတ်လိုက်ရတယ်။

ဆိုတော့ ထီရောင်းချမှုကနေ လစဉ် ရရှိမယ့် ကျပ်(၃၂)ဘီလီယံခန့် မရတော့တဲ့အတွက် အစိုးရဝင်ငွေ ပျမ်းမျ(၁၆)ဘီလီယံ နစ်နာနေတဲ့ သဘောပဲ။ ဘာကြောင့်ဆို ထီသဘောက ရငွေရဲ့ ထက်ဝတ်ခန့်ကို ဆုကြေးအဖြစ် ပြန်ပေးလို့ပါ။

ဒီနေ့ ထီဆုကလည်း အမြင့်ဆုံး ဆုကြေး သိန်း(၅၀၀၀)ပဲ ပေးနိုင်တော့တယ်။ ထီပေါက်စဉ်မှာတောင် ရောင်းအားကျလို့လား မသိ တစ်ဦးတည်းကပဲ ကျပ်သိန်း(၅၀၀၀)၊ကျပ်သိန်း(၂၀၀)၊ကျပ်သိန်း(၁၀၀) သုံးဆု ပေါက်တယ်။ နေပြည်တော်ကတဲ့။

တက်ထားတဲ့ သတင်းအချို့မှာလည်း ထီကိုယ်စလှယ်တွေ အရောင်းမဖြစ်တော့လို့ ဆိုင်ပြောင်းဖွင့်တာ၊မရောင်းပဲ ရပ်နားတာတွေ ရှိလာတယ် လို့ ဆိုတယ်။ ဆိုတော့ ထီရောင်းအားကျဆင်းမှုက ဘယ်အပေါ် ဝယ်လိုအား တိုးစေလဲ ဆိုရင် နှစ်လုံး၊သုံးလုံးအပေါ် ထိုးအား မြင့်တက်လာစေတယ်။
အစောပိုင်းလတွေတုန်းက ထိုင်းထီ၊စလုံးထီတွေ ခောတ်ထပေမယ့် ပေါက်အားနည်းတာရယ်၊ဈေးကြီးတာရယ်ကြောင့် နောက်ပိုင်း ထိုးသူလျော့ကျသွားတယ်။‌ြ ပည်သူတွေ ငွေသုံးစရာမရှိတာလည်း ဖြစ်နိုင်တာပေါ့လေ။

ဆိုတော့ ထီဝင်ငွေကျဆင်းမှုက တလကို ကျပ်(၃၂)ဘီလီယံ ရှိနေတယ်။ အဲထဲက အချို့သည် နှစ်လုံးထီနဲ့ သုံးလုံးသမားတွေဆီ ရောက်လာတယ်လို့တောင် ဆိုနိုင်တယ်။ လူတန်းစားမရွှေးထိုးနိုင်တဲ့ အခြေအနေဖြစ်လာသလို အနည်းဆုံး ကျပ် (၅၀၀)လောက်ကနေ လောင်းကြေး တိုးမြင့်လို့ ရနေတယ်။

နှစ်လုံးဆိုရင် ကဏန်းပေါင်း (၁၀၀)ထဲကပဲ ထွက်တာ။ သုံးလုံးဆိုရင် ကဏန်းပေါင်း(၁၀၀၀)ပေါ့။
ဒါက ချဲထက် ပိုပေါက်နိုင်ခြေများတယ် လို့ ယေဘုယျတွက်နိုင်သလို အတိက်၊နမိက်ကောက်တက်တဲ့ ဒီနိုင်ငံမှာ အကောင်းဆုံးဖြစ်နေတယ်။

ကျပ်(၅၀၀)လောက်က စတာမို့ အိမ်စရိက်ကို မထိခိုက်ဖူး ဆိုပြီး ထိုးကြသူ များတယ်။ အမှန်တော့ နှစ်လုံး၊သုံးလုံးကြောင့် အိမ်တိုင်ချွက်ရသူတွေ၊ဘဝပျက်သူတွေ မနည်းလှပေမယ့် ထီထက် ငွေကြေးကုန်ကျမှု နည်းတာကြောင့် လူကြိုက်များနေဆဲပဲ။

မအလအုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ထီမထိုးရေးလှုံဆော်မှုနဲ့အတူ လူတွေအများစု ချဲ၊နှစ်လုံးဘက်ကို အာရုံပိုရလာကြတယ်။ ငွေကြေးပမာဏနည်းနည်းနဲ့ ထိုးနိုင်တာမို့ ဒီလောင်းကစားလုပ်ငန်းက ခေါင်းထောင်လာတာ ပိုမြန်လာတယ်။

နဂိုကတည်းကလည်း နယ်တွေမှာ ပစားပေးပြီးစနစ်နဲ့မို့ အလုပ်ဖြစ်နေတာပါ။ အခုနောက်ပိုင်း ပိုအလုပ်ဖြစ်လာတယ်။ ထီမရောင်းရလို့ ဆုံးရှုံးရတဲ့ တစ်လကျပ်(၃၂)ဘီလီယံထဲက အနည်းဆုံး (၅)ဘီလီယံလောက်သည် နှစ်လုံး၊သုံးလုံးလောကထဲ ဝင်ရောက်နေတယ် လို့ ခန့်မှန်းရပါတယ်။

နှစ်လုံး ဆို တစ်နေ့ နှစ်ကြိမ်ထွက်တယ်။ ချဲကတော့ တလကို နှစ်ခါ ထွက်တော့ ထိုးရလွယ်တယ်။ ကိုယ်တွေတောင် ချဲတော့ ရှေ့လလယ်လောက်က ထိုးပါသေးတယ်။

ဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း တလကို အနည်းဆုံး ကျပ်(၅)ဘီလီလောက် ဝင်နေတယ် ယူဆတယ်။နဂိုကလည်း အနည်းဆုံး ချဲ၊နှစ်လုံးလုပ်ငန်းထဲ ကျပ်(၇)ဘီလီယံလောက်ထိ ရှိတယ် ခန့်မှန်းတာပဲ။ စာရင်းအတိအကျတော့ မရှိပါ။

သို့သော် နိုင်ငံလူဦးရေ(၅၄)သန်းအနက် (၇၀)ရာခိုင်နှုန်းသည် ကျေးလက်မှာပါ။ ချဲရောင်းအား အများစုသည် ကျေးလတ်ဒေသကို မှီခိုပြီး နှစ်လုံးထီကတော့ မြို့ပေါ်၊ဆင်ခြေဖုံးရပ်ကွက်အများစုကို လွမ်းမိုးထားတာ တွေ့ရတယ်။

ထီကတော့ မြို့ပေါ်နေ လူတန်းစားကို အဓိက မှီခိုထားတာပါ။ ဆိုတော့ ချဲ ကို လူတစ်ဦးချင်း ထိုးအားသည် ပျမ်းမျှ (၁၀၀၀)မှ (၃၀၀၀)ကြားပါ။ ချဲကို လူတစ်ဦးက အနည်းဆုံး ကဏန်း (၂)လုံးကနေ (၃)လုံးအထိ ထိုးတက်ပါတယ်။ ထီထိုးအားကတော့ ပျမ်းမျ တစ်ဦးချင်း ကျပ်(၃၅၀၀)ကနေ ကျပ်(၁၅၀၀၀)ပါ။ ထီကို လူတစ်ဦးက ပျမ်းမျ အနည်းဆုံး (၃)စောင်ကနေ အများဆုံး (၁၀)စောင်အထိ ထိုးပါတယ်။

သို့သော် ထီထိုးအားထက် ချဲထိုးအားက ပိုပြီး များတာ တွေ့ရပါမယ်။ ထိုးရ လွယ်ကူခြင်း၊ လူအများအပြား ထိုးလေ့ရှိခြင်း၊ ဝင်ငွေနှင့် နှိုင်းလျှင် ကာမိတက်ခြင်း၊ အခြေခံမိသားစုများတွက် အားကိုးရာ နွယ်ကဲ့သို့ ဖြစ်နေခြင်း၊ ချဲပေါက်သည်မှာ မိမိနေထိုင်ရာ ရပ်ကွက်၊ဝန်းကျင်အတွင်း ဂုဏ်ယူစရာ ဖြစ်ခြင်း တို့ကြောင့် လူကြိုက်ပိုများတယ်။

ဒါကြောင့် ထိုးသူဦးရေ ပိုတက်လာတာတွေ့ရတယ်။ ကိုယ်တိုင်လည်း ထိုးပါတယ်။ ဆိုတော့ ချဲဒိုင်တွေရဲ့ ဝင်ငွေက တလတလကို အနည်းဆုံး ကျပ်(၁၀)ဘီလီယံအထက် ရှိနိုင်တယ်။ေ ပါက်ကြေးကလည်း အဆ(၅၀) ထင်တယ်။ ဒီပမာဏက ကဏန် တခုတည်းတွက်ပဲ ဖြစ်ပြီး ကဏန်း(၁၀၀၀)မှာ ကဏန်းပေါင်း(၉၉၉)လုံးကို ဒိုင်စားပါတယ်။

ဆိုတော့ ချဲဒိုင်တွေ အမြတ်ကြမ်းတာ တွေ့ရတယ်။ တချို့ကလည်း အစုလိုက်အပြုံလိုက် ပေါက်ကြလို့ ဒိုင်ပြေးတဲ့ သတင်းတွေက ငယ်စဉ်ကတည်းက ကြားဖူးတယ်။ သို့သော် သိမှတ်မိသလောက် ဒိုင်ချုပ်ကြီးတွေက တခါမှ ဆင်းရဲတာ၊မလျော်နိုင်လို့ ပြေးတာမျိုးတော့ မတွေ့ဖူးသေးပဲ ပိုချမ်းသာလာကြတာတေ့ာ အတိုင်းသား မြင်ရတယ်။

တစ်လကို ကျပ်(၁၀)ဘီလီယံနဲ့ အထက် ဆိုပေမယ့် တစ်ဦးတည်းက ရတာမျိုး မဟုက်ပဲ တနိုင်ငံလုံးမှာ ရှိတဲ့ ဒိုင်တွေက ခွဲဝေယူတာပါ။ ထိုင်းထီကို အခြေခံပြီး (၁၅)ရက်တခါ ထွက်လေ့ရှိတဲ့ ချဲ ရောင်းအားက မြန်မာမှာ ဝင်ငွေအတော်ကောင်းတဲ့ လုပ်ငန်းတခုပဲ။

တရားမဝင်လောင်းကစားလုပ်ငန်းဖြစ်တာမို့ အခွန်ဆောင်စရာမလိုပေမယ့် ရဲတွေနဲ့တော့ မကင်းလှတဲ့ လုပ်ငန်းပါပဲ။ ဒီ(၆)လအတွင်းမှာ အတိုးတက်ဆုံး စီးပွားရေးလုပ်ငန်းပြပါဆိုရင် ချဲ နဲ့ နှစ်လုံးထီကိုပဲ လက်ညိုးထိုးပြရမှာပဲ။
ကဲ ရှေ့လာမယ့် (၁၆)ရက်နေ့ ထွက်မယ့် ကဏန်း မကြပါအုန်း။

(Zawgyi)
အာဏာသိမ္းၿပီးေနာက္ စီးပြားျဖစ္တဲ့ လုပ္ငန္းတစ္ခု
ေမာင္ခ်င္း

ဒီေန႔ ထီထြက္တာရယ္၊ခ်ဲ ထြက္တာရယ္ေၾကာင့္ ေတြးစရာ ရသြားတယ္။ တေလာက ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ထီေရာင္းအားသည္ ဇန္နဝါရီလေရာင္းအားထက္ (၃၂)ဘီလီယံ က်ဆင္းခဲ့တယ္ လို႔ BETV သတင္းဌာနက ေဖာ္ျပထားတာ ဖတ္လိုက္ရတယ္။

ဆိုေတာ့ ထီေရာင္းခ်မႈကေန လစဥ္ ရရွိမယ့္ က်ပ္(၃၂)ဘီလီယံခန႔္ မရေတာ့တဲ့အတြက္ အစိုးရဝင္ေငြ ပ်မ္းမ်(၁၆)ဘီလီယံ နစ္နာေနတဲ့ သေဘာပဲ။ ဘာေၾကာင့္ဆို ထီသေဘာက ရေငြရဲ႕ ထက္ဝတ္ခန႔္ကို ဆုေၾကးအျဖစ္ ျပန္ေပးလို႔ပါ။

ဒီေန႔ ထီဆုကလည္း အျမင့္ဆုံး ဆုေၾကး သိန္း(၅၀၀၀)ပဲ ေပးႏိုင္ေတာ့တယ္။ ထီေပါက္စဥ္မွာေတာင္ ေရာင္းအားက်လို႔လား မသိ တစ္ဦးတည္းကပဲ က်ပ္သိန္း(၅၀၀၀)၊က်ပ္သိန္း(၂၀၀)၊က်ပ္သိန္း(၁၀၀) သုံးဆု ေပါက္တယ္။ ေနျပည္ေတာ္ကတဲ့။

တက္ထားတဲ့ သတင္းအခ်ိဳ႕မွာလည္း ထီကိုယ္စလွယ္ေတြ အေရာင္းမျဖစ္ေတာ့လို႔ ဆိုင္ေျပာင္းဖြင့္တာ၊မေရာင္းပဲ ရပ္နားတာေတြ ရွိလာတယ္ လို႔ ဆိုတယ္။ ဆိုေတာ့ ထီေရာင္းအားက်ဆင္းမႈက ဘယ္အေပၚ ဝယ္လိုအား တိုးေစလဲ ဆိုရင္ ႏွစ္လုံး၊သုံးလုံးအေပၚ ထိုးအား ျမင့္တက္လာေစတယ္။
အေစာပိုင္းလေတြတုန္းက ထိုင္းထီ၊စလုံးထီေတြ ေခာတ္ထေပမယ့္ ေပါက္အားနည္းတာရယ္၊ေဈးႀကီးတာရယ္ေၾကာင့္ ေနာက္ပိုင္း ထိုးသူေလ်ာ့က်သြားတယ္။‌ျ ပည္သူေတြ ေငြသုံးစရာမရွိတာလည္း ျဖစ္ႏိုင္တာေပါ့ေလ။

ဆိုေတာ့ ထီဝင္ေငြက်ဆင္းမႈက တလကို က်ပ္(၃၂)ဘီလီယံ ရွိေနတယ္။ အဲထဲက အခ်ိဳ႕သည္ ႏွစ္လုံးထီနဲ႔ သုံးလုံးသမားေတြဆီ ေရာက္လာတယ္လို႔ေတာင္ ဆိုႏိုင္တယ္။ လူတန္းစားမေ႐ႊးထိုးႏိုင္တဲ့ အေျခအေနျဖစ္လာသလို အနည္းဆုံး က်ပ္ (၅၀၀)ေလာက္ကေန ေလာင္းေၾကး တိုးျမင့္လို႔ ရေနတယ္။

ႏွစ္လုံးဆိုရင္ ကဏန္းေပါင္း (၁၀၀)ထဲကပဲ ထြက္တာ။ သုံးလုံးဆိုရင္ ကဏန္းေပါင္း(၁၀၀၀)ေပါ့။
ဒါက ခ်ဲထက္ ပိုေပါက္ႏိုင္ေျခမ်ားတယ္ လို႔ ေယဘုယ်တြက္ႏိုင္သလို အတိက္၊နမိက္ေကာက္တက္တဲ့ ဒီႏိုင္ငံမွာ အေကာင္းဆုံးျဖစ္ေနတယ္။

က်ပ္(၅၀၀)ေလာက္က စတာမို႔ အိမ္စရိက္ကို မထိခိုက္ဖူး ဆိုၿပီး ထိုးၾကသူ မ်ားတယ္။ အမွန္ေတာ့ ႏွစ္လုံး၊သုံးလုံးေၾကာင့္ အိမ္တိုင္ခြၽက္ရသူေတြ၊ဘဝပ်က္သူေတြ မနည္းလွေပမယ့္ ထီထက္ ေငြေၾကးကုန္က်မႈ နည္းတာေၾကာင့္ လူႀကိဳက္မ်ားေနဆဲပဲ။

မအလအုပ္စု အာဏာသိမ္းၿပီးေနာက္ပိုင္း ထီမထိုးေရးလႈံေဆာ္မႈနဲ႔အတူ လူေတြအမ်ားစု ခ်ဲ၊ႏွစ္လုံးဘက္ကို အာ႐ုံပိုရလာၾကတယ္။ ေငြေၾကးပမာဏနည္းနည္းနဲ႔ ထိုးႏိုင္တာမို႔ ဒီေလာင္းကစားလုပ္ငန္းက ေခါင္းေထာင္လာတာ ပိုျမန္လာတယ္။

နဂိုကတည္းကလည္း နယ္ေတြမွာ ပစားေပးၿပီးစနစ္နဲ႔မို႔ အလုပ္ျဖစ္ေနတာပါ။ အခုေနာက္ပိုင္း ပိုအလုပ္ျဖစ္လာတယ္။ ထီမေရာင္းရလို႔ ဆုံးရႈံးရတဲ့ တစ္လက်ပ္(၃၂)ဘီလီယံထဲက အနည္းဆုံး (၅)ဘီလီယံေလာက္သည္ ႏွစ္လုံး၊သုံးလုံးေလာကထဲ ဝင္ေရာက္ေနတယ္ လို႔ ခန႔္မွန္းရပါတယ္။

ႏွစ္လုံး ဆို တစ္ေန႔ ႏွစ္ႀကိမ္ထြက္တယ္။ ခ်ဲကေတာ့ တလကို ႏွစ္ခါ ထြက္ေတာ့ ထိုးရလြယ္တယ္။ ကိုယ္ေတြေတာင္ ခ်ဲေတာ့ ေရွ႕လလယ္ေလာက္က ထိုးပါေသးတယ္။

ဆိုေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္း တလကို အနည္းဆုံး က်ပ္(၅)ဘီလီေလာက္ ဝင္ေနတယ္ ယူဆတယ္။နဂိုကလည္း အနည္းဆုံး ခ်ဲ၊ႏွစ္လုံးလုပ္ငန္းထဲ က်ပ္(၇)ဘီလီယံေလာက္ထိ ရွိတယ္ ခန႔္မွန္းတာပဲ။ စာရင္းအတိအက်ေတာ့ မရွိပါ။

သို႔ေသာ္ ႏိုင္ငံလူဦးေရ(၅၄)သန္းအနက္ (၇၀)ရာခိုင္ႏႈန္းသည္ ေက်းလက္မွာပါ။ ခ်ဲေရာင္းအား အမ်ားစုသည္ ေက်းလတ္ေဒသကို မွီခိုၿပီး ႏွစ္လုံးထီကေတာ့ ၿမိဳ႕ေပၚ၊ဆင္ေျခဖုံးရပ္ကြက္အမ်ားစုကို လြမ္းမိုးထားတာ ေတြ႕ရတယ္။

ထီကေတာ့ ၿမိဳ႕ေပၚေန လူတန္းစားကို အဓိက မွီခိုထားတာပါ။ ဆိုေတာ့ ခ်ဲ ကို လူတစ္ဦးခ်င္း ထိုးအားသည္ ပ်မ္းမွ် (၁၀၀၀)မွ (၃၀၀၀)ၾကားပါ။ ခ်ဲကို လူတစ္ဦးက အနည္းဆုံး ကဏန္း (၂)လုံးကေန (၃)လုံးအထိ ထိုးတက္ပါတယ္။ ထီထိုးအားကေတာ့ ပ်မ္းမ် တစ္ဦးခ်င္း က်ပ္(၃၅၀၀)ကေန က်ပ္(၁၅၀၀၀)ပါ။ ထီကို လူတစ္ဦးက ပ်မ္းမ် အနည္းဆုံး (၃)ေစာင္ကေန အမ်ားဆုံး (၁၀)ေစာင္အထိ ထိုးပါတယ္။

သို႔ေသာ္ ထီထိုးအားထက္ ခ်ဲထိုးအားက ပိုၿပီး မ်ားတာ ေတြ႕ရပါမယ္။ ထိုးရ လြယ္ကူျခင္း၊ လူအမ်ားအျပား ထိုးေလ့ရွိျခင္း၊ ဝင္ေငြႏွင့္ ႏႈိင္းလွ်င္ ကာမိတက္ျခင္း၊ အေျခခံမိသားစုမ်ားတြက္ အားကိုးရာ ႏြယ္ကဲ့သို႔ ျဖစ္ေနျခင္း၊ ခ်ဲေပါက္သည္မွာ မိမိေနထိုင္ရာ ရပ္ကြက္၊ဝန္းက်င္အတြင္း ဂုဏ္ယူစရာ ျဖစ္ျခင္း တို႔ေၾကာင့္ လူႀကိဳက္ပိုမ်ားတယ္။

ဒါေၾကာင့္ ထိုးသူဦးေရ ပိုတက္လာတာေတြ႕ရတယ္။ ကိုယ္တိုင္လည္း ထိုးပါတယ္။ ဆိုေတာ့ ခ်ဲဒိုင္ေတြရဲ႕ ဝင္ေငြက တလတလကို အနည္းဆုံး က်ပ္(၁၀)ဘီလီယံအထက္ ရွိႏိုင္တယ္။ေ ပါက္ေၾကးကလည္း အဆ(၅၀) ထင္တယ္။ ဒီပမာဏက ကဏန္ တခုတည္းတြက္ပဲ ျဖစ္ၿပီး ကဏန္း(၁၀၀၀)မွာ ကဏန္းေပါင္း(၉၉၉)လုံးကို ဒိုင္စားပါတယ္။

ဆိုေတာ့ ခ်ဲဒိုင္ေတြ အျမတ္ၾကမ္းတာ ေတြ႕ရတယ္။ တခ်ိဳ႕ကလည္း အစုလိုက္အၿပဳံလိုက္ ေပါက္ၾကလို႔ ဒိုင္ေျပးတဲ့ သတင္းေတြက ငယ္စဥ္ကတည္းက ၾကားဖူးတယ္။ သို႔ေသာ္ သိမွတ္မိသေလာက္ ဒိုင္ခ်ဳပ္ႀကီးေတြက တခါမွ ဆင္းရဲတာ၊မေလ်ာ္ႏိုင္လို႔ ေျပးတာမ်ိဳးေတာ့ မေတြ႕ဖူးေသးပဲ ပိုခ်မ္းသာလာၾကတာေတ့ာ အတိုင္းသား ျမင္ရတယ္။

တစ္လကို က်ပ္(၁၀)ဘီလီယံနဲ႔ အထက္ ဆိုေပမယ့္ တစ္ဦးတည္းက ရတာမ်ိဳး မဟုက္ပဲ တႏိုင္ငံလုံးမွာ ရွိတဲ့ ဒိုင္ေတြက ခြဲေဝယူတာပါ။ ထိုင္းထီကို အေျခခံၿပီး (၁၅)ရက္တခါ ထြက္ေလ့ရွိတဲ့ ခ်ဲ ေရာင္းအားက ျမန္မာမွာ ဝင္ေငြအေတာ္ေကာင္းတဲ့ လုပ္ငန္းတခုပဲ။

တရားမဝင္ေလာင္းကစားလုပ္ငန္းျဖစ္တာမို႔ အခြန္ေဆာင္စရာမလိုေပမယ့္ ရဲေတြနဲ႔ေတာ့ မကင္းလွတဲ့ လုပ္ငန္းပါပဲ။ ဒီ(၆)လအတြင္းမွာ အတိုးတက္ဆုံး စီးပြားေရးလုပ္ငန္းျပပါဆိုရင္ ခ်ဲ နဲ႔ ႏွစ္လုံးထီကိုပဲ လက္ညိဳးထိုးျပရမွာပဲ။
ကဲ ေရွ႕လာမယ့္ (၁၆)ရက္ေန႔ ထြက္မယ့္ ကဏန္း မၾကပါအုန္း။