အိန္ဒိယ-မြန်မာနယ်စပ်တွင် ကိုဗစ်ကူးစက်မှုမြင့်မားတာကြောင့် မြန်မာစစ်ဘေးရှောင်တွေ လက်မခံဖို့ကြေညာ

မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ် ဇိုခေါ်သာရ် (Zokhawthar)ရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်မားနေတာကြောင့် မေလ (၆)ရက်နေ့ကစပြီး ရွာအဝင်၊အထွက်ပိတ်ပင်ထားပြီး မြန်မာဘက်မှ စစ်ဘေးရှောင်တွေလည်း လက်မခံဖို့ ခရိုင်ဥက္ကဌက မေ (၅)ရက်က ထုတ်ပြန်ထားပါတယ်။

ဇိုခေါ်သာရ်ရွာဟာ မြန်မာဘက် ရိခေါ်ဒါရမ်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိပြီး နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

မေလ (၅)ရက်နေ့မှာ ဇိုခေါ်သာရ်တွင် ကိုဗစ်-၁၉ လူနာသစ် (၅)ဦးတွေ့ရှိပြီး ယင်းရွာတွင် ကိုဗစ်လူနာစုစုပေါင်း (၂၉)ဦးရှိပါပြီ။ ၎င်းတို့ထဲတွင် မြန်မာဘက်မှဝင်လာသူ (၅)ဦးပါဝင်ပါတယ်။

ဒါကြောင့် မနေ့ (မေ ၆)ရက်ကစပြီး (၁၂)ရက်ထိ ဇိုခေါ်သာရ်ရွာကို အသွားအလာကန့်သတ် ဧရိယာလို့ ခရိုင်မှူးကသတ်မှတ်ပြီး ဆိုင်၊ ဈေး၊ ယာဉ်လိုင်းတွေပိတ်ထားကာ ရွာတွင်းမှ အပြင်သို့လည်းကောင်း၊ ရွာပြင်ပမှ ရွာတွင်းသို့လည်းကောင်း သွားလာခွင့်ပိတ်ပင်ထားပါတယ်။

(Zawgyi)

အိႏိၵယ-ျမန္မာနယ္စပ္တြင္ ကိုဗစ္ကူးစက္မႈျမင့္မားတာေၾကာင့္ ျမန္မာစစ္ေဘးေရွာင္ေတြ လက္မခံဖို႔ေၾကညာ

ျမန္မာနယ္စပ္ အိႏိၵယႏိုင္ငံ မီဇိုးရမ္ျပည္နယ္ ဇိုေခၚသာရ္ (Zokhawthar)ရြာတြင္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈျမင့္မားေနတာေၾကာင့္ ေမလ (၆)ရက္ေန႔ကစၿပီး ရြာအဝင္၊အထြက္ပိတ္ပင္ထားၿပီး ျမန္မာဘက္မွ စစ္ေဘးေရွာင္ေတြလည္း လက္မခံဖို႔ ခရိုင္ဥကၠဌက ေမ (၅)ရက္က ထုတ္ျပန္ထားပါတယ္။

ဇိုေခၚသာရ္ရြာဟာ ျမန္မာဘက္ ရိေခၚဒါရမ္ၿမိဳ႕ရဲ႕ တစ္ဖက္ကမ္းမွာရွိၿပီး နယ္စပ္ကုန္သြယ္ေရးမွာ အဓိကက်တဲ့ ရြာတစ္ရြာျဖစ္ပါတယ္။

ေမလ (၅)ရက္ေန႔မွာ ဇိုေခၚသာရ္တြင္ ကိုဗစ္-၁၉ လူနာသစ္ (၅)ဦးေတြ႔ရွိၿပီး ယင္းရြာတြင္ ကိုဗစ္လူနာစုစုေပါင္း (၂၉)ဦးရွိပါၿပီ။ ၄င္းတို႔ထဲတြင္ ျမန္မာဘက္မွဝင္လာသူ (၅)ဦးပါဝင္ပါတယ္။

ဒါေၾကာင့္ မေန႔ (ေမ ၆)ရက္ကစၿပီး (၁၂)ရက္ထိ ဇိုေခၚသာရ္ရြာကို အသြားအလာကန္႔သတ္ ဧရိယာလို႔ ခရိုင္မွဴးကသတ္မွတ္ၿပီး ဆိုင္၊ ေစ်း၊ ယာဥ္လုိင္းေတြပိတ္ထားကာ ရြာတြင္းမွ အျပင္သို႔လည္းေကာင္း၊ ရြာျပင္ပမွ ရြာတြင္းသို႔လည္းေကာင္း သြားလာခြင့္ပိတ္ပင္ထားပါတယ္။