ဦးဖွေအားကို ဝန်ကြီးသစ်အဖြစ် ချင်းပြည်နယ် လွှတ်တော်အတည်ပြု

ဦးဖွေအားကို ဝန်ကြီးသစ်အဖြစ် ချင်းပြည်နယ် လွှတ်တော်အတည်ပြု

ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဖွေအားကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ဒီကနေ့ ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်းသတင်းရရှိပါတယ်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁ရက် နံနက် ၁၀ နာရီတွင်ကျင်းပကြပါတယ်။

၎င်းကို ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်မှာ ဝန်ကြီးအဖြစ်နာမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။