နေရာ သုံးခုတွင် နယ်စပ်ကုန်သွယ်ရေး ဈေးတည်ဆောက်ဖို့မြေနေရာသတ်မှတ်

ချင်းပြည်နယ် တွန်းဇံ၊ တီးတိန် နဲ့ဖလမ်းမြို့နယ်တို့တွင် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဈေးနဲ့တံတားတည်ဆောက်ဖို့ အောက်တိုဘာ(၃၁) နှစ်ဖက်နိုင်ငံတာဝန်ရှိသူတွေက မြေနေရာသတ်မှတ်ကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးဈေးတည်ဆောက်မယ့်နေရာတွေကတော့ တွန်းဇံမြို့နယ် ဒါးခိုင်း(ဟ)ရွာနဲ့ မီဇိုရမ်ပြည်နယ်၊နှာလန်ရွာကြား ၊ တီးတိန်မြို့နယ် Fartlangရွာနဲ့ မီဇိုရမ်ပြည်နယ် Bulfet ရွာကြား၊ ဖလမ်းမြို့နယ် Leilet ရွာနဲ့ မီဇိုရမ်ပြည်နယ် ဗာဖိုင်ရွာကြားမှာဖြစ်ပါတယ်။ ဖလမ်းမြို့နယ် နယ်စပ်ကုန်သွယ်ရေးဈေးမြေနေရာအတွက် ဒီနေ့(နိုဝင်ဘာ ၁)ရက်မှာ တာဝန်ရှိသူတွေသွားရောက်ကြည့်ရှုကြပါတယ်။

ယင်းကွင်းဆင်းတဲ့နေ့တွင် နေပြည်တော်မှ ကုန်သွယ်ရေးဌာန ညွှန်းမှူး- ဦးသိန်းထွန်းဦး နဲ့ မီဇိုရမ်ပြည်နယ် စီး/းပွား စက်မှုတာဝန်ခံ ဒုညွှန်တို့ပါဝင်ကြတယ်။

တွန်းဇံမြို့နယ်၊ဒါးခိုင်း(ဟ)ရွာနှင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊နှာလန်ရွာကြားရှိ နှစ်နိုင်ငံ နယ်နိမိတ် တီအိုချောင်း၌ နှစ်နိုင်ငံကွင်းဆင်းလေ့လာရေး အဖွဲ့များ

တွန်းဇံမြို့နယ် မြေစာရင်းဦးစီးမှူးက “နှစ်ဖက်နိုင်ငံက မြေနေရာအတည်ပြုချက်လုပ်ကြပြီ။ အဓိကကတော့ နှစ်နိုင်ငံနယ်စပ်ထွက်ပေါက်များများရှိဖို့၊ ကုန်သွယ်ရေးကောင်းမွန်ဖို့ဖြစ်တယ်။ ဘယ်အချိန် စတင်အကောင်အထည်ဖော်မလဲဆိုတာ မသိရသေးဘူး။ သူတို့ကလည်း အိန္ဒိယအစိုးရကိုအစီရင်ခံမယ်။ ကျနော်တို့လည်း နေပြည်တော်ကို အစီရင်ခံမယ်။ ဗဟိုအစိုးရအချင်းချင်းကြား သဘောတူဆုံးဖြတ်တဲ့အပေါ်မှာမူတည်သွားပြီ”လို့ပြောပါတယ်။

ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်ရေးထွက်ပေါက်ဟာဆိုရင် ရီခေါ်ဒါရ်မြို့ကနေ နယ်စပ်ကိုဖြတ်တဲ့တံတားတစ်ခုသာရှိပြီး အခြားနယ်စပ်လမ်းတွေက ချောင်းရေနည်းပါးတဲ့ချိန်မှာသာ သွားလို့ရပါတယ်။