လေးလ တစ်ကြိမ် ချင်းရိုးရာနပန်းပွဲ ကျင်းပမယ်

ချင်းရိုးရာနပန်းပွဲကို ဟားခါးမြို့မှာ လေးလ တစ်ကြိမ်ကျင်းပမယ်လို့သိရပါတယ်။ ချင်းလဲန်နပန်းချန်ပီယံအဖွဲ့က ဦးဆောင်ပြီး ပထမဆုံး ချင်းရိုးရာနပန်းပွဲကို ဒီနှစ် အောက်တိုဘာလမှာကျင်းပမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အများဆုံး လူ(၃၂)ဦးသာလက်ခံမှာဖြစ်ပြီး ချင်းရိုးရာနပန်းနည်းကို စနစ်တကျသင်ယူသူနဲ့ အရင်ကချန်ပီယံဟောင်းတွေသာလက်ခံမှာဖြစ်ပါတယ်။ ချန်ပီယံဆုငွေအတွက် (၂၅)သိန်း ပေးအပ်မှာဖြစ်ပါတယ်။