ကန်ပက်လက်တွင် မဲရုံမှူး နဲ့ ဒု-မဲရုံမှူးတွေ စစ်ဆေးမေးမြန်းတာရှိနိုင်တာကြောင့် အဆင်သင့်ပြင်ဆင်ဖို့ ထုတ်ပြန်

ကန်ပက်လက်မြို့နယ်တွင် ရွေးကောက်ပွဲတွင် မဲရုံမှူး နဲ့ ဒု-မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ပညာရေးဝန်ထမ်းတွေ စစ်ဆေးမေးမြန်းတာရှိနိုင်တဲ့တွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မြို့နယ်ပညာရေးမှူးလက်မှတ်နဲ့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ် ပညာရေးရုံစီမံကိုမေးမြန်းရာ ပြည်နယ်က အခုလိုစာထုတ်ထားတာမရှိဘူးလို့ပြန်လည်ဖြေကြားပါတယ်။

ကန်ပက်လက်မြို့နယ် ပညာရေးမှူး ဦးမနားဟာက “ကျနော်တို့ ဒီနေ့ဌာနဆိုင်ရာအစည်းအဝေးမှာထွေအုပ်က လမ်းညွှန်လို့ အဲ့ဒါလေ ကြိုတင်သိထားဖို့ဆိုပြီးမှ ကျနော်ထုတ်တာပါ။ ထွေအုပ်က အဲ့ဒါလေးသိအောင် ကြိုတင်ပြီးတော့ အသိပေးပါဆိုတော့လေ။ တကယ်လို့ တကယ်ဖြစ်လာရင် လူတွေက ကိုဗစ်နဲ့ဆိုတော့ဝေးနေလို့။ ဟုတ်တယ် စာကတော့ အစစ်ပါ။ ပြည်နယ်ပညာရေးမှူးက ပြန်ဖြုတ်လိုက်ပါဆိုလို့ လူမှုကွန်ယက်မှာတင်ထားတာကို ပြန်ဖြုတ်လိုက်တယ်” လို့ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ်၌ မဲရုံပေါင်း ၈၀ ရှိပါတယ်။

(ေဇာ္ဂ်ီ)






နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်