ကန်ပက်လက်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်းနဲ့ လျှပ်စစ်ရုံးရှေ့မှာ ဗုံး ၈ လုံးပေါက်ကွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ထဲမှာ CDF-ကန်ပက်လက်တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဒီနေ့ စက်တင်ဘာ ၁၅ ရက်မနက် ၇ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီး ၈ လုံးဟာ လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးခြံဝန်းနဲ့ကပ်ရပ်အိမ်တွေမှာ ကျရောက်ပေါက်ကွဲသွားတယ်လို့သတင်းရရှိပါတယ်။

ကန်ပက်လက်မြို့၊ ဆေးရုံလမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခြံဝန်းထဲတွင် ၁ လုံး၊ ကပ်ရပ်အိမ်တွေမှာ ၅ လုံး၊ လျှပ်စစ်ရုံးရှေ့မှာ ၂ လုံးပေါက်ကွဲသွားပါတယ်။

ကန်ပက်လက်ဒေသခံတဦးက “အိမ်ပေါ်မှာတော့ တည့်တည့်မကျဘူး။ အိမ်ဘေးကပ်ရပ်တွေမှာပဲကျတော့ အိမ်မှန်တံခါးကွဲတာ၊ ပျဉ်အိမ်ပေါက်တာတွေရှိတယ်။ လူထိခိုက်တာတော့မရှိဘူး။ အရင်တုန်းကတော့ မြို့ပြင်မှာပဲ လက်နက်ကြီးနဲ့ပစ်တာ ဒီနေ့တော့မြို့ထဲလည်းပစ်လာတယ်။ လက်နက်ကြီးက မနက် ၇ နာရီကစပြီး မြို့ပြင်ကော မြို့ထဲကော ပစ်တာ ၉ နာရီဝန်းကျင်ထိပဲ။ သေနတ်ကတော့ ဆက်ပစ်ကြတယ်။ မနက်ကတည်းက ပစ်တော့ ထမင်းတောင်မစားနိုင်ဘူး။ အိမ်အောက်မှာ ပြေးပုန်းကြတယ်။ မီးကလည်းပျက်သေးတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရဲစခန်း၊ အထကကျောင်းတွေမှာ တပ်စွဲကြပြီး ဒီမနက်တိုက်ပွဲက အထကကျောင်းနားမှာပစ်ခတ်ကြပါတယ်။

CDF-ကန်ပက်လက်တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့တွင်း၊ မြို့ထိပ် နဲ့ ဆော-ကန်ပက်လက်လမ်းကြားတွင် ၃ နေရာမှာ တိုက်ပွဲဖြစ်ပွားကြပါတယ်။

မနေ့ စက်တင်ဘာ ၁၄ ရက်မနက် ၁၀ နာရီလောက်မှာလည်း CDF-ကန်ပက်လက်တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ဟာ ကန်ပက်လက် -ဆောကြားတွင်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ် ၁၀ ယောက်မကသေဆုံးတယ်လို့ CDF-ကန်ပက်လက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

Zawgyi

ကန္ပက္လက္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ဝန္းနဲ႔ လွ်ပ္စစ္ရံုးေရွ႕မွာ ဗံုး ၈ လံုးေပါက္ကြဲ

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕ထဲမွာ CDF-ကန္ပက္လက္တပ္ဖြဲ႔နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ ဒီေန႔ စက္တင္ဘာ ၁၅ ရက္မနက္ ၇ နာရီေလာက္ကစၿပီး တုိက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီတပ္ပစ္ခတ္တဲ့ လက္နက္ၾကီး ၈ လံုးဟာ  လွ်ပ္စစ္ရံုး၊ ျမန္မာ့စီးပြားေရးျခံဝန္းနဲ႔ကပ္ရပ္အိမ္ေတြမွာ က်ေရာက္ေပါက္ကြဲသြားတယ္လုိ႔သတင္းရရွိပါတယ္။

ကန္ပက္လက္ၿမိဳ႕၊ ေဆးရံုလမ္းမွာရွိတဲ့ ျမန္မာ့စီးပြားေရးဘဏ္ျခံဝန္းထဲတြင္ ၁ လံုး၊ ကပ္ရပ္အိမ္ေတြမွာ ၅ လံုး၊ လွ်ပ္စစ္ရံုးေရွ႕မွာ ၂ လံုးေပါက္ကြဲသြားပါတယ္။

ကန္ပက္လက္ေဒသခံတဦးက “အိမ္ေပၚမွာေတာ့ တည့္တည့္မက်ဘူး။ အိမ္ေဘးကပ္ရပ္ေတြမွာပဲက်ေတာ့ အိမ္မွန္တံခါးကြဲတာ၊ ပ်ဥ္အိမ္ေပါက္တာေတြရွိတယ္။ လူထိခိုက္တာေတာ့မရွိဘူး။ အရင္တုန္းကေတာ့ ၿမိဳ႕ျပင္မွာပဲ လက္နက္ၾကီးနဲ႔ပစ္တာ ဒီေန႔ေတာ့ၿမိဳ႕ထဲလည္းပစ္လာတယ္။ လက္နက္ၾကီးက မနက္ ၇ နာရီကစၿပီး ၿမိဳ႕ျပင္ေကာ ၿမိဳ႕ထဲေကာ ပစ္တာ ၉ နာရီဝန္းက်င္ထိပဲ။ ေသနတ္ကေတာ့ ဆက္ပစ္ၾကတယ္။ မနက္ကတည္းက ပစ္ေတာ့ ထမင္းေတာင္မစားႏိုင္ဘူး။ အိမ္ေအာက္မွာ ေျပးပုန္းၾကတယ္။ မီးကလည္းပ်က္ေသးတယ္” လို႔ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ရဲစခန္း၊ အထကေက်ာင္းေတြမွာ တပ္စြဲၾကၿပီး ဒီမနက္တုိက္ပြဲက အထကေက်ာင္းနားမွာပစ္ခတ္ၾကပါတယ္။

CDF-ကန္ပက္လက္တပ္ဖြဲ႔နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ကန္ပက္လက္ၿမိဳ႕တြင္း၊ ၿမိဳ႕ထိပ္ နဲ႔ ေဆာ-ကန္ပက္လက္လမ္းၾကားတြင္ ၃ ေနရာမွာ တိုက္ပြဲျဖစ္ပြားၾကပါတယ္။

မေန႔ စက္တင္ဘာ ၁၄ ရက္မနက္ ၁၀ နာရီေလာက္မွာလည္း CDF-ကန္ပက္လက္တပ္ဖြဲ႔နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ဟာ ကန္ပက္လက္ -ေဆာၾကားတြင္တုိက္ပြဲျဖစ္ရာ စစ္ေကာင္စီတပ္ ၁၀ ေယာက္မကေသဆံုးတယ္လုိ႔ CDF-ကန္ပက္လက္တပ္ဖြဲ႔ကထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်