ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ

The Voice
လူသားများသက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ကိုဗစ်ဟူသော အခက်အခဲ၊ အကြပ်အတည်းကာလမှာအာဟာရပြည့်ဝဖို့၊ဗိုက်ဝစေဖို့ တစ်နေ့စာတစ်နေ့ဖြေရှင်းကြရသူတွေအများကြီး။ အပြင်မထွက်ဖို့သတိပေးထားပေမယ့်ရောဂါပိုးထက်ဝမ်းစာကအရေးကြီးလေတော့ လမ်းထွက်ကြ၊အလုပ် သွားကြရမှာပါ။အချို့ကား ကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊အချို့ကကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့ ကရပ်ကွက်ထဲမှာ ပဲဖိနပ်ပါးအောင်လမ်းလျှောက်ဈေးရောင်းကြရတယ်စသည်ဖြင့်စုံလို့။

ဒါ့ကြောင့်ကိုဗစ်ကာလ၊ကပ်ဘေးကာလမှာအလုပ်သွားကြရတဲ့အခါ မဖြစ်မနေပြုလုပ်ရမယ့်အရာတွေကိုမျှေ၀ ပေးချင်ပါတယ်။
အလုပ်ခွင်ကိုရောက်တာနဲ့လက်ဆေးခြင်းကိုဦးစွာလုပ်ပါ
အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ဦးစွာလက်ဆေးဖို့လိုပါတယ်။လက်ဆေးတဲ့နေရာမှာလည်း စက္ကန့်(၂၀)ကြာတဲ့ အထိဆေးကြောပေးဖို့လိုပါတယ်။
ကိုယ်နဲ့အတူပါလာတာတွေကို ပိုးသတ်ပေးပါ။
ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းတွေကို အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ်ပေးဖို့လိုပါတယ်။ဥပမာ။လက်ကိုင် အိတ်၊လက်ကိုင်ဖုန်းစသည်ဖြင့်..
မိမိထိုင်မယ့်နေရာကိုပိုးသတ်ပေးပါ
မိမိထိုင်မယ့်နေရာကိုဂရုတစိုက်ပိုးသတ်ပေးဖို့လိုပါတယ်။စားပွဲပေါ်ရှိပစ္စည်းတွေကိုပါ သန့်စင်ပေးဖို့လိုတာကို မမေ့စေချင်ဘူး။စားပွဲပေါ်ကကော်ဖီခွက်ကအစ သီးသန့်ထားထားဖို့လိုပါတယ်။အရင်အချိန်တွေကလိုမိတ်ဆွေ တွေနဲ့ကော်ဖီတစ်ခွက်တည်းသောက်တာတွေကိုပါ မလုပ်သင့်ပါဘူး။
ပိုးသတ်ပြီးတိုင်းမိမိလက်ကိုပြန်စစ်ပေးပါ။
ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း ဆေးကြောဖို့လိုတာကိုမမေ့စေချင် ဘူး။မိမိမျက်နှာကိုလက်နဲ့မကြာခဏကိုင်ခြင်းမျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။
စကားတွေနီးကပ်စွာ ပြောတာကိုရှောင်ပါ
အရင်အချိန်တွေလို တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနီးနီး စကားတွေပြော၊ရယ်မောတာတွေကိုရှောင်ကြဉ် သင့်ပါတယ်။
လက်ဆွဲနှုတ်ဆွဲတာကိုလည်း ရှောင်ပါ။
အလုပ်မှာတစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တာမျိုးကိုလည်းရှောင်ကြဉ်ပါ။လက် ဆွဲနှုတ်ဆက်မယ့်အစား ပြုံပြပြီးနှုတ်ဆက်တာမျိုးပြုလုပ်ပေးလိုက်ပါ။
နှာခေါင်းစည်းတွေကို တပ်ထားပါ
အလုပ်ကိုရောက်ပြီဆိုပြီး နှာခေါင်းစည်းကိုချွတ်ပစ်တာမျိုးမပြုလုပ်သင့်ပါ။နှာခေါင်းစည်းကို စနစ်တကျတပ် ဆင်ထားဖို့လိုပါတယ်။အသုံးပြုပြီးသော နှာခေါင်းစည်းတွေကိုလည်း စနစ်တကျစွန့်ပစ်ဖို့ကိုလည်းဂရုပြုသင့် ပါတယ်။လက်သန့်ဆေးရည်တွေကို ကိုယ်နဲ့မကွာဆောင်ထားသင့်ပါတယ်။
နေထိုင်မကောင်းဖြစ်နေပါက ကောင်းမွန်စွာအနားယူပါ
နှာစေးချောင်းဆိုးဖြစ်တဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကိုတစ်သျှူးစနဲ့အုပ်ပြီးဆိုးသင့်ပါတယ်။အသုံးပြုပြီးတစ်သျှူး တွေကိုလည်းစနစ်တကျစွန့်ပစ်ဖို့လိုအပ်ပါတယ်။
အလုပ်ကနေ အိမ်ပြန်တဲ့အခါ
အိမ်ထဲမဝင်ခင်ကိုယ့်ရဲ့ပစ္စည်းတွေကိုပိုးသတ်ပေးပါ။အပြင်ကစီးလာတဲ့ဖိနပ်ကိုလည်း အိမ်ခန်းအပြင်ဘက်မှာ ထားခဲ့ပါ။အလုပ်မှာဝတ်ခဲ့တဲ့အဝတ်အစားတွေကိုသီးသန့်ခွဲထားပြီး ဆပ်ပြာနဲ့စိမ်ထားသင့်ပါတယ်။တစ်ကိုယ် ရေသန့်ရှင်းရေးအတွက် အလုပ်ကပြန်ပြန်လာချင်းရေချိုးလိုက်ပါ။ကိုယ်ကအလုပ်ကိုအမြဲသွားနေရသူဆို ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်း ရေးသုံးပစ္စည်းတွေကိုလည်း သီးသန့်ခွဲခြားထားသင့်ပါတယ်။အဓိကကတော့ အခက်အခဲအကြပ်အတည်းကာလ မှာအာဟာရပြည့်ဝေအောင်စားရမယ်။အိပ်ရေး၀၀လည်းအိပ်မယ်၊အိမ်အ ပြင်ထွက်လိုက်တာနဲ့ရောဂါကာကွယ်တဲ့အရာတွေကိုစနစ်တကျကျင့်သုံးသွားမယ်ဆို ကိုဗစ်ဆိုတဲ့ကပ်ဘေး ရန်ကကာကွယ်နိုင်မှာပါ။

 

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်