ကမ္ဘာ့သံစုံသီချင်းဆိုပြိုင်ပွဲတွင် မီဇိုးရမ်ပြည်နယ် သံစုံအဖွဲ့က ငွေတံဆိပ်ဆုရရှိ

(၁၀)ကြိမ်မြောက် ကမ္ဘာ့သံစုံသီချင်းဆိုပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံကိုယ်စားသွားရောက်ယှဉ်ပြိုင်တဲ့ မီဇိုးရမ်ပြည်နယ်က Mizo Cardinal Choir သံစုံအဖွဲ့က ငွေတံဆိပ်ဆုရရှိပါတယ်။

ဒီပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံ Tshwane မြို့မှာ ဇူလိုင်(၄)ရက်ကနေ (၁၄)ထိ ကမ္ဘာ့နိုင်ငံပေါင်း (၉၀)ကလာရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုကို စင်ကာပူနိုင်ငံက ရရှိထားပါတယ်။

Mizo Cardinal Choir သံစုံအဖွဲ့ဟာ အရင်နှစ် ၂၀၁၇ အောက်တိုဘာမှာကျင်းပတဲ့ အာရှပစိဖိတ်သံစုံသီချင်းဆိုပြိုင်ပွဲမှာ ပထမဆုဆွမ်းခူးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်