ကလေးကနေ ချင်းတောင်သို့ စစ်ကား ၂၄ စီးတက်သွား

စစ်ကောင်စီတပ်ကား အကြီး ၂၃ စီးနဲ့ ကားငယ် ၁ စီးတို့ဟာ ယနေ့ ဇွန် ၂၉ ရက် မနက် ၁၁ နာရီလောက်တွင် ကလေးမြို့မှ ချင်းတောင်သို့တက်သွားကြကြောင်း သတင်းရရှိပါတယ်။

ကားအများစုက ရိက္ခာတွေတင်ဆောင်ထားပြီး ကား ၄ စီးက သစ်နဲ့ဝါးတွေတင်ဆောင်သွားကြတယ်လို့သိရတယ်။ အခြားစစ်ကား ၃ စီးမှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတယ်လို့သိရတယ်။

ဇွန်လ ၂၇ ရက်မနက်ပိုင်းကလည်း ကလေးမြို့ကနေ ချင်းတောင်ဘက်ကို စစ်ကား ၅ စီးတက်သွားပြီး ယင်းကားတွေဟာ ယနေ့ထိ ကလေး-ဖလမ်းလမ်းပေါ်က ဇောင်ကောင်ရွာ၌သာ ရှိကြတယ်လို့သိရတယ်။

ဒါ့ပြင် မန္တလေးဘက်ကနေ ကလေးမြို့လေဆိပ်သို့ စစ်တပ်ခရီးသည်လေယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေအင်အားဖြည့်နေတယ်လို့သိရတယ်။ ဇွန် ၂၈ ရက်ကလည်း ကလေးမြို့လေဆိပ်သို့ စစ်ကောင်စီတပ်သားတွေတင်တဲ့ လေယာဉ် ၂ ကြိမ်ဆင်းလာပြီး လူကြီးပိုင်းတွေစီးနင်တယ်လို့ယူဆရတဲ့ စစ်တပ်လေယာဉ်အငယ်တစ်စီးလည်း ဆင်းလာတယ်လို့သိရတယ်။

ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်တို့တွင်လည်း ဟားခါးမြို့ တပ်ကုန်းမှာ စစ်တပ် ရဟတ်ယာဉ် ၂ ကြိမ်ဆင်းသက်လာတယ်လို့ ဒေသခံတွေများထံကသတင်းရရှိပါတယ်။

Zawgyi

ကေလးကေန ခ်င္းေတာင္သို႔ စစ္ကား ၂၄ စီးတက္သြား

စစ္ေကာင္စီတပ္ကား အႀကီး ၂၃ စီးနဲ႔ ကားငယ္ ၁ စီးတို႔ဟာ ယေန႔ ဇြန္ ၂၉ ရက္ မနက္ ၁၁ နာရီေလာက္တြင္ ကေလးၿမိဳ႕မွ ခ်င္းေတာင္သို႔တက္သြားၾကေၾကာင္း သတင္းရရွိပါတယ္။

ကားအမ်ားစုက ရိကၡာေတြတင္ေဆာင္ထားၿပီး ကား ၄ စီးက သစ္နဲ႔ဝါးေတြတင္ေဆာင္သြားၾကတယ္လို႔သိရတယ္။ အျခားစစ္ကား ၃ စီးမွာ စစ္ေကာင္စီတပ္သားေတြ လိုက္ပါလာတယ္လို႔သိရတယ္။

ဇြန္လ ၂၇ ရက္မနက္ပိုင္းကလည္း ကေလးၿမိဳ႕ကေန ခ်င္းေတာင္ဘက္ကို စစ္ကား ၅ စီးတက္သြားၿပီး ယင္းကားေတြဟာ ယေန႔ထိ ကေလး-ဖလမ္းလမ္းေပၚက ေဇာင္ေကာင္႐ြာ၌သာ ရွိၾကတယ္လို႔သိရတယ္။

ဒါ့ျပင္ မႏၲေလးဘက္ကေန ကေလးၿမိဳ႕ေလဆိပ္သို႔ စစ္တပ္ခရီးသည္ေလယာဥ္နဲ႔ စစ္ေကာင္စီတပ္သားေတြအင္အားျဖည့္ေနတယ္လို႔သိရတယ္။ ဇြန္ ၂၈ ရက္ကလည္း ကေလးၿမိဳ႕ေလဆိပ္သို႔ စစ္ေကာင္စီတပ္သားေတြတင္တဲ့ ေလယာဥ္ ၂ ႀကိမ္ဆင္းလာၿပီး လူႀကီးပိုင္းေတြစီးနင္တယ္လို႔ယူဆရတဲ့ စစ္တပ္ေလယာဥ္အငယ္တစ္စီးလည္း ဆင္းလာတယ္လို႔သိရတယ္။

ဇြန္လ ၂၆ ရက္နဲ႔ ၂၇ ရက္တို႔တြင္လည္း ဟားခါးၿမိဳ႕ တပ္ကုန္းမွာ စစ္တပ္ ရဟတ္ယာဥ္ ၂ ၾကိမ္ဆင္းသက္လာတယ္လုိ႔ ေဒသခံေတြမ်ားထံကသတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်