ကလေးမြို့က ဒေသန္တရ Cable TV လွှင့်တဲ့ ၂နေရာသို့ စကစတပ်တွေဝင်ရောက်ရှာဖွေရာ လူတစ်ယောက်ဖမ်းဆီး

ကလေးမြို့နယ်အတွင်းမှာ တိုင်းရင်းသားဘာသာနဲ့ယဉ်ကျေးမှုဖွံ့ဖြိုးရေးကိုရှေးရှုပြီး နားလည်မှုနဲ့ထုတ်လွှင့်နေတဲ့ ဒေသန္တရ Cable TV ထုတ်လွှင့်တဲ့ ၂နေရာသို့ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်ကာ Zo Heisa ကယ်ဘယ်တီဗီလိုင်းပိုင်ရှင် ဦးမန်ရှာမန်ကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့နယ် နဲ့ ချင်းပြည်နယ်တွင် အိန္ဒိယဂြိုလ်တုဆာလောင်မှတဆင့် ပြည်တွင်းနဲ့ နိုင်ငံခြားရုပ်သံလိုင်းနဲ့ ဒေသတွင်းပွဲအစီအစဉ်တွေကို ဦးသိန်းစိန်လက်ထက်ကစပြီး တိုင်းရင်းသားဘာသာနဲ့ယဉ်ကျေးမှုဖွံ့ဖြိုးရေးကိုရှေးရှုပြီး နားလည်မှုနဲ့ထုတ်လွှင့်ခဲ့ပါတယ်။ အစိုးရထံ လိုင်စင်လျှောက်ဖို့ ကြိုးစားကြပေမယ့် လိုင်းပေးတဲ့ဧရိယာကျည်းတာကြောင့် လိုင်စင်မထုတ်ပေးကြပေ။

ကယ်ဘယ်တီဗီလိုင်းပေးသူတစ်ဦးက “အရင်အစိုးရမှာ ကျနော်တို့ ပြန်ကြားရေးဌာနမှာလိုင်စင်သွားလုပ်ပေမယ့် လိုင်စင်ထုတ်မပေးဘူး။ ကျနော်တို့မသိတာလည်းမဟုတ်ဘူး။ လိုင်းပေးတဲ့ဧရိယာကလည်း ကျဉ်းတော့ ဒီလိုပဲလုပ်ကြဆိုပြီးပြောတယ်” လို့ပြောပါတယ်။

ဒီမနက်တွင် တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံနားက CLS Cable လိုင်းထုတ်လွှင့်ရာနေအိမ်သို့ စစ်ကား ၄ စီးနဲ့ ဝင်ရောက်ရှာဖွေကြပေမယ့် အိမ်ရှင်တွေမရှိတာကြောင့် ဖမ်းဆီးခံရသူမရှိဘူးလို့သိရတယ်။

အဲ့ဒီနောက် မွန်လိုင်းရပ်ကွက် ဘောလုံးကွင်းနားက Zo Heisa Cable လိုင်းထုတ်လွှင့်တဲ့နေအိမ်သို့သွားကာ စက်တွေကိုဖျက်ဆီးတဲ့အပြင် ဦးစီးဦးဆောင်တဲ့သူ အိမ်ရှင် ဦးမန်ရှာမန်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

တခြား ကယ်ဘလ်လိုင်းတွေလည်း ယနေ့ နေ့လည်းပိုင်းကစပြီး အကုန်လုံးလိုင်းပိတ်ကြတယ်လို့ ဒေသခံတွေထံကနေ သတင်းရရှိပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကယ်ဘယ်လိုင်းထုတ်လွှင့်ဖူးသူတစ်ယောက်က အခုလိုပြောပါတယ်။

သူတို့ကို MRTV ကတရားဆွဲတာလို့သိရတယ်။ ဇိုဟေဆာက ပိုင်ရှင်လည်းဖမ်းသွားတယ်။ အာမခံပေးလို့မရဘူးတဲ့။ ကျနော်တို့ဆို အာဏာသိမ်းပြီးတဲ့နောက်မှာ ကြိုးတွေလိုက်သိမ်းတာ ကားတစ်စီးစာရှိတယ်။ သိန်း ၃၀၀-၄၀၀ တန်ရှုံးတယ် လို့ပြောပါတယ်။

ကလေးမြို့က ကယ်ဘယ်တီဗီလိုင်းဟာ ချင်းဘာသာစကားနဲ့ဘာသာပြန်ထားတဲ့ ရုပ်ရှင်တွေ၊ ဖျော်ဖြေရေးတွေ၊ သတင်းတွေထုတ်လွှင့်တာကြောင့် အားပေးခံရတဲ့ တီဗီလိုင်းတွေဖြစ်ပါတယ်။ ဟားခါးမြို့က ကယ်ဘယ်လိုင်းတွေကတော့ အာဏာသိမ်းပြီး မကြာခင်မှာပဲ ကြိုးတွေရုပ်သိမ်းစေခဲ့ပါတယ်။

Zawgyi

ကေလးၿမိဳ႕က ေဒသႏၱရ Cable TV လႊင့္တဲ့ ၂ေနရာသို႔ စကစတပ္ေတြဝင္ေရာက္ရွာေဖြရာ လူတစ္ေယာက္ဖမ္းဆီး

ကေလးၿမိဳ႕နယ္အတြင္းမွာ တုိင္းရင္းသားဘာသာနဲ႔ယဥ္ေက်းမႈဖြံ႔ၿဖိဳးေရးကိုေရွးရႈၿပီး နားလည္မႈနဲ႔ထုတ္လႊင့္ေနတဲ့ ေဒသႏၱရ Cable TV ထုတ္လႊင့္တဲ့ ၂ေနရာသို႔ ဒီေန႔ ႏိုဝင္ဘာ ၂၇ ရက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဝင္ေရာက္ကာ Zo Heisa ကယ္ဘယ္တီဗီလုိင္းပိုင္ရွင္ ဦးမန္ရွာမန္ကို ဖမ္းဆီးေခၚေဆာင္သြားၾကတယ္လုိ႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕နယ္ နဲ႔ ခ်င္းျပည္နယ္တြင္ အိႏိၵယၿဂိဳလ္တုဆာေလာင္မွတဆင့္ ျပည္တြင္းနဲ႔ ႏိုင္ငံျခားရုပ္သံလုိင္းနဲ႔ ေဒသတြင္းပြဲအစီအစဥ္ေတြကို ဦးသိန္းစိန္လက္ထက္ကစၿပီး တုိင္းရင္းသားဘာသာနဲ႔ယဥ္ေက်းမႈဖြံ႔ၿဖိဳးေရးကိုေရွးရႈၿပီး နားလည္မႈနဲ႔ထုတ္လႊင့္ခဲ့ပါတယ္။ အစိုးရထံ လုိင္စင္ေလွ်ာက္ဖို႔ ၾကိဳးစားၾကေပမယ့္ လုိင္းေပးတဲ့ဧရိယာက်ည္းတာေၾကာင့္ လုိင္စင္မထုတ္ေပးၾကေပ။

ကယ္ဘယ္တီဗီလုိင္းေပးသူတစ္ဦးက “အရင္အစိုးရမွာ က်ေနာ္တုိ႔ ျပန္ၾကားေရးဌာနမွာလုိင္စင္သြားလုပ္ေပမယ့္ လုိင္စင္ထုတ္မေပးဘူး။ က်ေနာ္တုိ႔မသိတာလည္းမဟုတ္ဘူး။ လုိင္းပေးတဲ့ဧရိယာကလည္း က်ဥ္းေတာ့ ဒီလုိပဲလုပ္ၾကဆိုၿပီးေျပာတယ္” လို႔ေျပာပါတယ္။

ဒီမနက္တြင္ ေတာင္ဇလပ္ရပ္ကြက္ ဆည္ေျမာင္းရံုနားက CLS Cable လုိင္းထုတ္လႊင့္ရာေနအိမ္သို႔ စစ္ကား ၄ စီးနဲ႔ ဝင္ေရာက္ရွာေဖြၾကေပမယ့္ အိမ္ရွင္ေတြမရွိတာေၾကာင့္ ဖမ္းဆီးခံရသူမရွိဘူးလို႔သိရတယ္။

အဲ့ဒီေနာက္ မြန္လုိင္းရပ္ကြက္ ေဘာလံုးကြင္းနားက Zo Heisa Cable လုိင္းထုတ္လႊင့္တဲ့ေနအိမ္သို႔သြားကာ စက္ေတြကိုဖ်က္ဆီးတဲ့အျပင္ ဦးစီးဦးေဆာင္တဲ့သူ အိမ္ရွင္ ဦးမန္ရွာမန္ကိုလည္း ဖမ္းဆီးေခၚေဆာင္သြားၾကပါတယ္။

တျခား ကယ္ဘလ္လုိင္းေတြလည္း ယေန႔ ေန႔လည္းပိုင္းကစၿပီး အကုန္လံုးလုိင္းပိတ္ၾကတယ္လုိ႔ ေဒသခံေတြထံကေန သတင္းရရွိပါတယ္။

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ကယ္ဘယ္လိုင္းထုတ္လႊင့္ဖူးသူတစ္ေယာက္က အခုလိုေျပာပါတယ္။

သူတို႔ကို MRTV ကတရားဆြဲတာလို႔သိရတယ္။ ဇိုေဟဆာက ပိုင္ရွင္လည္းဖမ္းသြားတယ္။ အာမခံေပးလို႔မရဘူးတဲ့။ က်ေနာ္တုိ႔ဆို အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ႀကိဳးေတြလုိက္သိမ္းတာ ကားတစ္စီးစာရွိတယ္။ သိန္း ၃၀၀-၄၀၀ တန္ရႈံးတယ္ လုိ႔ေျပာပါတယ္။

ကေလးၿမိဳ႕က ကယ္ဘယ္တီဗီလုိင္းဟာ ခ်င္းဘာသာစကားနဲ႔ဘာသာျပန္ထားတဲ့ ရုပ္ရွင္ေတြ၊ ေဖ်ာ္ေျဖေရးေတြ၊ သတင္းေတြထုတ္လႊင့္တာေၾကာင့္ အားေပးခံရတဲ့ တီဗီလုိင္းေတြျဖစ္ပါတယ္။ ဟားခါးၿမိဳ႕က ကယ္ဘယ္လုိင္းေတြကေတာ့ အာဏာသိမ္းၿပီး မၾကာခင္မွာပဲ ၾကိဳးေတြရုပ္သိမ္းေစခဲ့ပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်