ကလေးမြို့တောင်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီအလောင်း ၇ လောင်းနဲ့အတူ လက်နက်ခဲယမ်းများ PDF (Kalay) ကသိမ်းဆည်းရမိ

ကလေးမြို့တောင်ပိုင်း၊ အရှေ့စည်းရွာအနီး ယမန်နေ့ ဧပြီ ၂၇ ရက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့တွင် PDF (Kalay)က နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီ အလောင်း ၇ လောင်းနဲ့အတူ သေနတ် ၁ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

MA မောင်းပြန် ၁ လက်၊ MA ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည် ၅၀၀ တောင့် ၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန်း ၃ လုံး၊ စကားပြောစက် ၂ လုံးတိုကို သိမ်းဆည်းရမိခဲ့တယ်လို့ PDF (Kalay)က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ယနေ့ ဧပြီ ၂၈ ရက်နံနက်ပိုင်းမှစတင်၍ ကလေးမြိုနယ်တောင်ပိုင်း မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်သိုဦးတည်၍ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့သည့်အပြင် အောင်မင်္ဂလာရွာနှင့် အောင်သာယာရွာများဘက်သိုလည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။

Zawgyi

ကေလးၿမိဳ႕ေတာင္ပိုင္းတိုက္ပြဲတြင္ စစ္ေကာင္စီအေလာင္း ၇ ေလာင္းနဲ႔အတူ လက္နက္ခဲယမ္းမ်ား PDF (Kalay) ကသိမ္းဆည္းရမိ

ကေလးၿမိဳ႕ေတာင္ပိုင္း၊ အေရွ႕စည္း႐ြာအနီး ယမန္ေန႔ ဧၿပီ ၂၇ ရက္တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ဒီေန႔တြင္ PDF (Kalay)က နယ္ေျမရွင္းလင္းေရးဝင္ေရာက္ခဲ့ရာ အာဏာသိမ္းစစ္ေကာင္စီ အေလာင္း ၇ ေလာင္းနဲ႔အတူ ေသနတ္ ၁ လက္နဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

MA ေမာင္းျပန္ ၁ လက္၊ MA က်ည္အိမ္ ၈ ခု၊ ၅.၅၆ က်ည္ ၅၀၀ ေတာင့္ ၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန္း ၃ လုံး၊ စကားေျပာစက္ ၂ လုံးတိုကို သိမ္းဆည္းရမိခဲ့တယ္လို႔ PDF (Kalay)က ထုတ္ျပန္ထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ယေန႔ ဧၿပီ ၂၈ ရက္နံနက္ပိုင္းမွစတင္၍ ကေလးၿမိဳနယ္ေတာင္ပိုင္း ေျမာက္စည္း႐ြာဘက္မွ အေရွ႕စည္း႐ြာဘက္သိုဦးတည္၍ လက္နက္ႀကီးမ်ား ဆက္တိုက္ပစ္ခတ္ခဲ့သည့္အျပင္ ေအာင္မဂၤလာ႐ြာႏွင့္ ေအာင္သာယာ႐ြာမ်ားဘက္သိုလည္း လက္နက္ႀကီးမ်ား ဆက္တိုက္ပစ္ခတ္ကာ စစ္ေၾကာင္းထိုးလ်က္ရွိၿပီး တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိေၾကာင္းသိရပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်