ကလေးမြို့တောင်ပိုင်းတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ CDF-KKG ၁ ဦးနဲ့ စစ်ဘေးရှောင် ၂ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း နတ်ချောင်းကျေးရွာနဲ့ ထိုမာကျေးရွာအနီးတွင် မတ်လ ၈ ရက်နဲ့ ၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားရာ CDF-KKG ၁ ဦးကျဆုံးပြီး စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးတယ်လို့ CDF-Kalay ကထုတ်ပြန်ထားပါတယ်။

ရန်ကြီးအောင်ကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် အင်အား ၇၀ ခန့်ဟာ မတ်လ ၆ ရက်က သံဖို၊ ခွေကြိမ်၊ ဟဲလုပ်၊ အောင်ချမ်းသာ၊ ငဖားကျေးရွာတွေကိုဖြတ်ပြီး နတ်မြောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်ကစပြီး နတ်မြောင်းကျေးရွာ အရှေ့ဘက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ PDF (Kalay) ၊ CDF (KKG)၊ CNDF ၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲများဖြင့် ထိတွေ့ကာ မိနစ် ၃၀ ဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က နတ်မြောင်းကျေးရွာအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်ကြပါတယ်။ လက်နက်ကြီးများဟာ နတ်မြောင်းကျေးရွာ အောင်မြေရာပြည့်ဘုန်းတော်ကြီးကျောင်းအတွင်းသို ကျရောက်ခဲ့ရာ ကျောင်းတွင်ခိုလှုံနေတဲ့ အပြစ်မဲ့ပြည်သူ ၃ ဦးကို ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ CDF (KKG) တပ်ဖွဲဝင်ရဲဘော် Johan ထက်နိုင်ဇော် ကျဆုံးသွားပါတယ်။ လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်တဲ့ နတ်မြောင်းရွာသားပြည်သူ ၁ ဦးကိုလည်း ရွာရဲ့အရှေ့ဘက် အုတ်ဖိုနားမှာ ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီးသေဆုံးပါတယ်။

ဆက်လက်ပြီး ဒီကနေ့ မတ် ၉ ရက်မနက်ပိုင်းတွင် နတ်မြောင်းရွာကနေ မြောက်ဘက်ကိုဆက်လက်စစ်ကြောင်းထိုးလာရာ အင်းစိန်ရွာဟောင်းကိုဖြတ်ပြီး PDF (Kalay) တပ်ဖွဲများက လက်နက်ကြီးများဖြင့် အဝေးမှလှမ်းပစ်ခတ်ခဲ့ပြီး နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ထိုမာကျေးရွာ အုတ်ဖိုအနီးတွင် မိနစ် ၂၀ ခန့် အနီးကပ်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

နှစ်ရက်ကြာတိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးတဲ့စာရင်းမသိရပါ။

Zawgyi

ကေလးၿမိဳ႕ေတာင္ပိုင္းတြင္ ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားရာ CDF-KKG ၁ ဦးနဲ႔ စစ္ေဘးေရွာင္ ၂ဦးက်ဆုံး

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ ေတာင္ပိုင္း နတ္ေခ်ာင္းေက်း႐ြာနဲ႔ ထိုမာေက်း႐ြာအနီးတြင္ မတ္လ ၈ ရက္နဲ႔ ၉ ရက္တြင္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားရာ CDF-KKG ၁ ဦးက်ဆုံးၿပီး စစ္ေဘးေရွာင္ျပည္သူ ၂ ဦးေသဆုံးတယ္လို႔ CDF-Kalay ကထုတ္ျပန္ထားပါတယ္။

ရန္ႀကီးေအာင္ေက်း႐ြာမွာတပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ အင္အား ၇၀ ခန႔္ဟာ မတ္လ ၆ ရက္က သံဖို၊ ေခြႀကိမ္၊ ဟဲလုပ္၊ ေအာင္ခ်မ္းသာ၊ ငဖားေက်း႐ြာေတြကိုျဖတ္ၿပီး နတ္ေျမာင္း႐ြာဘက္သို႔ စစ္ေၾကာင္းထိုးလာခဲ့ပါတယ္။

မတ္လ ၈ ရက္ေန႔ ေန႔လည္ ၂ နာရီဝန္းက်င္ကစၿပီး နတ္ေျမာင္းေက်း႐ြာ အေရွ႕ဘက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ PDF (Kalay) ၊ CDF (KKG)၊ CNDF ၊ RKDF နဲ႔ ပ.က.ဖ ပူးေပါင္းတပ္ဖြဲမ်ားျဖင့္ ထိေတြ႕ကာ မိနစ္ ၃၀ ဝန္းက်င္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီတပ္ဖြဲ႕က နတ္ေျမာင္းေက်း႐ြာအတြင္း လက္နက္ႀကီးနဲ႔ပစ္ခတ္ၾကပါတယ္။ လက္နက္ႀကီးမ်ားဟာ နတ္ေျမာင္းေက်း႐ြာ ေအာင္ေျမရာျပည့္ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းသို က်ေရာက္ခဲ့ရာ ေက်ာင္းတြင္ခိုလႈံေနတဲ့ အျပစ္မဲ့ျပည္သူ ၃ ဦးကို ထိမွန္ခဲ့ၿပီး ၁ ဦး ေသဆုံးခဲ့ရပါတယ္။

အဲ့ဒီတိုက္ပြဲမွာ CDF (KKG) တပ္ဖြဲဝင္ရဲေဘာ္ Johan ထက္ႏိုင္ေဇာ္ က်ဆုံးသြားပါတယ္။ လမ္းျပအျဖစ္ဖမ္းဆီးေခၚေဆာင္တဲ့ နတ္ေျမာင္း႐ြာသားျပည္သူ ၁ ဦးကိုလည္း ႐ြာရဲ႕အေရွ႕ဘက္ အုတ္ဖိုနားမွာ ဦးေခါင္းကို ေသနတ္နဲ႔ပစ္ၿပီးေသဆုံးပါတယ္။

ဆက္လက္ၿပီး ဒီကေန႔ မတ္ ၉ ရက္မနက္ပိုင္းတြင္ နတ္ေျမာင္း႐ြာကေန ေျမာက္ဘက္ကိုဆက္လက္စစ္ေၾကာင္းထိုးလာရာ အင္းစိန္႐ြာေဟာင္းကိုျဖတ္ၿပီး PDF (Kalay) တပ္ဖြဲမ်ားက လက္နက္ႀကီးမ်ားျဖင့္ အေဝးမွလွမ္းပစ္ခတ္ခဲ့ၿပီး ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ခန႔္တြင္ ထိုမာေက်း႐ြာ အုတ္ဖိုအနီးတြင္ မိနစ္ ၂၀ ခန႔္ အနီးကပ္တိုက္ပြဲ ထပ္မံျဖစ္ပြားခဲ့ပါတယ္။

ႏွစ္ရက္ၾကာတိုက္ပြဲမွာ အာဏာသိမ္းစစ္ေကာင္စီဘက္က ေသဆုံးတဲ့စာရင္းမသိရပါ။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်