ကလေးမြို့တွင်း မီးအားမြင့်စက် ၃ လုံးက ကြိုးတွေဖြတ်ခိုးခံရလို့ ရပ်ကွက်အချို့ မီးပျက်

ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက် ကျမ်းစာကျောင်းအနီက မီးအားမြင့်စက် ၃ လုံးက မြေစိုက်ကြိုးများကို ဇွန်လ ၂၃ ရက်က ဖြတ်ခိုးခံရလို့ မြို့အနောက်တောင်ဘက်ရပ်ကွက်မှာ ဒီမနက်ထိ မီးပျက်နေတယ်လို့သတင်းရရှိပါတယ်။

ယမန်နေ့ ဇွန်လ ၂၃ ရက် မနက် ၆ နာရီက စတင်မီးပျက်သွားတာဖြစ်ပြီး မီးပျက်တဲ့ချိန်မှာ ကြိုးကို ဖြတ်တောက်ခိုးယူသွားတာဖြစ်ပါတယ်။

တာဝန်ရှိသူတစ်ဦးက “ရပ်ကွက်နေပြည်သူများကိုလဲ အကူညီလေးတောင်းခံချင်ပါတယ်။ မိမိရပ်ကွက်မှာရှိတဲ့ Transformerတွေကို တတ်နိုင်သလောက်လေး စောင့်ကြည့်ကြစေလိုပါတယ်။ မီးရချိန်နည်းရတဲ့အထဲ မလိုအပ်ပဲ မီးပျက်မှာစိုးလို့ပါ။ Transformer တစ်လုံးရဲ့ ပြန်လည်ပြင်ဆင်စရိတ်ကလဲ တော်တော်ကြီးပါတယ်။ ဌာနမှာ ရှိတာလေးတွေနဲ့ အတတ်နိုင်ဆုံးပြန်လည်ပြင်ဆင်နေရတာပါ။ ကြေးကြိုးတွေဖြစ်တဲ့အတွက် ကုန်ကျစရိတ်တော်တော်ကြီးပါတယ်” လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်။

အရင် ၃ ပတ်လောက်ကလည်း စိန်မေရီကျောင်းနားမှာရှိ မီးအားမြင့်စက်က ကြိုးခိုးယူစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မီးကြိုးတွေခိုးယူခံရမှုတွေရှိလာပြီး အခုနောက်ပိုင်း Transformer မှာတပ်ဆင်ထားတဲ့ မီးကြိုးတွေပါ ခိုးယူလာကြပါတယ်။

Zawgyi

ကေလးၿမိဳ႕တြင္း မီးအားျမင့္စက္ ၃ လုံးက ႀကိဳးေတြျဖတ္ခိုးခံရလို႔ ရပ္ကြက္အခ်ိဳ႕ မီးပ်က္

ကေလးၿမိဳ႕၊ အင္ဒိုင္းကုန္းရပ္ကြက္ က်မ္းစာေက်ာင္းအနီက မီးအားျမင့္စက္ ၃ လုံးက ေျမစိုက္ႀကိဳးမ်ားကို ဇြန္လ ၂၃ ရက္က ျဖတ္ခိုးခံရလို႔ ၿမိဳ႕အေနာက္ေတာင္ဘက္ရပ္ကြက္မွာ ဒီမနက္ထိ မီးပ်က္ေနတယ္လို႔သတင္းရရွိပါတယ္။

ယမန္ေန႔ ဇြန္လ ၂၃ ရက္ မနက္ ၆ နာရီက စတင္မီးပ်က္သြားတာျဖစ္ၿပီး မီးပ်က္တဲ့ခ်ိန္မွာ ႀကိဳးကို ျဖတ္ေတာက္ခိုးယူသြားတာျဖစ္ပါတယ္။

တာဝန္ရွိသူတစ္ဦးက “ရပ္ကြက္ေနျပည္သူမ်ားကိုလဲ အကူညီေလးေတာင္းခံခ်င္ပါတယ္။ မိမိရပ္ကြက္မွာရွိတဲ့ Transformerေတြကို တတ္ႏိုင္သေလာက္ေလး ေစာင့္ၾကည့္ၾကေစလိုပါတယ္။ မီးရခ်ိန္နည္းရတဲ့အထဲ မလိုအပ္ပဲ မီးပ်က္မွာစိုးလို႔ပါ။ Transformer တစ္လုံးရဲ႕ ျပန္လည္ျပင္ဆင္စရိတ္ကလဲ ေတာ္ေတာ္ႀကီးပါတယ္။ ဌာနမွာ ရွိတာေလးေတြနဲ႔ အတတ္ႏိုင္ဆုံးျပန္လည္ျပင္ဆင္ေနရတာပါ။ ေၾကးႀကိဳးေတြျဖစ္တဲ့အတြက္ ကုန္က်စရိတ္ေတာ္ေတာ္ႀကီးပါတယ္” လို႔ ၎လူမႈကြန္ယက္စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

အရင္ ၃ ပတ္ေလာက္ကလည္း စိန္ေမရီေက်ာင္းနားမွာရွိ မီးအားျမင့္စက္က ႀကိဳးခိုးယူစဥ္ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံးသြားတယ္လို႔သတင္းရရွိပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ မီးၾကိဳးေတြခိုးယူခံရမႈေတြရွိလာၿပီး အခုေနာက္ပို္င္း Transformer မွာတပ္ဆင္ထားတဲ့ မီးၾကိဳးေတြပါ ခိုးယူလာၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်