ကလေးမြို့တွင်း လူနေအိမ် ၂ လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲ တစ်ဦးဒဏ်ရာရ

ကလေးမြို့ တာဟန်းရပ်ကွက်နဲ့ တောင်ဖီလာရပ်ကွက်တွင် ယမန်နေ့ မေ ၂၅ ရက် ည ၈ နာရီကျော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်လို့ လူနေအိမ် ၂ လုံးပေါ်ကျရောက်ပေါက်ကွဲသွားတယ်လို့ သတင်းရရှိပါတယ်။

ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားတာမရှိပဲ ၎င်းတို့ဘာသာ ရမ်းကားပြီး ရပ်ကွက်ထဲကို လက်နက်ကြီး ပစ်ခတ်တာဖြစ်ကြောင်းသိရပါတယ်။

တာဟန်းရပ်ကွက် ဒိုးဝိုင်းချောင်းရွာနားဘက် (Tahan F Group) က Pi.Lalhmachhuani အိမ် မီးဖိုချောင်ပေါ်မှာ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး အိမ်ထဲကအမျိုးသားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိပါတယ်။

မီးဖိုချောင်ထဲက ပစ္စည်းတွေအတော်များများပျက်စီးသွားပြီး အိမ်သွပ်မိုးတွေလည်း ပျက်စီးသွားပါတယ်။

နောက်တစ်လုံးကတော့ တောင်ဖီလာရပ်ကွက် အ.ထ.က ၂ ကျောင်းနားတွင်ကျရောက်ပေါက်ကွဲတယ်လို့သိရပြီး အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။

Zawgyi

ကေလးၿမိဳ႕တြင္း လူေနအိမ္ ၂ လံုးေပၚ လက္နက္ၾကီးက်ေရာက္ေပါက္ကြဲ တစ္ဦးဒဏ္ရာရ

ကေလးၿမိဳ႕ တာဟန္းရပ္ကြက္နဲ႔ ေတာင္ဖီလာရပ္ကြက္တြင္ ယမန္ေန႔ ေမ ၂၅ ရက္ ည ၈ နာရီေက်ာ္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္က လက္နက္ၾကီးရမ္းသမ္းပစ္ခတ္လုိ႔ လူေနအိမ္ ၂ လံုးေပၚက်ေရာက္ေပါက္ကြဲသြားတယ္လုိ႔ သတင္းရရွိပါတယ္။

ယမန္ေန႔ညက တိုက္ပြဲျဖစ္ပြားတာမရွိပဲ ၄င္းတို႔ဘာသာ ရမ္းကားၿပီး ရပ္ကြက္ထဲကို လက္နက္ၾကီး ပစ္ခတ္တာျဖစ္ေၾကာင္းသိရပါတယ္။

တာဟန္းရပ္ကြက္ ဒိုးဝိုင္းေခ်ာင္းရြာနားဘက္ (Tahan F Group) က Pi.Lalhmachhuani အိမ္ မီးဖိုေခ်ာင္ေပၚမွာ လက္နက္ၾကီးတစ္လံုး က်ေရာက္ေပါက္ကြဲၿပီး အိမ္ထဲကအမ်ဳိးသားတစ္ဦး ဒဏ္ရာအနည္းငယ္ရရွိပါတယ္။

မီးဖိုေခ်ာင္ထဲက ပစၥည္းေတြအေတာ္မ်ားမ်ားပ်က္စီးသြားၿပီး အိမ္သြပ္မိုးေတြလည္း ပ်က္စီးသြားပါတယ္။

ေနာက္တစ္လံုးကေတာ့ ေတာင္ဖီလာရပ္ကြက္ အ.ထ.က ၂ ေက်ာင္းနားတြင္က်ေရာက္ေပါက္ကြဲတယ္လုိ႔သိရၿပီး အေသးစိတ္စံုစမ္းေနဆဲျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်