ကလေးမြို့တွင် ကိုဗစ်ကာကွယ်ဆေးကို လူ (၆၀၀) ထံ မနက်ဖြန် စထိုးမယ်

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို မနက်ဖြန် မနက် ၉ နာရီခွဲကစပြီး ပြည်သူ့ဆေးရုံနဲ့ စုပေါင်းရုံးတွင် လူ (၆၀၀)ထံ စတင်ထိုးနှံမယ်လို့ သတင်းရရှိပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မနက်ဖြန်ကစပြီး တစ်နိုင်ငံလုံး စတင်ထိုးနှံဖို့ အစိုးရကဆောင်ရွက်ထားပါတယ်။

ကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးမှူးအဆင့်-၁ ကာကွယ်ဆေးခန်းတာဝန်ခံ ဦးမျိုးမြင့်က “ပြည်သူ့ဆေးရုံမှာဆိုရင် ဆေးရုံဝန်ထမ်းတွေထိုးမယ်။ လူ ၅၀၀ လောက်ရှိမယ်။ ဒီမှာကတော့ စုံပေါင်းရုံး ခန်းမှမှ ကျန်းမာရေးနှင့် အားကစားဦးစီးဌာနက ဝန်ထမ်း ၁၀၀ လောက် တစ်ပြိုင်ထဲဆေးထိုးကြမယ်” လို့ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဦးစားပေးလူအုပ်စုအလိုက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟို/တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ပထမအသုတ်အနေနဲ့ စတင်ထိုးနှံမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ကမ္ဘာမှာ အမျိုးအစား (၁၀)ခုကျော်ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှာအသုံးပြုမယ့် British၊ အိန္ဒိယနိုင်ငံ နဲ့ နိုင်ငံအတော်များများမှာအသုံးပြုတဲ့ Serum Institute of India က ‘Covishield’ လို့ခေါ်တဲ့ဆေးကို ထိုးနှံမှာဖြစ်ပါတယ်။

ယင်းဆေးဟာ ပထမအကြိမ်ထိုးနှံပြီး ၄ ပတ်အကြာမှာ ဒုတိယအကြိမ်ဆေးထိုးပြီး ၂ ပတ်ကြာမှပဲ ရောဂါကာကွယ်ပေးနိုင်တဲ့ တပ်သားတွေ ကျနော်တို့ကိုယ်ထဲမှာရှိလာမှာဖြစ်တယ်။ ဒီကာကွယ်ဆေးရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းကတော့ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရှိပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ ကိုဗစ္ကာကြယ္ေဆးကို လူ (၆၀၀) ထံ မနက္ျဖန္ စထုိးမယ္

ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး COVISHIELD ကို မနက္ျဖန္ မနက္ ၉ နာရီခြဲကစၿပီး ျပည္သူ႔ေဆးရံုနဲ႔ စုေပါင္းရံုးတြင္ လူ (၆၀၀)ထံ စတင္ထိုးႏွံမယ္လို႔ သတင္းရရွိပါတယ္။

ကုိဗစ္-၁၉ ကာကြယ္ေဆးကို မနက္ျဖန္ကစၿပီး တစ္ႏိုင္ငံလံုး စတင္ထုိးႏွံဖို႔ အစိုးရကေဆာင္ရြက္ထားပါတယ္။

ကေလးၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးမွဴးအဆင့္-၁ ကာကြယ္ေဆးခန္းတာဝန္ခံ ဦးမ်ဳိးျမင့္က “ျပည္သူ႔ေဆးရံုမွာဆိုရင္ ေဆးရံုဝန္ထမ္းေတြထုိးမယ္။ လူ ၅၀၀ ေလာက္ရွိမယ္။ ဒီမွာကေတာ့ စံုေပါင္းရံုး ခန္းမွမွ က်န္းမာေရးႏွင့္ အားကစားဦးစီးဌာနက ဝန္ထမ္း ၁၀၀ ေလာက္ တစ္ျပိဳင္ထဲေဆးထိုးၾကမယ္” လို႔ေျပာပါတယ္။

ကိုဗစ္-၁၉ ကာကြယ္ေဆးဟာ ဦးစားေပးလူအုပ္စုအလိုက္ ေရွ႕တန္းမွတာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား၊ ေစတနာ့ဝန္ထမ္းမ်ား၊ ဗဟို/တုိင္းေဒသၾကီးနဲ႔ ျပည္နယ္အစိုးရအဖြဲ႔ဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ပထမအသုတ္အေနနဲ႔ စတင္ထိုးႏွံမွာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကာကြယ္ေဆးဟာ ကမာၻမွာ အမ်ဳိးအစား (၁၀)ခုေက်ာ္ထုတ္လုပ္ထားၿပီး ျမန္မာႏိုင္ငံမွာအသံုးျပဳမယ့္ British၊ အိႏိၵယႏိုင္ငံ နဲ႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာအသံုးျပဳတဲ့ Serum Institute of India က ‘Covishield’ လို႔ေခၚတဲ့ေဆးကို ထုိးႏွံမွာျဖစ္ပါတယ္။

ယင္းေဆးဟာ ပထမအၾကိမ္ထုိးႏွံၿပီး ၄ ပတ္အၾကာမွာ ဒုတိယအႀကိမ္ေဆးထိုးၿပီး ၂ ပတ္ၾကာမွပဲ ေရာဂါကာကြယ္ေပးႏိုင္တဲ့ တပ္သားေတြ က်ေနာ္တို႔ကိုယ္ထဲမွာရွိလာမွာျဖစ္တယ္။ ဒီကာကြယ္ေဆးရဲ႕ ေရာဂါ ကာကြယ္ႏိုင္စြမ္းကေတာ့ ၅၀ ရာခိုင္ႏႈန္းမွ ၇၀ ရာခုိင္ႏႈန္းအထိရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်