ကလေးမြို့တွင် ညမထွက်ရအချိန် မီးကြိုးသူခိုးများသောင်းကျန်းနေ

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကလေးမြို့တွင် ညအချိန်မှာ မီးကြိုးပျောက်ဆုံးမှုများရှိနေတယ်လို့သတင်းရရှိပါတယ်။

တပ်ဦးသီတာရပ်ကွက်က မီးကြိုးခိုးခံရတဲ့ အိမ်ရှင်တစ်ယောက်က “အခုတလော ကလေးမြို့မှာ မီးကြိုးခိုးတအားပေါနေပါတယ်။ မနေ့ည(ဇူလိုင် ၂၇ မနက် ၁ နာရီ) ကျွန်တော်တို့ အိမ် မီးကြိုးခိုးတဲ့နှစ်ယောက်တော့ CCTV မှာ ဖမ်းမိလိုက်ပါတယ်။ လူတော့မမိဘူးဗျာ။ ကျွန်တော်တို့အိမ်ကတော့ ပေ၃၀၀ပါ။ မီးကြိုးတစ်ခွေ ကိုက်၁၀၀တောင် အိမ်ထိမိရုံပါပဲ အဲ့လောက်ရှည်တာကို ခိုးသွားတာပါ။ ၇၀၄၄ အမျိုးအစား မီးကြိုးတစ်ခွေ ၁သိန်း၅သောင်းကျော်တယ်။ နှစ်ခွေကုန်သွားတယ်။ မီးလိုင်းသမားခေါ်ပြီ တပ်ခ ၁သောင်းလောက်ပေါ့။ ၄သိန်းလောက်တော့ ကုန်တာပေါ့။ ကျွန်တော်တို့သတိထားမိလိုက်တာ မနက် ၄နာရီမှသတိထားမိတယ်။ ညအချိန်မတော် ကိုယ့်အိမ်တစ်ခုတည်း မီးပျက်ရင် အိမ်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်စေချင်တယ်” လို့ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “သူခိုးကတော့ ပတ်ခိုးနေတာ။ တိုင်ပေါ်တက် မီးကြိုးဖျက်ပြီးကိုခိုးတာ။ ခိုးတဲ့ စကေးက တအားကျွမ်းတယ်ဗျ။ ဒီမနက်လည်း ဗိုလ်ချုပ်လမ်းဘက်မှာ မီးကြိုးပျောက်တဲ့သတင်းတက်လာတယ်။ ဒီမနက်မှာ ၅အိမ်လောက်ပါသွားတယ်။ အရင် ရက်တွေဆို သဇင်ရပ်ကွက်ထဲမှာလည်း ပျောက်တယ်။ ဒီလို မီးကြိုးပျောက်တာက ဇွန်လတုန်းက ချမ်းမြေ့အောင်စည်ရပ်ကွက်ဘက်မှာလည်း ပျောက်ဖူးတယ်” လို့ပြောပါတယ်။

(Zawgyi)
ကေလးၿမိဳ႕တြင္ ညမထြက္ရအခ်ိန္ မီးႀကိဳးသူခိုးမ်ားေသာင္းက်န္းေန

ညမထြက္ရအမိန႔္ထုတ္ျပန္ထားတဲ့ ကေလးၿမိဳ႕တြင္ ညအခ်ိန္မွာ မီးႀကိဳးေပ်ာက္ဆုံးမႈမ်ားရွိေနတယ္လို႔သတင္းရရွိပါတယ္။

တပ္ဦးသီတာရပ္ကြက္က မီးႀကိဳးခိုးခံရတဲ့ အိမ္ရွင္တစ္ေယာက္က “အခုတေလာ ကေလးၿမိဳ႕မွာ မီးႀကိဳးခိုးတအားေပါေနပါတယ္။ မေန႔ည(ဇူလိုင္ ၂၇ မနက္ ၁ နာရီ) ကြၽန္ေတာ္တို႔ အိမ္ မီးႀကိဳးခိုးတဲ့ႏွစ္ေယာက္ေတာ့ CCTV မွာ ဖမ္းမိလိုက္ပါတယ္။ လူေတာ့မမိဘူးဗ်ာ။ ကြၽန္ေတာ္တို႔အိမ္ကေတာ့ ေပ၃၀၀ပါ။ မီးႀကိဳးတစ္ေခြ ကိုက္၁၀၀ေတာင္ အိမ္ထိမိ႐ုံပါပဲ အဲ့ေလာက္ရွည္တာကို ခိုးသြားတာပါ။ ၇၀၄၄ အမ်ိဳးအစား မီးႀကိဳးတစ္ေခြ ၁သိန္း၅ေသာင္းေက်ာ္တယ္။ ႏွစ္ေခြကုန္သြားတယ္။ မီးလိုင္းသမားေခၚၿပီ တပ္ခ ၁ေသာင္းေလာက္ေပါ့။ ၄သိန္းေလာက္ေတာ့ ကုန္တာေပါ့။ ကြၽန္ေတာ္တို႔သတိထားမိလိုက္တာ မနက္ ၄နာရီမွသတိထားမိတယ္။ ညအခ်ိန္မေတာ္ ကိုယ့္အိမ္တစ္ခုတည္း မီးပ်က္ရင္ အိမ္ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ေစခ်င္တယ္” လို႔ေျပာပါတယ္။

ဆက္လက္ၿပီး ၎က “သူခိုးကေတာ့ ပတ္ခိုးေနတာ။ တိုင္ေပၚတက္ မီးႀကိဳးဖ်က္ၿပီးကိုခိုးတာ။ ခိုးတဲ့ စေကးက တအားကြၽမ္းတယ္ဗ်။ ဒီမနက္လည္း ဗိုလ္ခ်ဳပ္လမ္းဘက္မွာ မီးႀကိဳးေပ်ာက္တဲ့သတင္းတက္လာတယ္။ ဒီမနက္မွာ ၅အိမ္ေလာက္ပါသြားတယ္။ အရင္ ရက္ေတြဆို သဇင္ရပ္ကြက္ထဲမွာလည္း ေပ်ာက္တယ္။ ဒီလို မီးႀကိဳးေပ်ာက္တာက ဇြန္လတုန္းက ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ဘက္မွာလည္း ေပ်ာက္ဖူးတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်