ကလေးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ (၁၂) ဦးထပ်တွေ့

ကလေးမြို့နယ်တွင် နိုဝင်ဘာလ (၂၅)ရက်မှာ ကိုဗစ်လူနာသစ် (၁၂)ဦးတွေ့ရှိတယ်လို့ ကလေးကိုဗစ်သတင်းနှင့်ပြန်ကြားရေးကော်မတီ ကထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Positive လူနာများရဲ့ Closed Contact တွေကို ဓါတ်ခွဲနမူနာရယူပြီး Test Kit ဖြင့် စစ်ဆေးသူ (33) ဦးအနက် (၁၂)ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိတာဖြစ်တယ်။

ပိုးတွေ့လူနာတွေဟာ မြို့သာရပ်ကွက၊ စံပြကျေးရွာ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်မှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။
လက်ရှိကလေးမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ စောင့်ကြည့်ကုသလျက်ရှိသူ (၃၈)ဦးရှိပါတယ်။

(Zawgyi)





 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်