ကလေးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၁၈ ဦးတွေ့ရှိ

ကလေးမြို့ကနေ ခရီးသွားမယ့်ပြည်သူတွေ ယနေ့ ဇန်နဝါရီလ ၂၆ ရက်ကစပြီး ပြည်သူ့ဆေးရုံတွင်(မနက် ၁၀-၁ နာရီထိ) ကိုဗစ်ရောဂါအရင်စစ်ဆေးရာ ၁၈ ဦးထံ ကိုဗစ်ရောဂါပိုးတွေ့ရှိတယ်လို့ ပြည်သူ့ဆေးရုံတာဝန်ရှိသူတွေထံမှသတင်းရရှိပါတယ်။

တမူးမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရမှုများပြားလာတာကြောင့် ကလေးမြို့မှာလည်း ခရီးသွားမယ့်ပြည်သူတွေကို အခုလို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ အရင်စစ်ဆေးခိုင်းတာဖြစ်ပါတယ်။

ကလေးမြို့ ပြည်သူ့ဆေးရုံတာဝန်ရှိသူတစ်ဦးက “အရင်ကလေည်း စစ်ဆေးပါတယ်။ ဒါပေမယ့် တစ်ရက်မှာ လူ ၂၀ လောက်ပဲစစ်တော့ ၂ ယောက်လောက်ပဲတွေ့တယ်။ အခုတော့ တမနက်မှာပဲ လူ ၅၀၉ ယောက်စစ်ဆေးလိုက်တော့ ၁၈ ယောက်တွေ့တယ်။ စစ်ဆေးခကတော့ သီးသန့်မကောက်ဘဲ အလှူငွေသဘောနဲ့ထည့်ခိုင်းတယ်။ တိုင်းရင်းဆေးရုံမှာလည်းပုံမှန်စစ်တယ်။ ပိုးတွေ့လူနာ ၁၈ ယောက်ရဲ့ နမူနာတွေလည်း Omicron ရှိ၊ မရှိ ရန်ကုန်ကိုပို့ထားတယ်။ ပိုးတွေ့လူနာအများစုက ရောဂါလက္ခဏာတစုံတရာမပြဘူး။ သာမန်နှာစေးချောင်းဆိုးလောက်ပဲဖြစ်ကြတယ်” လို့ပြောပါတယ်။

ပိုးတွေ့လူနာတွေကို ပြည်သူ့ဆေးရုံမှာ ၁၀ ရက်ကြာ Q ဝင်ရမှာဖြစ်တယ်လို့သိရတယ်။ ကလေးမြို့ဟာ မနှစ်က ကိုဗစ် တတိယလှိုင်းဖြစ်ပွားစဉ် တစ်လမှာ လူ ၅၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Zawgyi

ကေလးၿမိဳ႕တြင္ တစ္ရက္အတြင္း ကိုဗစ္လူနာ ၁၈ ဦးေတြ႔ရွိ

ကေလးၿမိဳ႕ကေန ခရီးသြားမယ့္ျပည္သူေတြ ယေန႔ ဇန္နဝါရီလ ၂၆ ရက္ကစၿပီး ျပည္သူ႔ေဆးရံုတြင္(မနက္ ၁၀-၁ နာရီထိ) ကိုဗစ္ေရာဂါအရင္စစ္ေဆးရာ ၁၈ ဦးထံ ကိုဗစ္ေရာဂါပိုးေတြ႔ရွိတယ္လုိ႔ ျပည္သူ႔ေဆးရံုတာဝန္ရွိသူေတြထံမွသတင္းရရွိပါတယ္။

တမူးၿမိဳ႕မွာ ကိုဗစ္ေရာဂါကူးစက္ခံရမႈမ်ားျပားလာတာေၾကာင့္ ကေလးၿမိဳ႕မွာလည္း ခရီးသြားမယ့္ျပည္သူေတြကို အခုလို ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ အရင္စစ္ေဆးခုိင္းတာျဖစ္ပါတယ္။

ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံတာဝန္ရွိသူတစ္ဦးက “အရင္ကေလည္း စစ္ေဆးပါတယ္။ ဒါေပမယ့္ တစ္ရက္မွာ လူ ၂၀ ေလာက္ပဲစစ္ေတာ့ ၂ ေယာက္ေလာက္ပဲေတြ႔တယ္။ အခုေတာ့ တမနက္မွာပဲ လူ ၅၀၉ ေယာက္စစ္ေဆးလိုက္ေတာ့ ၁၈ ေယာက္ေတြ႕တယ္။ စစ္ေဆးခကေတာ့ သီးသန႔္မေကာက္ဘဲ အလႉေငြသေဘာနဲ႔ထည့္ခိုင္းတယ္။ တိုင္းရင္းေဆး႐ုံမွာလည္းပုံမွန္စစ္တယ္။ ပိုးေတြ႕လူနာ ၁၈ ေယာက္ရဲ့ နမူနာေတြလည္း Omicron ရွိ၊ မရွိ ရန္ကုန္ကိုပို႔ထားတယ္။ ပိုးေတြ႕လူနာအမ်ားစုက ေရာဂါလကၡဏာတစုံတရာမျပဘူး။ သာမန္ႏွာေစးေခ်ာင္းဆိုးေလာက္ပဲျဖစ္ၾကတယ္” လို႔ေျပာပါတယ္။

ပိုးေတြ႕လူနာေတြကို ျပည္သူ႔ေဆး႐ုံမွာ ၁၀ ရက္ၾကာ Q ဝင္ရမွာျဖစ္တယ္လို႔သိရတယ္။ ကေလးၿမိဳ႕ဟာ မႏွစ္က ကိုဗစ္ တတိယလႈိင္းျဖစ္ပြားစဥ္ တစ္လမွာ လူ ၅၀၀ ေက်ာ္ေသဆံုးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်