ကလေးမြို့တွင် လူငယ် ၁ ယောက်ဖမ်းဆီးခံရပြီး ဒီမနက် အလောင်းလာယူဖို့မိသားစုထံအကြောင်းကြား

ကလေးမြို့နယ် လက်ပံချောင်းရွာအနီး သာယာကုန်းရွာသား ၁ ယောက်ကို မနေ့ ဇူလိုင် (၃၀) မနက် ၁၁ နာရီလောက်က ကလေးမြို့အဝင်တွင် ၎င်းတို့စီးနှင်လာတဲ့ အိမ်စီးကားပေါ် လက်နက်တွေ့လို့ဖမ်းဆီးခံရကာ ဒီမနက်တွင် အလောင်းလာယူဖို့ မိသားစုထံ စကစ ကအကြောင်းကြားလာတယ်လို့သတင်းရရှိပါတယ်။

သေဆုံးဟာ ဦးလန်ခန့်ထန် (၂၉နှစ်)ဆိုသူဖြစ်ပြီး ကလေး ၂ ယောက်ရဲ့ဖခင်တွေဖြစ်ပါတယ်။ သူနဲ့အတူတူ ကားစီးလာတဲ့ တရွာတည်းနေ ဦးလာလ်ကိမ်း (၂၉နှစ်) နဲ့ ကားသမားလည်းဖမ်းဆီးခံရပါတယ်။

၎င်းတို့ဟာ တရုတ်နိုင်ငံတွင် မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ပြီး အဆင်မပြေလို့ မူဆယ်- မန္တလေး ကနေတဆင့် ကလေးမြို့သို့ပြန်လာကြတာဖြစ်တယ်။

ဒေသခံ တစ်ဦးက “ကလေးမြို့အဝင်မှာ ကားချိန်းရမှာကွာရတင်းဝင်ရမယ်ဆိုပီးဆင်းတဲ့ချိန်သူစီးတဲ့ကားကိုစစ်တော့လက်နက်ပါလာတယ်။ ပိုင်ရှင်ဘယ်သူလည်းမေးတော့ ကားသမားက အဲ့ကလေးကိုပြတယ်။ ချက်ချင်းမေးမြန်းချင်းမရှိအမျိူးတွေကိုအကြောင်းမကြားဖမ်းသွားပြီး ဒီမနက်၉နာရီ အလောင်းယူခိုင်းတယ်။ ကားသမားလည်းလွတ်လမ်းမရှိလောက်ဘူးတဲ့။ ကားသမားက တမူးထိသွားရမယ့်အိမ်စီးကားတဲ့။ လက်တွေခြေတွေလည်းကြိုးနေတာတဲ့။ ခေါင်းလည်းဟက်တက်ကွဲတဲ့”လို့ပြောပါတယ်။

ခုချိန်မှာ ဦးလန်ခန့်ထန်ရဲ့ အလောင်းသာထုတ်ယူလို့ရပြီးရွာမှာ ချက်ချင်းသဂြိုလ်ကြပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ လူငယ္ ၁ ေယာက္ဖမ္းဆီးခံရၿပီး ဒီမနက္ အေလာင္းလာယူဖို႔မိသားစုထံအေၾကာင္းၾကား

ကေလးၿမိဳ႕နယ္ လက္ပံေခ်ာင္း႐ြာအနီး သာယာကုန္း႐ြာသား ၁ ေယာက္ကို မေန႔ ဇူလိုင္ (၃၀) မနက္ ၁၁ နာရီေလာက္က ကေလးၿမိဳ႕အဝင္တြင္ ၎တို႔စီးႏွင္လာတဲ့ အိမ္စီးကားေပၚ လက္နက္ေတြ႕လို႔ဖမ္းဆီးခံရကာ ဒီမနက္တြင္ အေလာင္းလာယူဖို႔ မိသားစုထံ စကစ ကအေၾကာင္းၾကားလာတယ္လို႔သတင္းရရွိပါတယ္။

ေသဆံုးဟာ ဦးလန္ခန႔္ထန္ (၂၉ႏွစ္)ဆိုသူျဖစ္ၿပီး ကေလး ၂ ေယာက္ရဲ႕ဖခင္ေတြျဖစ္ပါတယ္။ သူနဲ႔အတူတူ ကားစီးလာတဲ့ တရြာတည္းေန ဦးလာလ္ကိမ္း (၂၉ႏွစ္) နဲ႔ ကားသမားလည္းဖမ္းဆီးခံရပါတယ္။

၎တို႔ဟာ တ႐ုတ္ႏိုင္ငံတြင္ မိသားစုစားဝတ္ေနေရးအတြက္ အလုပ္လုပ္ၿပီး အဆင္မေျပလို႔ မူဆယ္- မႏၲေလး ကေနတဆင့္ ကေလးၿမိဳ႕သို႔ျပန္လာၾကတာျဖစ္တယ္။

ေဒသခံ တစ္ဦးက “ကေလးၿမိဳ႕အဝင္မွာ ကားခ်ိန္းရမွာကြာရတင္းဝင္ရမယ္ဆိုပီးဆင္းတဲ့ခ်ိန္သူစီးတဲ့ကားကိုစစ္ေတာ့လက္နက္ပါလာတယ္။ ပိုင္ရွင္ဘယ္သူလည္းေမးေတာ့ ကားသမားက အဲ့ကေလးကိုျပတယ္။ ခ်က္ခ်င္းေမးျမန္းခ်င္းမရွိအမ်ိဴးေတြကိုအေၾကာင္းမၾကားဖမ္းသြားၿပီး ဒီမနက္၉နာရီ အေလာင္းယူခုိင္းတယ္။ ကားသမားလည္းလြတ္လမ္းမရွိေလာက္ဘူးတဲ့။ ကားသမားက တမူးထိသြားရမယ့္အိမ္စီးကားတဲ့။ လက္ေတြေျခေတြလည္းႀကိဳးေနတာတဲ့။ ေခါင္းလည္းဟက္တက္ကြဲတဲ့”လို႔ေျပာပါတယ္။

ခုခ်ိန္မွာ ဦးလန္ခန္႔ထန္ရဲ႕ အေလာင္းသာထုတ္ယူလို႔ရၿပီးရြာမွာ ခ်က္ခ်င္းသၿဂိဳလ္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်