ကလေးမြို့တွင် လူနေအိမ် တစ်လုံး မီးလောင်

ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်ကဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားတယ်လို့ ကလေးပြန်၊ဆက်ကဖော်ပြထားပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အရန်မီးသတ်အင်အား ၁၀ ဦးနဲ့ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်ပါတယ်။

မီးလောင်မှုဖြစ်ပွားသော နေအိမ်မှာ အပေါ်ထပ် ပျဉ်ခင်းပျဉ်ကာ၊ အောက်ထပ် အုတ်ညှပ်နံရံကပ်နှင့် သွပ်မိုးအိမ် နှစ်ထပ် အဆောက်အအုံဖြစ်ပြီး မိသားစုဝင် ခုနစ်ဦးနေထိုင်ကြကာ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပါ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်