ကလေးမြို့တွင် အမည်မသိ ပိုင်ရှင်မဲ့ အလောင်း ၂ လောင်း ကောက်ရ

ကလေးမြို့၊ အောင်မရင်္ဂလာရပ်ကွက် ပေါ်လာမြောင်းထဲတွင် ဒီနေ့ (မေ ၁၅)တွင်အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်းကောက်ရတယ်လို့ Chinlung Today ကဖော်ပြထားပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “အလောင်းတွေက ဦးခေါင်းနဲ့ ရင်အုံမှာ ဓားဒဏ်ရာတွေရှိတယ်။ သေဆုံးတာက ၂ ရက်ကနေ ၃ ရက်လောက်ကြာမယ့်ပုံပေါ်တယ်။ တော်တော်လေး ပျက်စီးနေတော့ ဒီညနေ ၄ နာရီမှာ ဒိုးဝိုင်းချောင်းသုဿာန်မှာ ကာယကံမေတ္တာနာရေးကူညီမှုအသင်းတွေက သဂြိုလ်လိုက်တယ်။ ဘယ်သူဘယ်ဝါလဲဆိုတာမသိရသေးဘူး။ သူတို့ဆွေမျိုးသားချင်းတွေလည်း မသိရသေးဘူး” လို့ပြောပါတယ်။

အလောင်း ၂ လောင်းဟာ အသက် (၄၀) အရွယ် နဲ့ အသက် (၂၀) အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်