ကလေးမြို့တွင် ၄ တန်းကျောင်းသူတစ်ဦးကို ပထွေးဖြစ်သူရဲ့သူငယ်ချင်းက အဓမ္မပြုကျင့်မှုဖြစ်ပွား

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၀)တွင်နေထိုင်တဲ့ အသက်(၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ၎င်းရဲ့ ပထွေးဖြစ်သူရဲ့သူငယ်ချင်းတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုကာ နိုဝင်ဘာလ (၁၁)ရက်က ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့တယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်က ဒေါ်…. (၅၀ နှစ်)ဟာ ပထမအိမ်ထောင်အမျိုးသားနဲ့ ကလေး ၂ ယောက်ရပြီးကွဲသွားပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က အသက် (၃၀)အရွယ်အမျိုးသားနဲ့နောက်အိမ်ထောင်ကျပြီး တာဟန်းရပ်ကွက် နယ်မြေ (၁၀)တွင် အတူတူနေထိုင်ကြပါတယ်။ ဒေါ်…. (၅၀ နှစ်)ယောကျ်ားရဲ့သူငယ်ချင်း (၂၈ နှစ်)က ၎င်းတို့အိမ်တွင်အရက်သေစာသောက်စားပြီးညအိပ်လေ့ရှိပါတယ်။ တစ်နေ့ ဒေါ်….. (၅၀ နှစ်)ဟာ အိမ်အောက်တွင်ထမင်းချက်နေစဉ် သမီးငယ်က အိမ်ပေါ်တွင် အစ်မငိုနေတယ်လို့ပြောကာ ထမင်းချက်နေချိန်ဖြစ်တာ ချက်ချင်းသွားမကြည့်နိုင်ပေ အနည်းငယ်ကြာမှာ အိမ်ပေါ်ထပ်သို့သွားရာ အသက် (၁၀)နှစ်အရွယ် သမီးလေးဟာ အင်္ကျီဗလာနဲ့ငိုယိုနေတာကိုသွားတွေ့ပြီး အကျိုးအကြောင်းမေးမြန်းပေမယ့် ပြန်မပြောပါ။ သမီးအငယ်မရဲ့ပြောပြချက်ကြောင့် မိခင်ကိုယ်တိုင်က နိုဝင်ဘာလ(၁၁)ရက်တွင် ကလေးမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပါတယ်။

ယင်းအမှုကိုပါဝင်ဆောင်ရွက်ပေးနေတဲ့ ဒိမ်းဒီအမျိုးသမီးများအဖွဲ့ရဲ့ ဥက္ကဌ ဒေါ်မာလ်စောမ်မီးက “သမီးအငယ်က သူ့အစ်မနဲ့စကားများတဲ့ချိန်မှာ မုဒိမ်းကျင့်ခံရတဲ့လူဆိုပြီးပြောတယ်။ သမီးအငယ်က သူ့အစ်မစော်ကားခံရပုံတွေကိုအကုန်လုံးပြောပြတယ်။ အဲ့ဒီကောင်ကလည်း လစ်ရင်လစ်သလို ကောင်မလေးရဲ့နို့ကိုကိုင်တတ်တယ်။ သူ့အမေလည်း နောက်ယောကျ်ားရဲ့သူငယ်ချင်းဆိုတော့ အမှုမဖွင့်ရဲဘူး။ သူ့ယောကျ်ားက သူ့ကိုကွဲမှာဆိုးလို့တဲ့။ ဘယ်လိုအမှုဖွင့်ရမှာလည်းမသိဘူး။ ပိုက်ဆံလည်းမရှိဘူး။ ပြီးတော့ သူ့ယောကျ်ားသဘောမတူရင် အမှုမဖွင့်နိုင်ဘူးလို့ပြောတယ်။ သူ့ယောကျ်ားအလုပ်လုပ်တဲ့နေရာမှာသွားပြီး တကယ်ဖြစ်တယ်ဆိုရင် ဥပဒေအတိုင်းပဲသွားမယ်ဆိုပြီးပြောလိုက်တယ်။ အဲ့ဒါကြောင့် သူ့ကလေးကိုလည်း လက်ပံချောင်းနားက ရွာမှာပို့လိုက်တာ။ ကလေးကိုညတွင်းချင်းပြန်ခေါ်ခိုင်းတယ်။ ရဲစခန်းရောက်တော့ သမီးအငယ် (၇)နှစ်ကလေးက ဖြစ်ကြောင်းကုန်စဉ်ကိုပြောပြတယ်။ ခိုင်းတဲ့အတိုင်းပဲလုပ်ရမယ်။ ဘာမှပြန်မပြောရဘူးဆိုပြီး ပြုကျင့်တဲ့သူကပြောတယ်တဲ့။ ပြုကျင့်တဲ့သူကိုလည်း အဲ့ညမှာပဲ ရဲတွေကဖမ်းထားတယ်” လို့ပြောပါတယ်။

တယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်